သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-11
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင် ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီ ယားက ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ အောက်တိုဘာ ၉ ရက်နေ့က အမျိုးအမည်မသိရတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ တိုက်ခိုက်မှုရဲ့ အကျိူး သက်ရောက်မှုအဖြစ် အစိုးရလုံခြုံရေး အဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် အထူးစိုးရိမ် ပူပန်ကြောင်း ပြောကြားရင်း ရခိုင်ပြည်နယ်ရှိ ဘာသာမတူ လူမျိုးကွဲပြားတဲ့ ဒေသခံ ပြည်သူလူထုအနေနဲ့ အခုအချိန်မှာ အသိုင်းအဝန်းတခုက တခြားတခုအပေါ် ပစ်မှတ်ထား ရန်ရှာမှုတွေကို ရှောင်ကျဉ်ပြီး အတတ်နိုင်ဆုံး သည်းခံကြ ပါလို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2016-10-11
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ်က ဘိန်းဖြတ်စခန်းကို တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ တာဟာ NCA စာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။
2016-10-11
ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်မှာ ဆိုင်ကယ်တွေ မောင်းနှင်နိုင်မယ့်နေရာတွေ ကန့်သတ်ပေးဖို့နဲ့ လိုက်နာမှုမရှိရင် ထိထိရောက်ရောက် အရေးယူပေးဖို့ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒီနေ့ အဆိုတင်သွင်းခဲ့ပါတယ်။
2016-10-11
ကယားပြည်နယ် ဘောလခဲမြို့နယ်မှာ ရှိတဲ့ စောလုံကျေးရွာအုပ်စုအတွင်းက ပွန်ချောင်းမှာ တည်ဆောက်မယ့် အထက်ဟော်ခမ်း ရေအား လျှပ်စစ်စက်ရုံစီမံကိန်းအတွက် စမ်းသပ်တိုင်းတာနေတာတွေ ကို ရပ်တန့်ဖို့နဲ့စီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ တစ်ထောင်ကျော်က ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2016-10-11
ရှမ်းပြည်နယ် တောင်ကြီးမြို့အခြေစိုက် ပအိုဝ်းတိုင်းရင်းသားဘာသာနဲ့ ထုတ်ဝေတဲ့ ခမ်းသားငေါဝ်းဂျာနယ် အယ်ဒီတာချုပ်နဲ့ အယ်ဒီတာတစ်ဦးကို ပင်လောင်းမြို့နယ် တရားရုံးက အသရေဖျက်မှုနဲ့ ဒဏ်ငွေ ကျပ် ၃ သောင်းစီပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက် ပါတယ်။
2016-10-11
မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာအနီးမှာရှိတဲ့ Long Life Aggregate Mining ကုမ္ပဏီဟာ ကျောက်ထုတ်လုပ်ခွင့် သက်တမ်းကုန်ဆုံးနေပေမယ့် ကျောက်တွေ ဆက်လက် ထုတ်နေတာကြောင့် ကျောက်မိုင်းရပ်တန့်ပေးဖို့နဲ့ ခွင့်ပြု ချက်မရှိဘဲ ကျောက်ထုတ်လုပ်နေတာကို အရေးယူပေး ဖို့ ဒေသခံ ၆၀၀ ကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2016-10-11
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်မှာ နယ်ခြားစောင့် လုံခြုံရေးရဲစခန်းတွေ အကြမ်းဖက် တိုက် ခိုက်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ရဟတ်ယာဉ် ၅ စီးနဲ့ အဲဒီဒေသတစ်ခု လုံးမှာ စစ်တပ်အင်အားတွေ တိုးမြှင့်နေတယ်လို့ စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် လှမြင့်စိုးက ပြောပါတယ်။
2016-10-11
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ အကျဉ်းသားတွေက ထောင်ပိုင်ကို အလိုမရှိကြောင်း ဒီနေ့မနက်က ဆန္ဒပြခဲ့ကြ ပါတယ်။
2016-10-10
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲကို ဝင်ရောက်ပြီး ရဲစခန်း သုံးခုကို စီးနင်းတိုက် ခိုက်သွားသူတွေဟာ RSO အဖွဲ့အပါအဝင် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်က ဝင်ရောက်လာတဲ့ အကြမ်းဖက် သမားတွေ ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး BGB ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် အာဇစ်အာမန်က ငြင်းဆို လိုက်ပါတယ်။
2016-10-10
လက်ရှိတည်ဆဲဥပဒေအချို့ ပြင်ဆင်ရေး ဆွဲရေးအပါအဝင် ဥပဒေပေါင်း ၂၀ ခန့် ကို အမြန်ပြဌာန်းပေးဖို့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတချို့က ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာ သုံးသပ်ဆန်းစစ်ရေးကော်မရှင် ကို တိုက်တွန်းလိုက်ပါတယ်။
2016-10-10
ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပေါင်း စည်းရာမှာပါဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ALD ပါတီဝင်ဟောင်းတွေက ANP ကနေခွဲထွက်ပြီး သီးခြားပါတီသစ်တစ်ခုတည်ထောင်ရပ် တည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-10-10
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ် ဖွဲ့တွေအကြား လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပါအဝင် စစ်ရေးပဋိပက္ခတွေ ရပ်တန့်ကြဖို့ ဖားကန့်မြို့မှာ ကချင်တိုင်းရင်းသားတွေ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2016-10-10
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်ပြည် ယူနန်ပြည်နယ်ကို သွယ်တန်း ထားတဲ့ ရေနံပိုက်လိုင်းအတွက် တရုတ်ပြည်ထဲမှာ ဆောက်လုပ်ပြီးစီးသွားတဲ့ ရေနံချက်စက်ရုံ ကြီး စတင်လည်ပတ်ရေးဟာ အခွန်ကိစ္စကြောင့် မဖွင့်လှစ် နိုင်ဘဲ နှောင့်နှေးနေရပြီလို့ သိရပါတယ်။
2016-10-10
တပ်မတော်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIOနဲ့ တခြားတိုင်းရင်းသားအဖွဲ့တွေကို ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပေးဖို့ ဒီကနေ့ မနက် ၁၀ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန် ရုံးရှေ့မှာ ထိုင်းနိုင်ငံမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေ စုပေါင်းပြီး ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။
2016-10-10
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မနေ့က နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ ရတဲ့ကိစ္စကြောင့် မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်မှာရှိတဲ့ အခြေခံပညာစာသင်ကျောင်း အားလုံးကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်း က ပြောပါ တယ်။