သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-09
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ရဲစခန်း သုံးခုကို အောက်တိုဘာလ ၉ ရက် ဒီနေ့မနက်က အကြမ်းဖက်စီးနင်းခံရမှုမှာ အကြမ်းဖက် တိုက်ခိုက် သူ ၈ ဦးကို အသေရမိပြီး ရဲတပ်ဖွဲ့ ဝင် ၉ ဦးကျဆုံး၊ ၅ ဦးဒဏ်ရာရ ကာ ၁ ဦးပျောက် ဆုံးနေကြောင်းနဲ့ ရဲတပ်ဖွဲ့ဘက်က လက်နက်မျိုးစုံ ၅၁ ပါသွား ပြီး ကျည်ဆံမျိုးစုံ တစ်သောင်းကျော် ပျောက်ဆုံးခဲ့တယ်လို့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။
2016-10-09
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်နဲ့ မြန်မာနိုင် ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က တာဝန်ရှိသူ ၃ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။
2016-10-09
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ လက်နက်ခဲယမ်းတွေ၊ ဝ တပ်ဖွဲ့တံဆိပ်ပါ ပစ္စည်းတွေနဲ့ အတူ အမျိုးသား ၃ ဦးကို ဖမ်းဆီးမိပြီး အဲဒီထဲ က ၂ ဦးဟာ ဝ တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ တပ်မတော် ပိုင် မြဝတီသတင်းစာက သတင်းထုတ်ပြန်တာဟာ မဟုတ်မှန်ကြောင်း UWSA ဝ တပ်ဖွဲ့ဘက်က ငြင်းဆိုလိုက် ပါတယ်။
2016-10-09
ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာကို မလိုလားကြောင်း ပြသနေတာဖြစ်ပြီး ငြိမ်းချမ်းရေးကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က မနေ့က သဘောထားကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
2016-10-09
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်၊ ငခူရ နယ်ခြားစောင့်ရဲကင်းစခန်းနဲ့ ရသေ့တောင် မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်း စတဲ့ စခန်း ၃ခုမှာ ဒီနေ့ မနက်က အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖဲ့ွဝင် ၅ ဦးသေဆုံး ပြီး လက်နက်ပေါင်း ၆၀ ကျော် သိမ်းယူခံလိုက်ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
2016-10-09
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ကသူရေး သားတဲ့ "ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု" စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-10-09
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်၊ ငခူရ နယ်ခြားစောင့်ရဲကင်စခန်းနဲ့ ရသေ့တောင်မြို့နယ်မှာရှိတဲ့ ကိုးတန်ကောက် နယ်ခြားစောင့် ရဲကင်းစခန်း ၃ ခုကို ဒီနေ့ မနက်အစောပိုင်း ၂ နာရီဝန်း ကျင်လောက်က မွတ်စလင် လက်နက်ကိုင်တွေက တချိန်တည်းမှာ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ပါတယ်။
2016-10-08
လက်ရှိ ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေ မှာ အစိုးရတပ်မတော်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်း တာတွေမလုပ်ဘဲ ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2016-10-08
Aimstar ကုမ္ပဏီက ဦးဂျိုးဇက်က သတင်းမီဒီယာသမားတွေကို ပြောဆိုခဲ့ တာတွေနဲ့ပတ်သက်ပြီး ထိခိုက်နစ်နာ သူတွေအားလုံးကို တောင်းပန်ကြောင်း ဒီနေ့ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။
2016-10-08
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်း တိုက်နဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ ဆရာတော် ၅ ပါးအနေနဲ့ မဟန ဆရာတော်တွေကို မတောင်းပန်တဲ့ အတွက် ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောပါတယ်။
2016-10-08
မြန်မာနိုင်ငံမှာ မြေငလျင်တိုင်းတာ တဲ့ ခေတ်မီစက်ပစ္စည်းတွေ၊ မြေငလျင် တိုင်းတာရေး စခန်းတွေ နည်းနေတယ် လို့ မြန်မာနိုင်ငံမြေငလျင် ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော်က ပြောပါတယ်။
2016-10-08
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ သီတင်းကျွတ်လ တိုင်းနှစ်စဉ် ကျင်းပနေတဲ့ ဖောင်တော်ဦး ဘုရားပွဲ စတင်နေပြီး၊ ဒီနေ့မှာတော့ ဘုရားဆင်းတုတော် ဟာ ညောင်ရွှေမြို့ကို ဒေသစာရီ လှည့်လည်ကြွချီခဲ့ပါတယ်။
2016-10-08
နာဂဒေသမှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ ကို သွားရောက်ကုသခဲ့တဲ့ ကျန်းမာရေးမှူး ဦးသန့်ဇင်ဦး နဲ့ အငှားယာဉ်ပေါ်မှာ ကျန်ခဲ့တဲ့ စိန်ထုပ်ကို ပိုင်ရှင် ထံ ပြန်လည်အပ်နှံခဲ့တဲ့ အငှားယာဉ်မောင်း ဦးသန်း ထိုက်ကျော်တို့ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ချီးကျူးဂုဏ်ပြု လိုက်ပါတယ်။
2016-10-08
ရခိုင်အမျိုးသားပါတီ ANP တွင်းက အခြေ အနေတွေကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲကို နှစ်ပါတီပေါင်းစည်းရာမှာပါဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဝင်ဟောင်းတွေက ဒီနေ့ ကျောက်တော်မြို့မှာ စတင် ကျင်းပနေပါတယ်။
2016-10-08
တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ချိတ်ဆက် ပြီး ပြည်သူတွေရဲ့ အကျိုးကိုဆောင်ရွက်ဖို့ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဒီနေ့ ပဲခူးတိုင်းက NLD ပါတီဝင်တွေ၊ တိုင်းအစိုးရအဖွဲ့တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။