သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-25
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမှာ အခြေခံစစ်သင်တန်း လေးလာကြာ တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNF က အသက် ၂၀ ကျော်အရွယ် တပ်ဖွဲ့ဝင် ၂ ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရဲအုပ်ကျော်ဝင်းနိုင်က မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) နဲ့ အခုလ ၂၃ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။
2018-10-25
နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်ပြင်ဆင်တာတွေ လုပ်ဆောင်မယ့် UPDJC လုပ်ငန်း အဖွဲ့အစည်းအဝေးကို လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း မွန်အမျိုးသားပါတီ ကိုယ်စားလှယ် ဦးမင်းဇေယျာဦးက RFA ကို ပြောပါတယ်။
2018-10-25
SNLD ကျားခေါင်းပါတီ တည်ထောင်တာ နှစ် ၃၀ ပြည့်တဲ့ အခမ်းအနားကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းစာပေ ယဉ်ကျေးမှုအသင်းခန်းမမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2018-10-24
ရခိုင်ပြည်နယ်မှာ တပ်မတော်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က ကြားနာခဲ့ကြပါတယ်။
2018-10-24
ရခိုင်အရေး အပါအဝင် လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး Ms. Yanghee Leeနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ FFM ဥက္ကဋ္ဌ Marzuki Darusman တို့က မနေ့ကကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ တင်ပြခဲ့ကြပါတယ်။
2018-10-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ်က မဲဆန္ဒနယ်ကို သတိထားစောင့်ကြည့်ရမယ်လို့ ပါတီဗဟို သုတေသနအဖွဲ့က ပြောလိုက်ပါတယ်။
2018-10-24
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်က စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ၃ ယောက်ဟာ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့က ဖမ်းဆီစစ်ဆေးနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောပါတယ်။
2018-10-24
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တပ်ဖွဲ့ဝင်တွေဟာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်တွေ အခြေစိုက်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ် မြို့နယ် ကဒူးကြီးဒေသကို ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေမဖြစ်ရအောင် ညှိနှိုင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2018-10-24
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မုံးရင်ကျေးရွာတဝိုက်မှာ အောက်တိုဘာလ ၂၂ ရက်နေ့ ကစပြီး ရှမ်းပြည်တပ်မတော် SSPP/SSA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းစစ်ကြောင်းနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ စစ်ရေးတင်း မာနေပြီး ဒီနေ့မနက်က လက်နက်ကြီးပစ်ခတ်သံတွေ ကြားရတယ်လို့ မုံးရင်ကျေးရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။
2018-10-24
ထိုင်းနိုင်ငံမှာ ယာဉ်မတော်တဆဖြစ်ပြီး မီးလောင်သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေထဲက ၂ ယောက်နဲ့ အရေးပေါ်ဆေးကုနေရသူတွေထဲက ၂ ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ သတင်း အချက်လက် မရသေးသလို မိသားစုနဲ့လည်း အဆက်သွယ်မရသေးဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။
2018-10-24
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေကြတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေရဲ့ အိမ်ပြန်ခရီး လုံခြုံစိတ်ချရစေဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန် တို့ ဒီလကုန်မှာ မြန်မာအစိုးရနဲ့ သွားရောက် ပြောဆိုဆွေးနွေးကြမှာ ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆာအိဖူဒင် အဗ္ဗဒူလာ က ပြောလိုက်ပါတယ်။
2018-10-24
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကနေ မန္တလေးကို အမြန်ရထားလမ်းဖေါက်လုပ်ရေးအတွက် စတင်လေ့လာဖို့ သဘောတူညီချက်ကို မြန်မာနဲ့ တရုတ်အစိုးရကိုယ်စားလှယ်တွေ တနင်္လာနေ့က လက်မှတ်ထိုးခဲ့ပါတယ်။
2018-10-23
ဥရောပသမဂ္ဂ အီးယူက စေလွှတ်မယ့် အဖွဲ့နှစ်ဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီလကုန်မှာ လာရောက်ပြီး အစိုးရဌာနဆိုင်ရာတွေ၊ အထည်ချုပ်လုပ်ငန်းရှင်တွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တေ့ွဆုံမယ်လို့ သိရပါတယ်။
2018-10-23
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ANP ရဲ့ နာယက၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်တွေပါဝင်တဲ့ လူပေါင်း ၂၀ ဟာ ပါတီကနေ မနေ့က နုတ်ထွက်ခွင့်တင် လိုက်ပါတယ်။
2018-10-23
ရခိုင်မျိုးချစ်ပါတီ APP ကို ဖျက်သိမ်းပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီနဲ့ ပူးပေါင်းဖို့ နှစ်ဖက်ပါတီခေါင်းဆောင်တွေ ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။