သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-22
ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်း ပမယ့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ကို မြန်မာအစိုးရက ဖိတ်ကြားလိုက်ပါတယ်။
2015-12-22
မြန်မာနိုင်ငံက စစ်ဖြစ်ရာဒေသတွေမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတဲ့ အန္တရာယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတာတွေ အတော် များများ ကြုံနေရတယ်လို့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA က မနေ့က ပြောလိုက်ပါတယ်။
2015-12-22
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြခဲ့တဲ့ ရတနာပုံကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဉာဏ်လင်းထက်တို့ ဒီကနေ့ မန္တလေးမြို့ အိုးဘို အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာ ကြပါတယ်။
2015-12-22
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ အသုံးပြုဖို့ အကြီးစား စက်ယန္တရားတွေ တင်သွင်းနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းကို ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
2015-12-22
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်မှန်သေဆုံးခဲ့ တဲ့ ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာမှာရှိတဲ့ ဒေါ်ခင်ဝင်းရဲ့ နေ အိမ်ခြံဝန်းထဲမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-12-22
နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အပေါ် အကာအကွယ်ပေးမယ်ဆိုတဲ့ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်မှာ မနေ့က တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးမူကို ကိုင်စွဲ ထားပြီး နောက်ကြောင်းလှန်တာမျိုးတွေ လုပ်မှာမဟုတ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
2015-12-22
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် လွှတ်တော်အသစ်မှာ ဆွေးနွေးရမယ့် အကြောင်းအရာတွေ ကို တိုင်ပင်ဖို့အတွက် UNA အစည်းဝေးကို ဒီဇင်ဘာ လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
2015-12-21
မဲဆွယ်စည်းရုံးရေးကာလမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ပါဝင်ကူညီခဲ့ကြတဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီး က ဆိုက်ကားသမားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
2015-12-21
ကချင်ပြည်နယ် ဖားကန့်ဒေသ က ကျောက်စိမ်းတွင်းတွေအရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်ထောင်စု လွှတ်တော်မှာ အမြန်ဆုံးလာရောက်ရှင်းလင်းဖို့ ပြည်ထောင် စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ သဝဏ်လွှာတစ်ရပ် ဒီကနေ့ရက်စွဲနဲ့ ပေးပို့ လိုက်ပါတယ်။
2015-12-21
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ တင်သွင်းခဲ့ ပါတယ်။
2015-12-21
နိုင်ငံရေးပင်စင်လို့ခေါ်နိုင်တဲ့ တလုံးတခဲ တည်းချီးမြှင့်ငွေဟာ လွှတ်တော်ကိုယ်စား လှယ်တွေတင် မဟုတ်ဘဲ၊ နိုင်ငံတော်သမ္မ တ၊ ဒုတိယသမ္မတတွေ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေပါ ရယူခံစားကြတာလို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း က ပြောပါတယ်။
2015-12-21
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ မူးယစ်ဆေး ဝါး ထုတ်လုပ် ရောင်းချမှု ပြဿနာ ကြီးထွား လာတဲ့အတွက် ကိုလံဘီယာနိုင်ငံ အခြေ စိုက် Transnational Institute (TNI) အဖွဲ့နဲ့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO) တို့ပူးပေါင်းပြီး ငြိမ်းချမ်းရေး ပဋိပက္ခနဲ့ မူးယစ်ဆေးဝါးဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို တောင်ကြီးမြို့ Classic ခန်းမမှာ မနေ့က ပြုလုပ်ပါတယ်။
2015-12-20
မနေ့က ကျရောက်တဲ့ တအာင်း(ပလောင်) တိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးပွဲတော်နဲ့ မင်္ဂလာစည်တော် ပင့်ဆောင်ပွဲကို လားရှိုးမြို့အထက်မန်အိုင် နမ့်စန်ဘုန်တော်ကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်။
2015-12-20
စစ်ကိုင်းတိုင်း ကသာခရိုင်မော်လူးဒေသမှာ သက်ဆိုင်ရာက ကျောက်စိမ်းတူးဖော်ခွင့် တရားဝင်လုပ်ကွက် ၄၇ ကွက် သတ်မှတ်ပေးထားတဲ့အပြင် တရားမဝင် တူးဖော်နေကြတဲ့ ကုမ္ပဏီတွေဟာ နေ့စဉ် နေ့တိုင်း ကျောက်မိုင်းတွေခွဲပြီး စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြပါတယ်။
2015-12-20
နိုင်ငံရေးနယ်ပယ်မှာ ဦးဆောင်နိုင်မယ့် ရခိုင် တိုင်းရင်းသားအမျိုးသမီးတွေ ပိုမိုပါ ဝင်လာနိုင်ရေးအတွက် အရည်အသွေးမြှင့် တင်ဖို့ ကြိုးပမ်းမယ်လို့ ရခိုင်အမျိုးသမီး အစည်းအရုံးက ပြော ပါတယ်။