သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-22
လားရှိုး နည်းပညာတက္ကသိုလ်က အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုစိုင်းကျော်စောဟန်ကို လားရှိုး မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြနေချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2018-12-22
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မြေ (ရခိုင်ပြည်နယ်) မပါဝင်တဲ့အပေါ် စိုးရိမ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2018-12-22
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ နားမေတ္တာ ရပ်ကွက် ရတနာလမ်းမပေါ်မှာ ဒီနေ့မနက် ၆ နာရီခွဲခန့်က လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ အရာတစ်ခုပြုတ်ကျပြီး မြို့ပေါ်မှာ ဆူညံသံတွေကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2018-12-22
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပညာဝရွာနဲ့ မောင်နှမရွာကြားမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားနေကြောင်း ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေး ဖေစ့်ဘွတ်စာမျက်နှာက သတင်းထုတ်ပြန်ပါတယ်။
2018-12-21
ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ထောင်ချောက်ဆင်ဖမ်းခဲ့တာနဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ စိစစ်အရေးယူပေးဖို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။
2018-12-21
ပြည်ထဲဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကကို ပြည်ထောင်စုအစိုးရ အဖွဲ့ ဝန်ကြီးဌာနအောက်ကို မကြာခင်ရွှေ့ပြောင်းတော့မယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
2018-12-21
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မာရမာကြီးလူမျိုးတွေ တိုက်ခိုက်ခံ ရတာကြောင့် ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ ပတ်သက်ပြီး မောင်တောမြောက်ပိုင်း ရေတွင်းပြင်ကျေးရွာက သံသယရှိတဲ့ မိသားစုတစ်စုကို မနေ့နေ့လယ်ပိုင်းက နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2018-12-21
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက စစ်ဌာနချုပ် နယ်မြေ ၅ ခုမှာ ဒီနေ့ကနေ လာမယ့် ဧပြီလကုန်အထိ ၄ လကျော်ကြာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ကို ရပ်ဆိုင်းမှာဖြစ်ပြီး အပစ်ရပ်လက်မှတ်ရေးထိုးဖို့ ကျန်နေသေးတဲ့ အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-12-21
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် နမ့်ဟူးရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့တဲ့ RCSS /SSA အဖွဲ့က ကျူးလွန်တဲ့သူတွေကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ ထောင်နဲ့ချီတဲ့ ပအို့ဝ်တိုင်းရင်းသားတွေ ဒီနေ့မနက်က တောင်ကြီးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2018-12-21
စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီရဲ့ စီမံခန့်ခွဲမှုတွေ ပြုပြင်ပြောင်းလဲဖို့နဲ့ စည်ပင်သာယာရေးကော်မတီရဲ့ ဘတ်ဂျတ်ငွေသုံးစွဲမှု၊ အခွန်ကောက်ခံရရှိမှုနှုန်းတွေ ပွင့်လင်းမြင်သာစွာချပြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီနေ့ မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်ကြပါတယ်။
2018-12-21
ထိုင်းနိုင်ငံ ကချနပူရီခရိုင် ပကျွန်မြို့က ဒိုထိုင်းလန်း သစ်သီးစက်ရုံကနေ အလုပ်ဖြုတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၇၀ ကျော်အတွက် လျော်ကြေးငွေ ထိုင်းဘတ်တစ်သန်းကျော်ပေးဖို့ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တရားရုံးက မနေ့က အမိန့်ချလိုက်ပါတယ်။
2018-12-21
မြန်မာ့တပ်မတော်နဲ့နယ်ခြားစောင့်တပ်က အရာရှိ ၇ ယောက်ကို EU ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူတဲ့စာရင်းထဲထပ်မံထည့်သွင်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ ကချင်နဲ့ ရှမ်းပြည်နယ်က လူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်ထားတဲ့ အတွက် အရေးယူတာလို့ ဒီဇင်ဘာလ ၂၁ ရက် မနေ့ညကထုတ်ပြန်တဲ့ EU ကြေညာချက်မှာဖော်ပြထားပါတယ်။
2018-12-20
မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီ အထောက်အပံ့တွေဟာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ မျှော်မှန်းထားတဲ့ စံနှုန်းတွေအတိုင်း အောင်မြင်မှုမရှိဘူးလို့ သြစတြေးလျအစိုးရက ပြောလိုက်ပါတယ်။
2018-12-20
မြန်မာ့တပ်မတော်က ရိုဟင်ဂျာတွေကိုဆန့်ကျင်ပြီး ချေမှုန်းလုပ်ဆောင်ခဲ့တာကို လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုအဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်ဖို့ ဝန်ကြီး မိုက်ပွန်ပေးယိုကို ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန်နှစ်ပါတီက လွှတ်တော်အမတ်တွေ ဗုဒ္ဓဟူးနေ့ ညနေက ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။
2018-12-20
ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုအားလုံးချက်ချင်းရပ်ဖို့ ဗြိတိန်အစိုးရက မြန်မာအစိုးရကို လူသိရှင်ကြား တရားဝင်ထုတ်ဖော်ပြောဆိုဖို့ ဗြိတိန်အမတ်တွေက ပြောလိုက်ပါတယ်။