သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-26
တိုက်ပွဲမှာ ဖမ်းဆီးရမိထားတယ်ဆိုတဲ့ စစ်သည်များ လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC က ကြားဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိတယ်လို့ ပြောဆိုပါတယ်။
2018-05-26
အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အပြည်ပြည်ဆိုင်ရာ အနေနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်နေတဲ့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လက်ခံဖို့ ဝိုင်းဝန်းဖိအားပေးဖို့ တောင်းဆိုလိုက်သလို အိန္ဒိယဝန်ကြီးချုပ် နဟိန်ဒရာ မိုဒီကိုလည်း ပြောဆိုလိုက်ပါတယ်။
2018-05-25
ရခိုင်ပြည်နယ်မှာ တရုတ်အစိုးရပိုင် CITIC ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းက ဒေါ်လာ သန်း ၇၅ဝဝ ခန့် အကုန်အကျခံပြီး တည်ဆောက်နေတယ်ဆိုတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဟာ လုံးဝအဓိပါ္ပယ်မရှိတဲ့ စီမံကိန်းဖြစ်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ Sean Turnell ရှောင် တားနယ်လ် က ပြောကြားလိုက်ပါတယ်။
2018-05-25
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ရာထူးက နုတ်ထွက်သွားပါပြီ။ နိုင်ငံတော် သမ္မတရုံးရဲ့ မေလ ၂၅ ရက် မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဝန်ကြီး ဦးကျော်ဝင်းကို သူ့ရဲ့ သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ဖေါ်ပြထားပါတယ်။
2018-05-25
၂ဝ၁၆ စက်တင်ဘာလ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေအတွင်း အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေက ဟိန္ဒူဘာသာဝင် ၉၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း မေလ ၂၂ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်ချမ်းသာ ခွင့်အဖွဲ့ကြီး AI ရဲ့ အစီအရင်ခံစာပါ အချက်တွေကို ငြင်းဆိုကြောင်း ARSA အဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
2018-05-25
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ကကျင်းပခဲ့တဲ့ တရားပွဲ၊ ဟောပြောပွဲမှာ ပြောခဲ့တဲ့အချက်တွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေတာကြောင့် အမျိုးသားရေး ဟောပြောရေးသားနေသူ စာရေးဆရာမောင်သွေးချွန်ကို မင်းကင်းမြို့နယ် အုပ်ချုပ်ရေးရုံးက တရားလိုလုပ်ပြီး တရားစွဲထားတယ်လို့ သိရပါတယ်။
2018-05-25
ကချင်ပြည်နယ် ဗန်မော်မြို့နယ် စင်းခန်းအုပ်စု နန့်ခုတ်ရွာအနီးမှာ ရွှေတူးဖော်နေတဲ့ အီမောဘွမ် ကုမ္ပဏီက လုပ်ငန်းစာချုပ်ကို မလိုက်နာဘဲ မြေစာတွေကို စွန့်ပစ်တာကြောင့် သဘာဝပတ်ဝန်ကျင် ထိခိုက်နေတဲ့အခြေအနေကို ဗန်းမော်မြို့နယ် လွှတ်တေ်ာကိုယ်စားလှယ်က ပြည်နယ်လွှတ်တော် မှာ ဒီနေ့ မေးမြန်းခဲ့ပါတယ်။
2018-05-25
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ကနေ ရပ်စဲရေးအတွက် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးနေတဲ့ကိစ္စကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေးအဖွဲ့ချုပ်က ဒီနေ့ကန့်ကွက်လိုက်ပါတယ်။
2018-05-25
ရန်ကုန် တာမွေမြို့နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် တရားစွဲခံရတဲ့ တက်ကြွလှုပ်ရှားသူ ၁၇ ဦးထဲက ၁၅ ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့် ပုဒ်မ ၂၀ နဲ့ ဒီနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2018-05-25
မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်ပြီး မုဒိမ်းမှုကျုးလွန်ခံရသူဟာ အရွယ်ရောက်ပြီးသူဖြစ်စေ၊ အရွယ်မရောက်သေးသူဖြစ်စေ အမှုဟာ အသတ်ခံရတဲ့အထိဖြစ်ခဲ့ရင် တရားခံကို သေဒဏ်ချမှတ်နိုင်တယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး က ပြောပါတယ်။
2018-05-25
ရခိုင့်တပ်မတော် AA က တိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ အစိုးရတပ်မတော် က စစ်သား ၃ ယောက်ကို ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ AA အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ပြောပါတယ်။
2018-05-25
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က ဦးဆောင်ကျင်းပမယ့် အကြိမ် ၁၇၀ မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ မြန်မာနိုင်ငံက ILO ရဲ့စံနှုန်းတွေကို လိုက်နာကျင့်သုံးရေးနဲ့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတို့ကြား တွေ့ဆုံမှု အားကောင်းအောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေး တင်ပြသွားမယ်လို့ ညီလာခံတက်ရောက်မယ့် ကိုယ်စားလှယ်တွေက ပြောပါတယ်။
2018-05-25
အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်တွေက မြန်မာ့တပ်မတော်အပေါ် အရေးယူရေး အတွက် အမျိုးသားကာကွယ်ရေးဆိုင်ရာ ခွင့်ပြုမှုဥပဒေ (NDAA) မှာ တိုးချဲ့ပြဌာန်းချက်တွေ ထည့်သွင်းဖို့ အင်္ဂါနေ့က မဲခွဲဆုံးဖြတ်ခဲ့တာနဲ့ စပ်လျှဉ်းပြီး အောက်လွှတ်တော် နိုင်ငံခြားရေး ရာကော်မတီ ဥက္ကဋ္ဌ Ed Royce အက်ဒ်ရိုက်စ် က ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ကြိုဆို လိုက်ပါတယ်။
2018-05-25
မြန်မာနိုင်ငံမှာ သတင်းနဲ့စာနယ်ဇင်းလွတ်လပ်ခွင့် အန္တရာယ်ရှိနေပြီလို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီနေ့ ပြောဆိုကြပါတယ်။
2018-05-24
ကုလသမဂ္ဂ အတွင်းအရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်ဖြစ်သူ ဆွစ်ဇာလန် နိုင်ငံသံအမတ်ကြီးဟောင်း Ms. Christine Burgener ဟာ ဇွန်လထဲမှာ မြန်မာနိုင်ငံကို ခရီးလာ ရောက်ဖို့ရှိကြောင်း ကုလသမဂ္ဂ သတင်းရပ်ကွက်တွေကို ကိုးကားပြီး AFP သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။