သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-17
ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်တူးဖော်ရေးလုပ်ငန်းကြီးတွေကို ကျောက်တူးဖော်ထုတ်လုပ်ခွင့် နောက်နှစ်အထိ ပြည်နယ်အစိုးရက ရပ်နားလိုက်ပါတယ်။
2020-12-17
မန္တလေးတိုင်းထဲက ကျန်းမာရေးဝန်ကြီးဌာနက စိစစ်ထားပြီးသား စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်လို့ရတဲ့စနစ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့နောက်ပိုင်း စတင်ဖွင့်လှစ်ခွင့်ရတော့မှာဖြစ်ပါတယ်။
2020-12-17
နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ကို ပြစ်ဒဏ်ကနေပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပက ထောက်ခံလက်မှတ်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေကို စာပေးပို့တောင်းဆို ထားပါတယ်။
2020-12-16
ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စက်ရုံဝန်ထမ်းတစ်ဦး ပိုးတွေ့ရှိခဲ့တဲ့ Hakers အထည်ချုပ်စက်ရုံကို ပိုးသတ်ဆေးဖျန်းပြီး ဆက်လက်ဖွင့်လှစ်ခွင့်ပြုမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
2020-12-16
ကရင်ရိုးရာဒုံးအကကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ဖို့အတွက် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့တွေက ကြိုးစားနေပါတယ်။ UNESCO မှာ တင်သွင်းမှု အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ မျိုးဆက်သစ်လူငယ်တွေအတွက် လေ့လာသင်ယူစရာ မှတ်တမ်းစာအုပ်တစ်အုပ်အနေနဲ့ ဖြစ်လာမယ်လို့ ပညာရှင်တွေက ပြောပါတယ်။
2020-12-16
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာအုပ်စုအတွက် ကပ်ရောဂါကာလ အစိုးရက ထောက်ပံ့ထားတဲ့ငွေတွေကို ကျေးရွာအာဏာပိုင်တွေက အလွဲသုံးစားလုပ်ထားကြောင်း ဒေသခံတွေက နေပြည်တော်ရှိ နိုင်ငံအကြီးအကဲတွေဆီကို ဒီနေ့ စာပေးပို့ တိုင်ကြားလိုက်ပါတယ်။
2020-12-16
မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဟာ ပြည်တွင်းစစ်ကြောင့် ကလေးတွေ ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်နေပြီး မြန်မာနိုင်ငံမှာပြဌာန်းထားတဲ့ ကလေးသူငယ် အခွင့်အရေးဥပဒေထဲက ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်လို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုနေကြပါတယ်။
2020-12-16
ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ စီးပွားရေး နာလန်ထဖို့ မြန်မာနိုင်ငံအနေနဲ့ ကပ်ဘေးတုံ့ပြန်မှု အစီအမံတွေကို မြန်မြန်ဆန်ဆန် ချမှတ်အကောင်အထည် ဖော်ရတော့မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ရဲ့ ကိုယ်စားလှယ် Mariam Sherman က ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။
2020-12-16
တိုင်းရင်းသားတွေနေထိုင်တဲ့ ပြည်နယ်တွေက တိုင်းရင်းသားရိုးရာ အမွေအနှစ်နေရာတွေကို နိုင်ငံတော်အဆင့် စောင့်ရှောက်ခံအမွေအနှစ်အဖြစ် သတ်မှတ်ပေးတာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အထောက်အကူဖြစ်စေတယ်လို့ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးပညာရှင်တွေက အကြံပေးကြပါတယ်။
2020-12-16
ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေအိမ်မှာနေထိုင်ရေး အမိန့်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အမိန့်ညွှန်ကြားချက်တွေကြောင့် လနဲ့ချီပြီး အလုပ်တွေနားထားရတဲ့ ရန်ကုန်ုတိုင်းက ပြည်သူတွေဟာ ကန့်သတ်မှုတွေ အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေ ပိုပြီးကြုံလာကြပါတယ်။
2020-12-16
ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်၊ လွယ်တောင်ရွာကို တခြားနေရာရွှေ့ပြောင်းဖို့ RCSS/SSA တပ်ဖွဲ့က ဖိအားပေးခိုင်းနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မဟုတ်မှန်ဘူးလို့ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေး က RFAကို ပြောပါတယ်။
2020-12-16
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်က မိုင်းပတ်ကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စုသုံးခုမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က တပ်သားသစ်တောင်းခံနေလို့ ဒေသခံတွေ စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။
2020-12-15
ဧရာဝတီတိုင်း ချောင်းသာက မြေယာကိစ္စနစ်နာမှုအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူတွေ သဘာဝဘေးစီမံဥပဒေနဲ့ အမှုဖွင့်ခံနေရပါတယ်။
2020-12-15
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တပ်မတော်ရဲ့ တရားစွဲဆိုတာကို ခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်ကို မအူပင်မြို့နယ်တရားရုံးက ထောင်ဒဏ် ခြောက်လ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2020-12-15
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးက မြန်မာသူရကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကျလို့ ရေမဆေးရှာဖွေနေသူ သုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူးမိုင် ကပြောပါတယ်။