သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-17
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ရိုဟင်ဂျာအရေးလှုပ်ရှားသူ မောင်ဇာနည် ခေါ် ကိုဇာနည် ဂျပန်နိုင်ငံကို လာရောက်ဟောပြောမှာနဲ့ ပတ်သက်ပြီး လက်မှတ်ထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုကို အောက်တိုဘာ ၁၇ ရက်နေ့ မနေ့က စတင်ခဲ့ပါတယ်။
2018-10-17
ဒေါ်အောင်ဆန်းစုကြည်အပေါ် ချဲ့ကားပြီး အပြစ်ဆိုနေကြတဲ့အထဲ အမေရိကန် လွှတ်တော် ဝင်မပါသင့်ဘူးလို့ အထက်လွှတ်တော်အမတ် လူများစုခေါင်းဆောင် မစ်ချ် မက်ကောနဲ က ပြောလိုက်ပါတယ်။
2018-10-17
ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံခဲ့ရတဲ့ Eleven မီဒီယာက အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အကြီးတန်း အယ်ဒီတာ ကိုဖြိုးဝေတို့ ၃ ဦးကို တာမွေမြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2018-10-17
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က ဖမ်းဆီးထားတဲ့ နန့်ခမ်းမြို့ခံ နန်းမိုဟွမ်ကို ပြန်လွှတ်ပေးလိုက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ဌာနချုပ် ဝမ်ဟိုင်းမှာ မိသားစုတွေထံကို ဒီနေ့ပြန်လည် အပ်နှံလိုက်ပါတယ်။
2018-10-17
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းက မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးနားမှာ မြန်မာဘက်က ဈေးကော်မတီရုံး အဆောက်အဦးဆောက်နေတာကို တရုတ်နယ်ခြားစောင့် ရဲတွေက လက်နက်အပြည်အစုံကိုင်ပြီး ဒီနေ့မနက်ပိုင်းက လာရောက် တားမြစ် ကန့်ကွက်ခဲ့ပါတယ်။
2018-10-17
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တည်ထောင်ထားတဲ့ မူးယစ်ဆေးဝါးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်းကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ နေ့ချင်းပြန် သွားရောက်ဖွင့်လှစ်ဖို့ရှိတယ်လို့ အတိုင်ပင်ခံရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2018-10-17
လွှတ်တော်တွေမှာ ဆွေးနွေးတဲ့ အစီရင်ခံစာတွေ၊ လွှတ်တော်မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုပိုင်ခွင့် မရှိစေရဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌာန်းထားတဲ့ အဓိပ္ပာယ် အတိအကျကို ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက အခြေခံဥပဒေခုံရုံးကို တိုင်းလွှတ်တော် ဥက္ကဋ္ဌကနေတဆင့် ဒီနေ့ မေးမြန်းလိုက်ပါတယ်။
2018-10-17
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်ရှိပြီး ကချင်နှစ်ချင်းခရစ်ယာန်အသင်းတော် KBC အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ KBC ဥက္ကဋ္ဌ ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။
2018-10-17
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်နဲ့ ခြံဝင်းကို လေလံပစ်ပြီး ရတဲ့ငွေကို တစ်ယောက် တစ်ဝက်စီခွဲဝေဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေပြည်တော်က ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးမှာ အထူးအယူခံ ဒီနေ့ လျှောက်ထားလိုက်ပါတယ်။
2018-10-17
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အခုလအတွင်း ကြားနာပွဲပြုလုပ်ပေးဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ကိုးနိုင်ငံက မနေ့က တောင်းဆိုလိုက်ပါတယ်။
2018-10-16
ရွှေလင်ဗန်းစက်မှုဇုန် Great Wall ဖိနပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၇၆ ယောက်ဟာ မရမ်းကုန်းမြို့နယ်က တိုင်းအလုပ်သမားရုံးရှေ့မှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေချိန် တိုင်းအလုပ်သမားဝန်ကြီးက သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးမယ်လို့ ကတိပေးလိုက်တာကြောင့် သပိတ်စခန်းကို ရုပ်သိမ်းလိုက်ပါတယ်။
2018-10-16
တခုတည်းသောတပ်မတော် ထားရှိရေးကို ထိပ်သီးအစည်းအဝေး ဒုတိယနေ့ ဒီနေ့မှာ အပစ်ရပ်တိုင်းရင်းသားခေါင်းဆောင်တွေဘက်က လက်ခံလိုက်တယ်လို့ သိရပါတယ်။
2018-10-16
ဝန်ကြီးဌာနသုံးခုအတွက် ဒု-ဝန်ကြီးသုံးဦးနဲ့ နေပြည်တော်ကောင်စီဝင် တစ်ဦးကို ခန့်အပ်တာဝန်ပေးကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2018-10-16
အစိုးရနဲ့ အပစ်ရပ်အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး ဒုတိယနေ့မှာ နိုင်ငံရေးလမ်းပြမြေပုံချမှတ်တာ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းတာတွေ စတင်ဖို့ သဘောတူလိုက်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်လိုက်ပါတယ်။
2018-10-16
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ပုဒ်မ ၇ နဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး အမှုကို လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဗိုလ်တထောင် မြို့နယ် တရားရုံးမှာ အပြီးသတ် အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။