သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-09
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ဖြတ်ခံရမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမျှတတဲ့လမ်းကြောင်းအတိုင်း ဖြစ်စေရမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mark Kent က ပြောကြားလိုက်ပါတယ်။
2014-10-09
ထိုင်းအာဏာသိမ်း စစ်အစိုးရအဖွဲ့ အကြီးအကဲနဲ့ ဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီး ပရာယု ချန်အိုချားဟာ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ၂ ရက်ကြာ မြန် မာနိုင်ငံခရီးကို ဒီကနေ့ စတင်လိုက်ပါတယ်။
2014-10-09
မြန်မာအလုပ်သမား ၂ ဦးကို လူသတ်မှုနဲ့ အရေယူးအပြစ်ပေးဖို့ ထိုင်းရဲတပ်ဖွဲ့က အကြံပြုတိုက်တွန်းထားတဲ့ အစီရင်ခံစာကို ထိုင်းတောင်ပိုင်း ဆူရတ်သာနီ တရားသူကြီးအဖွဲ့ရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
2014-10-09
ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံနံဘေးမှာ ဖွင့်ထားတဲ့ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူတွေဟာ ရက် ၂ဝဝ ပြည့်အဖြစ် ဒီနေ့ အစာငတ်ခံဆန္ဒပြနေကြပါတယ်။
2014-10-09
အင်းစိန်ထောင်အတွင်း ၇ ရက်ကြာ အစာငတ်ခံဆန္ဒပြနေတဲ့ MDCF ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို သူ့မိသားစုဝင်တွေက ဒီနေ့ ထောင်ဝင် စာတွေ့ဖို့ သွားရောက်ခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေ က တွေ့ဆုံခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။
2014-10-08
ခါကာဘိုရာဇီတောင်အနီး ကယ်ဆယ်ရေးလုပ်ငန်း သွားလုပ်ရင်း အဆက်အသွယ်ပြတ်သွားတဲ့ ထိုင်းရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားသူ သုံးဦးအနက် နှစ်ယောက်ကိုသာ ပြန်တွေ့ ပြီး မြန်မာရဟတ်ယာဉ်မှူးကို ဆက်ရှာနေတယ်လို့ ထိုင်း ရဟတ်ယာဉ်ကုမ္ပဏီ အရာရှိတစ်ဦးက ပြောပါတယ်။
2014-10-08
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း စက်မှုဇုန်မှာရှိတဲ့ ‘လဝန်းမြန်မာ’ အထည်ချုပ်စက်ရုံမှာ လုပ်ခလစာမရကြသေးတဲ့ အလုပ် သမားတွေ မနေ့ ညပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
2014-10-08
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျုံပါချောင်းဝကျေးရွာမှာ လာမယ့် အောက်တိုဘာလ ၁ဝ ရက်နေ့ ကျင်းပမယ့် အထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း တက်ရောက်မှာဖြစ်တာကြောင့် တည်ခင်းဧည့်ခံဖို့အတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံအာဏာပိုင်တွေက ကျေးရွာသူကျေးရွာသားတွေထံ က ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
2014-10-08
ရန်ကုန်တိုင်းဒေသကြီးအတွင်း က မြေတစ်ပေပတ်လည်ဈေးနှုန်း ကို ပြည်တွင်းအခွန်များဦးစီးဌာန က အောက်တိုဘာလ ၇ ရက်နေ့မှာ ထပ်မံတိုးမြှင့်လိုက်ရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေက ပြောပါတယ်။
2014-10-08
ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံနံဘေးမှာ ဖွင့်ထားတဲ့ မိကျောင်းကန် သပိတ်စခန်း ရက် ၂ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြ သူတွေက မနက်ဖြန် ကြာသပတေးနေ့မှာ အစာငတ်ခံ ဆန္ဒပြကြမယ်လို့ သိရပါတယ်။
2014-10-08
ထိုင်းနိုင်ငံ လိပ်ကျွန်းက ဗြိတိန်ခရီးသွား စုံတွဲ သတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်ခဲ့ တယ်ဆိုတဲ့ နောက်ထပ် မြန်မာလူမျိုးတစ်ဦးကို မြန်မာကောင်စစ်ဝန် ဦးဆောင်တဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က ဒီနေ့ ဘော်ဖုရဲစခန်းမှာ တွေ့ ဆုံခွင့်ရခဲ့တယ်လို့ သိရပါတယ်။
2014-10-08
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထား တဲ့ မြန်မာအလုပ်သမား ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးရဲ့အမှုကို တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။
2014-10-08
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှု စစ်ဆေးရာ မှာ မြန်မာအလုပ်သမား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့ က နှိပ်စက်ညှင်းပန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ထိုင်းအစိုးရကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2014-10-07
ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံ ထားရတဲ့ လယ်ယာမြေတွေထဲ ဝင်ရောက် ထွန်ယက်မှုနဲ့ တရားစွဲခံထားရတဲ့ လယ်သမား ငါးဦးအမှုအတွက် ပြည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ သဲကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်တို့ကို သက်သေအဖြစ် စစ်ဆေးပေးဖို့ လယ်သမားတွေဖက်က တင်ပြတာကို သဲကုန်းမြို့နယ် တရားရုံးက ဒီနေ့ ပယ်ချခဲ့ပါတယ်။
2014-10-07
ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ဗြိတိသျှ ခရီးသွားနှစ်ယောက်ကိုသတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်အပေါ် ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ခြိမ်းခြောက်အကြပ်ကိုင် အနိုင် အထက်ပြုပြီး အဓမ္မ ဝန်ခံခိုင်းခဲ့တာမျိုးမရှိခဲ့ကြောင်း ထိုင်းရဲချုပ်က မနေ့က ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။