သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-24
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၊ ကူမင်းလမ်းသွယ်မှာ မနေ့ညနေက လက်လုပ်မိုင်း ပေါက်ကွဲခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2016-09-24
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းက တရားမဝင်အဆောက်အဦးတွေကို စိစစ်ဖို့ အတွက် ပြည်နယ် အဆင့်အစိုးရ အရာရှိတွေ ပါဝင်တဲ့ စီမံ ခန့်ခွဲရေးကော်မတီ ဖွဲ့စည်းထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က ပြောပါ တယ်။
2016-09-24
ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေက တရားမဝင် ဆောက်လုပ် ထားတဲ့ ဗလီတွေ အပါအဝင် အဆောက် အဦး ၃၀၀၀ ကျော်ကို ဖျက်သိမ်းဖို့ ရခိုင်ပြည်နယ် အစိုးရက စီစဉ်နေတာကို နိုင်ငံတကာက ရိုဟင်ဂျာ ၁၁ ဖွဲ့က ကြေညာ ချက်တစောင် မနေ့က ထုတ်ပြန်ပြီး ကန့်ကွက်ရှုံ့ချလိုက် ပါတယ်။
2016-09-24
ဂျပန်နဲ့ မြန်မာနိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ဂျပန် ကာကွယ်ရေး ဝန်ကြီး Tomomi Anada တိုမိုမီး အနားဒ တို့ စက်တင်ဘာ ၂၁ ရက်နေ့က သဘော တူညီခဲ့ကြောင်း အပတ်စဉ်ထုတ် ဂျိန်း ကာကွယ်ရေး စာစောင်မှာ မနေ့ က ဖေါ်ပြလိုက်ပါတယ်။
2016-09-23
ဥရောပနိုင်ငံများအဖွဲ့ EU က ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတိုးတက်မှုတွေ ကို ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ဂုဏ်ပြုတင်ပြခဲ့ပြီး ၁၅ နှစ်ခန့် ဆက်တိုက် တင်သွင်းလာခဲ့တဲ့ မြန်မာပြည် အပေါ် ပြစ်တင်ရှုံ့ချတဲ့ဆုံးဖြတ်ချက် ချမှတ်ရေး အဆိုကို အခုနှစ်မှာ EU အနေနဲ့ တင်ပြ တောင်းဆိုတော့မှာ မဟုတ်ကြောင်း သောကြာနေ့ မနေ့က ပြောကြားလိုက် ပါတယ်။
2016-09-23
ကျောက်တံတားမြို့နယ်မှာ အိမ်အကူမိန်း ကလေးငယ်များအား ညှဉ်းပန်း နှိပ်စက်ပြီး လုပ်ခလစာတွေ မပေးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အရေးယူ ဆောင်ရွက်နေတဲ့ ပြစ်မှုမှာ ပါဝင်ကျူးလွန်သူ ကိုရာဇာထွန်း၊ (၂၅)နှစ်ကို ၂၃ ရက် နေ့လည်မှာ ဖမ်းဆီးရ မိခဲ့လို့ ဆက်လက်အရေးယူနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-09-23
ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ဝန်ထမ်းတွေ လာဘ်စားရင် တိုက်ရိုက် တိုင်ကြားနိုင်ကြောင်းနဲ့ တိုင်ကြားမှု မှန်ကန်ပါရင် အရေးယူသွားမှာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အာကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်ပါ တယ်။
2016-09-23
ပြည်ပနိုင်ငံသားအဖြစ် ခံယူထား တဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံသား အဖြစ် ပြန်လည်လျှောက်ထားခွင့်ကို သတ်မှတ်လုပ်ငန်းစဉ်တွေနဲ့အညီ ခွင့်ပြုပေးနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
2016-09-23
ပြည်တွင်းစစ်တွေရပ်စဲပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ရဖို့ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
2016-09-23
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူး မြို့နယ် တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၃၁ အနီးမှာ အခုလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ သုံးရက်အတွင်း တရားမဝင် သစ်တန်ချိန် ရှစ်ရာနီးပါးကို ဖမ်းဆီးရမိခဲ့ပါတယ်။
2016-09-23
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ်၊ ကျူးကျော်နေထိုင်သူစာ ရင်းတွေ ကောက်ယူရာမှာ ပဏာမကောက်ယူထားတဲ့ စာရင်းတွေထက် အိမ်ထောင်စု ၁၀၀၀ ကျော် ပိုများလာ တယ်လို့ မြို့နယ်အုပ်ချုပ်ရေးက ပြောပါတယ်။
2016-09-23
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေ မနုတ်ထွက်မချင်း ကော်မရှင်ရုံးရှေ့ မှာ နေ့စဉ်ဆန္ဒပြဖို့နဲ့ ကော်မရှင်အဖွဲ့ဝင်တွေ နုတ်ထွက်ရေးအတွက် လက်မှတ်ရေးထိုးတောင်းဆိုဖို့ အရပ်ဘက်အဖွဲ့ အစည်းအချို့ စုပေါင်းပြီး ပြင်ဆင်နေပါတယ်။
2016-09-23
ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်နဲ့ လိုင်ဇာမြို့တွေ နားမှာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေ တို့ကြား အခုလ ၁၆ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေ ပါတယ်။
2016-09-23
တနင်္သာရီတိုင်းဒေသကြီးက မြို့နယ် ၄ ခု မှာ စက်တင်ဘာ ၅ ရက်ကနေ ၂၀ ရက်နေ့ အထိ ဆန္ဒအလျောက် မူးယစ်ဆေးဖြတ်သူ ၁၂၀ ကျော်ရှိပြီလို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါ တယ်။
2016-09-23
မြိုင်ကြီးငူဒေသမှာ ခိုလှုံနေရတဲ့ မဲသဝေါဒေသခံ စစ်ဘေးဒုက္ခ သည်တွေ နေရပ်ပြန်ရင် လုံခြုံဖို့အတွက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF က မိုင်းရှင်း လင်းရေး ဆောင်ရွက်နေတယ်လို့ နယ်ခြားစောင့်တပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။