သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-23
မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာသံတမန်တွေကို မောင်တောဒေသကို ပို့ဆောင်ပေးနိုင်ဖို့ စီစဉ်နေကြောင်း၊ မောင်တောဒေသအကြမ်းဖက်မှုမှာ ပါဝင်သူတွေကို အရေးယူနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
2017-09-23
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေးရေးနဲ့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် ဒီကနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုနေလင်းစိုး(ခေါ်) ကိုဖိုးစနေကို ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ နဲ့ ဆန္ဒထုတ်ဖော်နေချိန်မှာပဲ ဖမ်းဆီးခဲ့ပါတယ်။
2017-09-23
တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုတွေ ရှိတယ်လို့ TNLA က ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။
2017-09-23
သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးခဲ့တဲ့အပေါ်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိ၊ မရှိစိစစ်ပေးဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ လျှောက်ထားမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက စက်တင်ဘာလ ၂၁ ရက်နေ့က ပယ်ချလိုက်ပါတယ်။
2017-09-23
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဓာတ်ပုံသတင်းထောက် နှစ်ဦးကို အာမခံပေး လိုက်တယ်လို့ သူတို့နှစ်ဦးကို ကူညီပေးနေတဲ့ သတင်းထောက် မအက်စတာထုဆမ် က ပြောပါတယ်။
2017-09-23
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ဘဝမေ့နေကြပြီး ကိုယ်စားလှယ်တွေရဲ့လုပ်ငန်းတာဝန် မကျေပွန်တာတွေကို တွေ့နေရတယ်လို့ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။
2017-09-22
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မိချောင်းဈေးရွာမှာရှိတဲ့ ဗလီကြီးခြံဝန်းထဲမှာ ဒီနေ့မနက်က လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
2017-09-22
ကချင်ပြည်နယ်၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်းက ဧက ၉၀၀၀၀၀ နီးပါးရှိတဲ့ တိုးချဲ့နယ်မြေကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းနိုင်ရေးအတွက် အစိုးရက ဆောင်ရွက်နေတာကို ကန့်ကွက်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအပါအဝင် ပါတီလေးခုက ဒီကနေ့ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-09-22
အစိုးရရဲ့ လုပ်ငန်းတွေပိုပြီးတွင်ကျယ်စေဖို့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာနှစ် သတ်မှတ်ချက်ကို ပြောင်းလဲ သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်က ပြောပါတယ်။
2017-09-22
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် တကောင်း နီကယ်စက်ရုံက စွန့်ပစ်တဲ့ မြေနီတွေကြောင့် ပျက်စီးခဲ့ရတဲ့ မြေယာဧက ၄၅၀ ကျော်အတွက် လျော်ကြေးမပေးသေးလို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသ ကြီးနဲ့ မန္တလေးတိုင်းဒေသကြီးက ကျေးရွာ ၄ ခုက တောင်သူ ၁၅၀ လောက်က ဒီကနေ့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-09-22
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသက လူ ၅၅၀၀ ကျော်ရှိတဲ့ ဒုက္ခသည်စခန်းမှာ စားနပ် ရိက္ခာပြတ်နေပြီး ဒုက္ခသည်တွေအတွက် စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ဦးစောထွန်းက ပြောပါတယ်။
2017-09-22
ဖိအားတွေကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းတွေ ယိမ်းယိုင်မသွားဖို့လိုတယ်လို့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က မနေ့က ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြား ခဲ့ပါတယ်။
2017-09-22
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နဲ့ ကလေးဝမြို့နယ်တွေမှာ မြစ်သာမြစ်ရေ မြင့်တက်တာကြောင့် ကလေးမြို့က ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့လာသူအရေအတွက်ဟာ မနေ့ကအထိ ၁ သောင်းကျော်ရှိနေပြီလို့ တိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ပြောပါတယ်။
2017-09-21
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ သူတို့အပေါ် တန်ပြန်အကြမ်းဖက်တာတွေ ပေါ်ပေါက်လာမှာ စိုးရိမ်နေကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
2017-09-21
အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ဟာ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ဘုံရန်သူဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာရဲ့ နိုင်ငံရေးအကြံပေး ဟူစိန် အီမန်က ပြောလိုက်ပါတယ်။