သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-20
အမေရိကန်သမ္မတ အိုဘားမား က ကမ္ဘာ့ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ကာယကံရှင်နိုင်ငံတွေရဲ့ လိုလိုလားလား ပူးပေါင်းပါဝင်မှုဟာ အဓိကအခန်းက ပါဝင်တယ် လို့ မြန်မာနိုင်ငံနဲ့ ကျူးဘားနိုင်ငံတွေကို စံထား ပြောကြား လိုက်ပါတယ်။
2016-09-20
နိုင်ငံသားတစ်ဦးရဲ့ ဥပဒေနဲ့အညီ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ၊ ပြောဆိုခွင့်၊ နေအိမ်ဥပစာလုံခြုံမှု၊ စာပေးစာယူနဲ့ အခြား ဆက်သွယ်ဆိုင်ရာ လုံခြံမှုတို့နဲ့ဆိုင်တဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နဲ့ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီး ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-09-20
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2016-09-20
မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ဒေသမှာ ရေနံ တူးဖော်နေတဲ့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက ဇောတိက ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အလုပ်သမားများ အဖွဲ့ (ZOMO) အဖွဲ့ဝင်တွေကို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်လိုက် တာကို အစိုးရအနေနဲ့ စိစစ်အရေးယူပေးဖို့ အလုပ်ထုတ် ခံရတဲ့ အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။
2016-09-20
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ တရားမဝင်အဆောက်အဦးတွေကို အရေးယူဆောင်ရွက် သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောလိုက် ပါတယ်။
2016-09-20
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မှာ တပ်မ ၁၁ က တပ်ပိုင်မြေအနေနဲ့ ရန်ကုန် - ပဲခူးအမြန်လမ်းမဘေးက မိုင်တိုင် ၁၃ ကနေ မိုင်တိုင် ၂၇ အထိ မြေဧက ၂သောင်းကို ဒီနေ့ ခြံစည်းရိုးတွေ ခတ်နေကြပါတယ်။
2016-09-20
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ကာလ တန်ဖိုး ငွေကျပ် ၁၃ ဘီလီယံကျော်တန်ဖိုး ရှိတဲ့ WY စိတ်ကြွမူးယစ် ဆေးပြားအရေအတွက် သိန်း ၇၀ နီးပါးကို မောင်တောခရိုင်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ ပါတယ်။
2016-09-20
ရန်ကုန် - ဒလ တံတား တည်ဆောက်ရေး စီမံကိန်းကို ၅နှစ်အတွင်း အပြီး တည်ဆောက်ဖို့ လျာထားကြောင်း ဆောက် လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြောလိုက်ပါတယ်။
2016-09-20
ငလျင်ကြောင့်ပျက်စီးသွားတဲ့ ဘုရားတွေမွမ်းမံတဲ့ အခါ ပုဂံရှေးမူလလက်ရာအတိုင်းဖြစ်ဖို့နဲ့ ပုဂံဒေ သရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းဖို့ ယူနက်စကို အဖွဲ့နဲ့ ပူးပေါင်းသွားမယ်လို့ အမေရိ ကန်ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်ရှိနေ တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2016-09-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင် ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တနင်္လာနေ့မနက်ပိုင်းက နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ တွေ့ဆုံခဲ့တယ်လို့ The New Age သတင်းက ဖေါ်ပြပါတယ်။
2016-09-20
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းအပေါ် မြန်မာပြည် သူတွေ ဆန့်ကျင်ကန့်ကွက်လာကြတာဟာ မြန်မာပြည်တွင်း က အစွန်းရောက်အုပ်စုတွေ ရဲ့ အချိန်ကိုက်လှုပ်ရှား မှုတွေကြောင့် ဖြစ်တယ်လို့ The Sturdy Times တရုတ် သတင်းစာက မနေ့ကဖေါ်ပြလိုက်ပါတယ်။
2016-09-19
တတိယအကြိမ်ပြင်ဆင်ထားတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေကြမ်းမှာ ဧည့်စာရင်း တိုင်ကြားရန်ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ကြောင်း ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2016-09-19
ငြိမ်းချမ်းရေး လုပ်ငန်းတွေ ဖော်ဆောင် တဲ့နေရာမှာ ပြည်သူလူထုပါဝင်ဖို့လို ပြီး ပြည်သူလူထုပါဝင်နိုင်တဲ့ နည်း လမ်းတွေကို စဉ်းစားဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီ က ပြောပါတယ်။
2016-09-19
လေးနှစ်အတွင်း Chain Saw လို့ခေါ်တဲ့ လက်ကိုင်လွှစက် စုစုပေါင်း ၇၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အသုံးပြုသူတွေကို အရေး ယူခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-09-19
တရုတ် - မြန်မာနယ်စပ်ဖြစ်တဲ့ ကချင်ပြည် နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ လုံခြုံရေး ကန့်သတ်ချက်ကြောင့် တရားမဝင်သစ်ခိုးထုတ်နေတာတွေ ကို ရှာဖွေ စစ်ဆေးနိုင်ခြင်းမရှိခဲ့တဲ့အတွက် တပ်မတော်အပါ အဝင် အစိုးရဌာနဆိုင်ရာတွေ ညှိနှိုင်းပြီး စီမံချက်ချမှတ် စစ်ဆေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ပြောပါ တယ်။