သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-07
ရက်ပေါင်း ၅၀ နီးပါးကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်က ဖုယွင် အထည် ချုပ်စက်ရုံ အလုပ်သမားပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ သပိတ်စခန်းဝန်းရံသူတွေက ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-10-07
မကွေးတိုင်းအတွင်း မြစ်ရေတင်စီမံကိန်း၊ မကွေး-နတ်မောက် ရထားလမ်းစီမံကိန်း၊ ပြည်တွင်းသုံး ဂက်စ်ပိုက်လိုင်း စီမံကိန်းတွေကြောင့် အမှန်တကယ် လယ်ယာမြေဆုံးရှုံးသွားတဲ့ တောင်သူတွေက လျော်ကြေးနစ်နာကြေး ရရှိဖို့ဆိုပြီး တောင်သူ ၂၀၀ လောက်က မကွေးမြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-10-07
ပြည်တွင်း ပြည်ပက ကုန်သည်ပွဲစားတွေဟာ မြန်မာနိုင်ငံ ဒေသအသီးသီးက ထွက်ရှိတဲ့စပါးတွေကို တရုတ်နိုင်ငံကို မှောင်ခိုလမ်းကြောင်းကနေ တင်ပို့ရောင်းချနေတဲ့အတွက် အထူးတားမြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်က ကြေညာချက်ထုတ်လိုက်ပါတယ်။
2018-10-07
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ မနေ့က ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေအကြား ဖြစ်ပွားခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိအကြီးအကဲတွေကိုယ်တိုင် ဒီနေ့ လာရောက်စစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
2018-10-07
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကို ပြန်လည်ညှိနှိုင်းလိုတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-10-07
အိန္ဒိယအစိုးရက မြန်မာပြည်ကို ပြန်ပို့ခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင် ၇ ဦးကို မြန်မာဘက်က မကြာခင် သတ်ဖြတ်လိမ့်မယ်လို့ အိန္ဒိယမှာကျန်နေတဲ့ ဒုက္ခသည်တွေက စိုးရိမ်ကြောက်လန့်နေကြပြီး သူတို့ကို ပြန်မပို့ဖို့ အိန္ဒိယအစိုးရကို တောင်းဆိုလိုက်ပါတယ်။
2018-10-06
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ်အကိုင်ရှာဖွေမယ်ဆိုရင် ဒီလ ၄ ရက်နေ့တုန်းက ထိုင်း - မြန်မာနှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ MoU နားလည်မှု စာချွန်လွှာမှာ ပါဝင်တဲ့ သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ရမယ်လို့ အလုပ်သမား ဦးစီးဌာနက ကြေညာလိုက်တယ် လို့ Eleven Media က မနေ့က ဖော်ပြပါတယ်။
2018-10-06
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်တစ်ခုကို မြန်မာနိုင်ငံ မြေပုံမှာ မှားယွင်းဖော်ပြထားတာကို ကန့်ကွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို မနေ့က ဆင့်ခေါ်တယ်လို့ ဘင်္ဂလားဒေ့ရှ် bdnews က ဖော်ပြပါတယ်။ ပင်လယ်ရေကြောင်းရေးရာ အတွင်းဝန်က မြန်မာသံအမတ်ကို သူ့ရုံးမှာ ကန့်ကွက်စာ ပေးအပ်တယ်လို့ ဆိုပါတယ်။
2018-10-06
မြန်မာပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်စဲမှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာဖို့အတွက် နီပေါနိုင်ငံကို ရောက်ရှိနေတယ်လို့ နီပေါ နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ထုတ်ပြန်ပြောကြားပါတယ်။
2018-10-06
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ပြဿနာကို အလျင်စလို ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ မဲခေါင်- ဂျပန် ထိပ်သီးအစည်းအဝေး ကို တက်ရောက်ဖို့အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေစဉ်အတွင်း NHK သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ သူက အခုလို ပြောကြားလိုက်တာပါ။
2018-10-06
မြန်မာ့နိုင်ငံရေးမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး တန်းတူညီမျှရေး ရရှိဖို့ ကြိုးစားခဲ့တဲ့ ဝါရင့် နိုင်ငံရေးသမား မွန်အမျိုးသားခေါင်းဆောင် နိုင်ငွေသိမ်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ရေဝေး သုဿာန်မှာ မီးသဂြိုလ်ခဲ့ပါတယ်။
2018-10-06
ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဂျပန်သတင်းဌာန NHK နဲ့ ဒီနေ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
2018-10-06
ဘားအံထောင်က အကျဉ်းသား ၄၀ ကျော် ထောင်ဖောက်ထွက်ပြေးခဲ့တာနဲ့ ပတ်သက်လို့ ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတွေကို စစ်ဆေးနေဆဲဖြစ်ပြီး အနိမ့်ဆုံး ပြစ်ဒဏ်အနေနဲ့ တာဝန်ကနေ ရပ်စဲခံရမှာဖြစ်တယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။
2018-10-06
သိမ်းဆည်းခံ လယ်ယာမြေတွေအရေးကို တောင်သူတွေ နစ်နာမှုမရှိရေးအတွက် အဂတိတရားကင်းကင်းနဲ့ အမြန်ဆုံးဖြေရှင်းကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဒီနေ့ မကွေးတိုင်းအတွင်းက ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ် တိုက်တွန်းလိုက်ပါတယ်။
2018-10-06
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေနံ့သာစိုက်ကွင်းအတွင်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေဧက ၆၀၀ ကျော်ကို ပြန်လည် စွန့်လွှတ်ပေးဖို့ တောင်သူ ၃၀ လောက်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။