သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-26
ခေါင်းဆောင်ဆိုတာ ဆင်းရဲဒုက္ခတွေ ကို ရှေ့ဆုံးကရင်ဆိုင်ပြီး အခွင့်အရေးကို နောက်ဆုံးမှ ယူသူတွေဖြစ်ကြောင်း၊ အုပ်ချုပ်တဲ့သူတွေက ချမ်းသာနေ ပြီး ပြည်သူအများက ဆင်းရဲငတ်မွတ်နေတယ်ဆို တာ ခေါင်းဆောင်မကောင်းလို့ဖြစ်ကြောင်း NLD အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
2015-09-26
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်ကို တိုင်းရင်းသားတွေဘက်က လာမယ့် အောက်တိုဘာလမှာ လက်မှတ်ထိုး၊ မထိုးကို ယတိပြတ်အဖြေမပေးနိုင်သေး ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဆင့်မြင့်ညှိနှိုင်းရေး SD အဖွဲ့ဝင် ဦးနိုင်ဟံသာက ပြောပါတယ်။
2015-09-26
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းမှာ ကေအိုင်အို နဲ့ အစိုးရတပ်တွေအကြား ဒီနေ့ ၃ နေရာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
2015-09-25
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့နိုင်ငံစာရင်း ထဲမှာရှိနေပြီး ဘက်ပေါင်းစုံမှာလိုအပ် ချက်တွေရှိနေတဲ့အတွက် ဥရောပသမဂ္ဂ နိုင်ငံများ EU ရဲ့ အဓိကထား အကူအညီပေးရမယ့် နိုင်ငံမှာ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ကြီး Mr. Roland Kobia က ပြောပါတယ်။
2015-09-25
ကချင်ပြည်နယ် ချီဖွေ၊ ဝိုင်းမော် နဲ့ ဆော့လော်မြို့နယ်တွေက ရွာတွေမှာ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ကချင်ပြည် နယ် အထူးဒေသ (၁ )ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက တားမြစ်တဲ့စာတွေ ထုတ်ပြန်လိုက်တာဟာ တရားဥပဒေနဲ့ မညီဘူး လို့ အဲဒီနယ်မြေတွေကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးက ပြောလိုက် ပါတယ်။
2015-09-25
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ၁၉၉ဝ ခုနှစ်က သမိုင်းဝင်ထောင်တွင်းသပိတ် တိုက်ပွဲ ၂၅ ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ဓမ္မပီယကျောင်းတိုက်မှာ ဒီကနေ့ မနက်ကပြုလုပ်ခဲ့ကြပါတယ်။
2015-09-25
တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံ ကိန်းကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်ဖီလာကျေး ရွာအုပ်စုမှာ လယ်ဧက ၃၅ဝ လောက် ပျက်စီးခဲ့တဲ့အတွက် အဲ့ဒီလယ်တွေအတွက် လျော်ကြေးငွေရရှိဖို့ ဒေသခံ ၂ဝဝ လောက်က အမ်းမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ ပါတယ်။
2015-09-25
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့ နယ် ဂွေးကုန်းကျေးရွာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီတာငြိမ်း မဲဆွယ် စည်းရုံး ဟောပြောစဉ်မှာ ခဲနဲ့ပစ်ပေါက်ခံရတဲ့အတွက် တရားခံကို စုံစမ်းဖော်ထုတ်ပေးဖို့ ရဲစခန်းမှာ အမူဖွင့် တိုင်ကြားထားတယ်လို့ ပြောပါတယ်။
2015-09-25
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စု အနောက် ရွာမှာရှိတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရုံး ဆိုင်းဘုတ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျက်ဆီးခံလိုက်ရပြီး အဲ့ဒီကျေးရွာမှာရှိတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးဆိုင်းဘုတ်ကို လည်း ဖြုတ်ချပေးဖို့ ဖိအားပေးတာတွေရှိတယ်လို့ သိရ ပါတယ်။
2015-09-25
မွန်ပြည်နယ်မှာ ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင် စာရင်းတွေမှာ အမည်မပါတာကြောင့် ပြည် နယ်ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားသူ နှစ်ထောင်ကျော်ရှိတယ်လို့ မွန်ပြည် နယ် ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က ပြော ပါတယ်။
2015-09-25
လာမယ့်ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရင် တိုင်းရင်း သားတွေ အပါအဝင် လူထုလူတန်းစားအားလုံး အဖွဲ့အစည်း အားလုံးနဲ့ လက်တွဲဆောင်ရွက်မယ်လို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကတိပေးပြော ကြားလိုက်ပါတယ်။
2015-09-25
တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ အဆင့် သင့်ဖြစ်နေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
2015-09-25
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၂ မှာရှိတဲ့ ဧရာဝတီ ဆန်နီ အထည်ချုပ်စက်ရုံက အလုပ်သမား ၃၀၀ ကျော်ကို စက်ရုံတာဝန်ရှိသူတွေက လုပ်သက်အလိုက် နစ်နာကြေးတွေပေးပြီး အလုပ်ကနေ ထုတ်ပယ်လိုက် ပါတယ်။
2015-09-25
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်း ၉၀ ကျော်မှာ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးနိုင်သူ သုံးသောင်းဝန်းကျင်ရှိတယ် လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိက ပြော ပါတယ်။
2015-09-24
ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံ ကို ခရီးမသွားကြဖို့ ကုလသမဂ္ဂက သူ့ရဲ့ဝန်ထမ်းတွေကို သတိပေးတားမြစ်လိုက်ကြောင်း သိရပါတယ်။