သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-06
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ မူးယစ်ဆေးမှုတွေနဲ့ပတ်သက်လို့ ညှဉ်းပန်းနှိပ်စက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာကြောင့် ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေ အကြား ဒီနေ့မနက်က ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အကျဉ်းသားတစ်ဦးက RFA ကို ပြောပါတယ်။
2018-10-06
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့ရဲ့ ဒုတိယအကြိမ် ကွင်းဆင်းလေ့လာမှု ကို မနေ့က စတင်နေပြီဖြစ်တယ်လို့ ဒေသအုပ်ချုပ်ရေးအရာရှိတွေက ပြောပါတယ်။
2018-10-06
ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ် အရေးအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။
2018-10-05
မြန်မာနိုင်ငံကို အိန္ဒိယ အစိုးရက ရိုဟင်ဂျာ မွတ်စလင် ၇ ယောက် ပြန်လွှဲပေးလိုက်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2018-10-05
မြန်မာနိုင်ငံကို အိန္ဒိယအစိုးရက ရိုဟင်ဂျာမွတ်စလင် ၇ ဦး ပြန်လည်ပို့ဆောင်ခဲ့မှုအတွက် အထူး စိုးရိမ်ကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သောကြာနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
2018-10-05
မြန်မာနိုင်ငံကို လက်ရှိခွင့်ပြုထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ပြန်လည်ရုပ်သိမ်းရဖွယ်ရှိတယ်လို့ ဥရောပသမဂ္ဂက သောကြာနေ့ မနေ့က သတိပေး ပြောကြားလိုက်ပါတယ်။
2018-10-05
ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံအသိုင်းအဝိုင်းတွေဟာ တဖက်နဲ့တဖက် ယုံကြည်မှုမရှိဘဲ ကြောက်ရွံ့ ထိတ်လန့်နေတာကြောင့် အတူတကွ အေးအေးချမ်းချမ်း ပူးပေါင်းနေထိုင်နိုင်ရေး နှောင့်နှေးနေရတယ်လို့ ကုလသမဂ္ဂအရာရှိ တွေက ပြောပါတယ်။
2018-10-05
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသက်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားခဲ့သူတွေကို သေဆုံးသူ အောင်ရဲထွေးဖက်က လိုက်ပါဆောင်ရွက်ခဲ့တဲ့ ဥပဒေအရရှိကနေတဆင့် လာဘ်ထိုး ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လက်ထောက်ညွန်ကြားရေးမှူး ဦးမိုးနိုင်က ဒီကနေ့ တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။
2018-10-05
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ဒီနေ့မနက်ပိုင်းက ထွက်ခွာသွားပါတယ်။
2018-10-05
ရခိုင်ပဋိပက္ခအပါအဝင်၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တင်ဖို့ နိုင်ငံတကာက ဖိအားပေးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြားမှာ အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2018-10-05
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ အစိုးရ သင်ကြားရေး အကူ ဆရာ၊ ဆရာမတွေအဖြစ် ခန့်အပ်ဖို့ လျှောက်ထားကြတဲ့ မွတ်စလင် ၉၀၀ ကျော်ရဲ့ စာရင်းကို လက်ခံရရှိထားတယ်လို့ မောင်တော ခရိုင်ပညာရေးမှူး ဦးခင်အောင်က RFA ကို ဒီနေ့ ပြောပါတယ်။
2018-10-05
မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ တရုတ်နည်း ပညာနဲ့ လည်ပတ်မယ့် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ကုန်ထုတ်လမ်း ချဲ့ထွင်ရာမှာ ရွာသားတွေပိုင်တဲ့ မြေတွေပါဝင်တဲ့အတွက် တောင်သူတွေက ဒီနေ့ ကန့်ကွက်ခဲ့ပြီး လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့နဲ့လည်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
2018-10-05
TNLA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ဆွေးနွေး ညှိနှိုင်းဖို့ နန်းမိုဟွမ်ရဲ့ အစ်မ အပါအဝင် နန်းမိုဟွမ် လွတ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကို “ဝ” ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က UWSA ဌာနချုပ် ပန်ဆန်းကို လာရောက်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
2018-10-05
"ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က ဖမ်းဆီးထားတဲ့ ခရစ်ယာန်ဘာသာဝင် ၂၀၀ ကျော်ထဲက "ဝ" တိုင်းရင်းသား ၁၀၀ ကျော် ပြန်လည်လွတ်မြောက်လာပြီး လားဟူ တိုင်းရင်းသား ၁၀၀ ကျော်ကတော့ ဆက်ပြီးဖမ်းခံထားရဆဲလို့ RFA က စုံစမ်းသိရပါတယ်။
2018-10-05
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျောက်ပန်းတောင်းမြို့နယ်က ပုပ္ပားဒေသမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။