သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-22
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၁၆ (ခ)နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင် အမှုကို အမှန်တရားပေါ်ပေါက်ရေးအတွက် ကူညီပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတတို့ထံ မိသားစုဝင်တွေက ဒီနေ့ ပန်ကြားလိုက်ပါတယ်။
2018-04-22
ရိုက်တာ သတင်းဌာနက သတင်းထောက်နှစ်ဦးအမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို လက်ရှိ ရန်ကုန်က အမှတ်(၈) လုံခြုံရေးရဲတပ်ရင်း၊ ရဲအချုပ်မှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေ လာရောက်တွေ့ဆုံနိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးက ရဲမှူးကြီး မျိုးသူစိုး က ပြောပါတယ်။
2018-04-21
ပြည်တွင်းစစ်တွေရပ်စဲပြီး ဖက်ဒရယ်ပြည်ထောင်စု အမြန်ပေါ်ထွန်းရေးအတွက် Freedom Fighter အဖွဲ့ဝင် ၂ဝ လောက် ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့က ဗန္ဓုလပန်းခြံဘေးမှာ ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။
2018-04-21
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးကို နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာလို့ ရာထူးတဆင့်ချပြီး အရေးယူလိုက်ပါတယ်။
2018-04-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ သဘာပတိအဖွဲ့ဝင်ဟောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
2018-04-21
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က ဒေသခံတွေအပေါ် ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ တင်ပြလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဒီနေ့ ပြောပါတယ်။
2018-04-21
ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လောဒ့်ကျေးရွာအနီးမှာ တပ်မတော်နဲ့ KIA တို့ မနေ့က နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သလို KIA တပ်ရင်း ၁၁ အခြေစိုက်ရာ နမ္မတီးမြို့နယ် ကဆုန့်ဒေသဘက်မှာလည်း မနေ့ ညနေပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
2018-04-21
ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုကို နေပြည်တော်က ရဲဝန်ထမ်းလိုင်းခန်းကနေ ပြောင်းပေးဖို့ ဒီကနေ့မနက်မှာ အကြောင်းကြားလာတယ်လို့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
2018-04-21
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အတွင်း အစိုးရက တာဝန်ရှိသူတချို့ကို အရေးယူခဲ့ပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုအများအပြား ဆက်လက်ပေါ်ပေါက်နေဆဲပဲလို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။
2018-04-21
မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်နေတယ်လို့ ပြောဆိုခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးအနေနဲ့ မြန်မာနိုင်ငံကို တောင်းပန်ပြီး ဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာန အာဆီယမ်ရေးရာ ဒုတိယဝန်ကြီး Maria Hellen dela Vega က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
2018-04-21
ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လျှို့ဝှက်စာရွက်စာတမ်းတွေပေးပြီး ထောင်ချောက်ဆင် ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးခဲ့ကြောင်း ဒု ရဲမှူး မိုးရန်နိုင်က တရားရုံးမှာ မနေ့က ထွက်ဆိုခဲ့တဲ့အတွက် အမှန်တရားပေါ်ပေါက်လာပြီ ဖြစ်တာကြောင့် ဒီအမှုကို ရုပ်သိမ်းချိန်တန်ပြီလို့ ရိုက်တာ သတင်းဌာန ဥက္ကဋ္ဌနဲ့ အယ်ဒီတာချုပ် Stephen Adler စတီဖန် အက်ဒ်လာ က ပြောကြားလိုက်ပါတယ်။
2018-04-20
ဗီယက်နမ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့ ဟနွိုင်းမြို့မှာ အလည်အပတ်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်ရှန်ဖွတ်တို့ သဘောတူညီလိုက်ကြပါတယ်။
2018-04-20
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ကို တပ်မတော်နဲ့ ကချင်ပြည်နယ်အစိုးရက မိမိနေထိုင်ရာနေရာတွေကို ပြန်လာကြဖို့ ပြောထားပေ မယ့် ဖမ်းဆီးစစ်ဆေးမှာကို စိုးရိမ်တာကြောင့် ပြန်မလာရဲကြသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်ပြည်နယ် အမျိုးသမီးကွန်ရက်အဖွဲ့က ပြောပါတယ်။
2018-04-20
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယအစိုးရက တနှစ်ကို အမေရိကန်ဒေါ်လာ ငါးသန်းနဲ့ ငါးနှစ်အတွက် ဒေါ်လာ ၂၅ သန်း ထောက်ပံ့ကူညီဖို့ အိန္ဒိယနိုင်ငံနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လက လက်မှတ်ရေးထိုးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။
2018-04-20
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်က အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် ကို ငွေကျပ်သိန်းတစ်ထောင့်ငါးရာကျော် အလွဲသုံးစားလုပ်ခဲ့မှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့် အရေးယူထား ပါတယ်။