သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-14
ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း နိုင်ငံခြားတိုင်းပြည်တွေကနေ မြန်မာပြည်ကို ပြန်ချင်သူများပြားလှတဲ့အနက် ကံကောင်းသူတချို့ပြန်ခွင့်ရပေမယ့် တချို့ကတော့ ပြန်ခွင့်မကြုံပဲ ပွဲစားတွေရဲ့ လိမ်လည်မှုအပါအဝင် ဒုက္ခမျိုးစုံနဲ့ တွေ့ကြုံနေရပါတယ်။
2020-08-14
ထိုင်းဘုရင့်မယ်တော် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ထောင်ကျနေသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ထဲမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးလည်း ပါဝင်ပါတယ်။
2020-08-14
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်တစ်လုံးကျေးရွာက ရွာသား လေးဦးနဲ့ စိမ်းညှင်းပြားကျေးရွာက ရွာသား တစ်ဦးကို ဒီနေ့ နေ့လယ် ၁၁ နာရီခွဲလောက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲကိုဝင်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
2020-08-14
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီက ခေါင်းဆောင်တွေဟာ လာမယ့်ရွေးကောက်ပွဲ လွတ်လပ်၊ တရားမျှတမှုနဲ့ ပတ်သက်ပြီး ဒီနေ့ ဆွေးနွေးခဲ့ကြတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
2020-08-14
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်ထားသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးအဓူရော်ရှိကို စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချလိုက်ပါတယ်။ ဦးအဓူရော်ရှိကို မွေးဖွားစဉ်က မိဘတွေဟာ နိုင်ငံသားမဖြစ်ဘူးဆိုတဲ့ အကြောင်းပြချက် ပယ်ချပေမယ့် ကာယကံရှင်ကတော့ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်သွားမယ်လို့ ပြောပါတယ်။
2020-08-14
ကယားပြည်နယ် လွိုင်ကော်မြို့အခြေစိုက် အမြှောက်တပ်က တောင်သူတွေကို တရားစွဲထားတဲ့အမှုကို ပြည်နယ်တရားရုံးက ဒီကနေ့ ပလပ်လိုက်ကြောင်း အမိန့်ချလိုက်ပါတယ်။
2020-08-13
ရိုဟင်ဂျာဒုက္ခသည်တွေအရေး လုပ်ဆောင်နေတဲ့ Refugee International အဖွဲ့နဲ့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ တွေ့ကြုံခဲ့ရတာဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း တရားဝင်သတ်မှတ်ခေါ်ဆိုဖို့ အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2020-08-13
ဩဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းခဲ့တဲ့ ကရင်အာဇာနည်နေ့ အခမ်းအနားကို တားမြစ်ခဲ့ပြီး ကျင်းပခဲ့သူတချို့ကို ဖမ်းဆီးခဲ့တဲ့ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ အပါအဝင် တာဝန်ရှိသူတွေကို တရားစွဲဆိုမယ်လို့ အခမ်းအနားကျင်းပသူတွေက ပြောပါတယ်။
2020-08-13
နေပြည်တော်မှာ ပြုလုပ်တော့မယ့် စတုတ္တအကြိမ်မြောက် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2020-08-13
ရခိုင်ပြည်နယ် ကျောက်တော်မြို့မရဲစခန်းမှူးကို မနေ့ညနေပိုင်းက စခန်းအနီး လက်ဖက်ရည်ဆိုင်မှာရှိနေစဉ် အမည်မသိ လူလေးဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်လုပ်ကြံခဲ့တဲ့အတွက် ဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွား ခဲ့ပါတယ်။ ဒီလုပ်ကြံမှုဟာ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် AA အပေါ် ထောက်ခံအားပေးသူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ မြို့ခံတွေက ယူဆထားပါတယ်။
2020-08-13
လက်ရှိကြုံတွေ့နေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အကျပ် အတည်းတွေကို ဖြေရှင်းဖို့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်မယ့်လမ်းကြောင်းကို ၂၁ ရာစု ပင်လုံညီလာခံမှာ ထင်ထင်ရှားရှား တွေ့မြင်နိုင်တော့မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ကိုးကြိမ် JICM အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
2020-08-12
ဗြိတိန်နိုင်ငံက မြန်မာ့တပ်မတော်နဲ့ နယ်ခြားစောင့်တပ်က အရာရှိ ၁၄ ယောက်ကို ချမှတ်ထားတဲ့ တဦးချင်းသီးခြားအရေးယူပိတ်ဆို့မှုကို သက်တမ်းထပ်တိုးလိုက်ပြီး ဖြည့်စွက်ပြင်ဆင်ချက်တချို့ကို သြဂုတ်လ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2020-08-12
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NRPC က ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ခဲ့ဘူးဆိုတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဝေဖန်ချက်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပယ်ချလိုက်ပြီး ရပ်တန့်သွားတဲ့ NCA လမ်းကြောင်းကို ပြန်လည်စတင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ဦးဆောင်ကြိုးစားခဲ့ရတယ်လို့ တုံ့ပြန်လိုက်ပါတယ်။
2020-08-12
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ရိုဟင်ဂျာ အရေအတွက်ကို မြန်မာအစိုးရက အပြည့်အစုံ တင်ပြခြင်းမရှိဘူးလို့ ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားမှုအဖွဲ့တစ်ခုက ဝေဖန်လိုက်ပါတယ်။
2020-08-12
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို သြဂုတ်လ ၁၂ ရက်နေ့ ဒီကနေ့မှာ ပါတီက ထုတ်ပြန်ကြေညာပါတယ်။