သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-13
သီပေါနဲ့ နမ္မတူမြို့နယ်မှာ မိုးကြီးပြီး ဒုဋ္ဌဝတီမြစ်ရေနဲ့ နမ္မတူချောင်းရေ မြင့်တက်လာတာကြောင့် မြစ်ချောင်းဘေးမှာ နေထိုင်သူတွေ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၁၃ ရက်မှာ ပြောပါတယ်။
2023-10-13
မတ္တရာမြို့နယ် ဆည်တော်ကြီးဆည်ကနေ ကြိုတင်အသိပေးတာမျိုး မရှိဘဲ ဆည်ရေလွှတ်လိုက်တဲ့အတွက် ရေဝင်ရောက်ပြီး လူသုံးသောင်းကျော် ရွှေ့ပြောင်းနေရပါတယ်။
2023-10-13
မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မြန်မာဘီယာထုတ်စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ URBAN SPECIAL OPERATION (U.S.O) အဖွဲ့က ပြောပါတယ်။
2023-10-12
မြန်မာစစ်တပ်ဟာ ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေပေမဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ စစ်တပ်ကို ပြစ်မှုကျူးလွန်သူအဖြစ် ထုတ်ဖော်မပြောနိုင်ကြသေးဘူးလို့ SAC-M အဖွဲ့ဝင် မစ္စယန်ဟီးလီက ဝေဖန်ပါတယ်။
2023-10-12
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာ “ဝ” ခေါင်းဆောင် ပေါက်ယူချန်းရဲ့ တူတော်စပ်သူနဲ့ သားမက်ဟောင်းတို့ ဖြစ်တယ်လို့ ပြောကြပါတယ်။
2023-10-12
ကချင်ပြည်နယ်၊ မုန်လိုင်ခက်ရွာအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးကြရတဲ့သတင်းကို ကြားသိရတဲ့အတွက် ယူကေအစိုးရအနေနဲ့ ထိတ်လန့်တုန်လှုပ်မိပါတယ်။ ဒီလုပ်ရပ်ကို လက်ခံနိုင်ဖွယ် လုံးဝမရှိပါဘူးလို့ ဗြိတိန်သံရုံးက ပြောထားပါတယ်။
2023-10-12
စစ်တပ်အာဏာသိမ်းလိုက်တာဟာ NCA ကို ဖျက်ဆီးလိုက်တာဖြစ်ပြီး စစ်တပ်က ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကို စွန့်လွှတ်လိုက်တာ ပေါ်လွင်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့က ပြောပါတယ်။
2023-10-12
မိုးဗြဲမြို့မှာ မိုးသည်းထန်စွာရွာပြီး ဘီလူးချောင်းရေကြီးတာကြောင့် စစ်ဘေးဒုက္ခသည် ၅၀၀ လောက် နေရာရွှေ့ပြောင်းနေရပါတယ်။
2023-10-12
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါတို့ နှစ်ဦး မြန်မာနိုင်ငံကို မကြာခင်အတူသွားရောက်ဖို့ သဘောတူခဲ့ပါတယ်။
2023-10-12
ခင်ဦးမြို့နယ် ကန်သာယာရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
2023-10-12
မြန်မာစစ်တပ်ဟာ ကုလအဖွဲ့ဝင်နိုင်ငံတွေဆီက ရရှိနေတဲ့ စစ်လက်နက်တွေနဲ့ အရပ်သားတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို တိုက်ခိုက်နေပြီး အရေးယူခံရမှုကနေ ကင်းလွတ်ခွင့် ရနေတယ်လို့ ပြောပါတယ်။
2023-10-12
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၁၈,၀၀၀ နီးပါး တိုးလာတယ်လို့ UNOCHA- Myanmar က ထုတ်ပြန်ပါတယ်။
2023-10-11
ကျောက်ကြီးမြို့နယ်နဲ့ ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့တဲ့လက်နက်ကြီးတွေကြောင့် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးနှစ်ဦး အပါအဝင် ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်။
2023-10-11
မြန်မာနိုင်ငံမှာ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးအတွက် ရုရှားစွမ်းအင်အရာရှိတွေနဲ့ မြန်မာ စစ်ကောင်စီ တာဝန်ရှိသူတွေ အောက်တိုဘာလ ၁၁ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားစွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။
2023-10-11
ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ဟောင်း Vichit Vichitmarn အသတ်ခံရမှုမှာ သံသယရှိတဲ့ မြန်မာလူငယ်ကို ကူညီဖမ်းဆီးပေးဖို့ ထိုင်းနိုင်ငံက စစ်ကောင်စီကို အကူအညီတောင်းထားပါတယ်။