သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-13
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်က မြို့တော်ခန်းမ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေဆီကို လက်ရှိ အလှူရှင်တွေလည်း မရောက်လာတော့ သလို အလုပ်အကိုင်လည်းမရှိတဲ့အတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2021-10-13
မြန်မာနိုင်ငံမှာ တရုတ်ငွေကြေး ယွမ်နဲ့ ဂျပန်ယန်းတို့ကို ဝယ်ယူရောင်းချခွင့်ပြုတယ် လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တို့ဘာလ ၁၂ ရက် မနေ့ မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
2021-10-13
မကွေးတိုင်း၊ ပခုက္ကူမြို့က အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးကို အောက် တိုဘာ ၁၂ ရက်နေ့ မနေ့ ညနေပိုင်းမှာ စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ လာရောက် ဖမ်းသွားတယ်လို့ အဖမ်းခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-10-13
ချင်းပြည်နယ်၊ ထန်တလန်မြို့က ချင်းအမျိုးသားတပ်ဦး (CNF) ရုံးချုပ်ရှိရာ ဝိတိုရိယတောင်အနားမှာ အောက်တိုဘာ လ ၁၂ ရက် မနေ့ နေ့လယ်ပိုင်းက စစ်လေယာဉ်တွေ ပျံသန်းခဲ့သလို ဒီနေ့မှာလည်း စစ်ကားတွေ အများအပြား ချင်းပြည်နယ်ထဲကို ဝင်လာနေတယ်လို့ဒေသခံတွေက ပြောပါတယ်။
2021-10-12
အောက်တိုဘာလ ၁၃ ရက် ဒီနေ့မနက် ၉ နာရီ ၁၅ မိနစ်စပြီး မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးပျက်သွားပါတယ်။
2021-10-12
စစ်ကိုင်းတိုင်းက မြို့နယ် ခြောက်ခုမှာ အောက်တိုဘာလ ၁၁ ရက်နေ့ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က ဗျူဟာမှူးတစ်ဦး အပါအဝင် ၃၀ ကျော် သေဆုံးပြီး PDF ဘက်က လေးဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ခိုက်မှုဖြစ်တာမှန်ပေမယ့် ဗျူဟာမှူး သေဆုံးတယ်ဆိုတာမမှန်ဘူးလို့ တုံ့ပြန်ပါတယ်။
2021-10-12
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အခန်းထဲကို စစ်တပ်အရာရှိကြီးတွေရောက်လာပြီး ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေးစေခိုင်းခဲ့တယ်လို့ နေပြည်တော်က ဒီနေ့တရားရုံးချိန်းမှာ သမ္မတဦးဝင်းမြင့် ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ်။
2021-10-12
ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုးမြို့နယ်ခွဲထဲက စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေ အဓိကထားသုံးစွဲပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့က အောက်တိုဘာလ ၁၁ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2021-10-12
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် လက်ပံလှရွာက စစ်ကောင်စီ သတင်းပေး ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ကြီးနေသူ အသက် ၃၅ နှစ်အရွယ် ဦးခင်မောင်ထွန်း အောက်တိုဘာလ ၁၁ ရက် မနေ့ညပိုင်းမှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-12
မြန်မာနိုင်ငံမှာ အချိန်ရှစ်လတာကာလအတွင်း စီးပွားရေးလုပ်ငန်းပေါင်း ၅၀၀ မှာ ၄၄ ရာခိုင်နှုန်းအထိ ယာယီရပ်နားထားရတယ်လို့ ကမ္ဘာ့ဘဏ် (World Bank) က အောက်တိုဘာလ ၁၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2021-10-12
မြန်မာနိုင်ငံမှာ London နဲ့ Lucky Strike စီးကရက် ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် ဆေးရွက်ကြီးကုမ္ပဏီ British American Tobacco (BAT) Myanmar ဟာ မြန်မာနိုင်ငံက လုပ်ငန်းတွေကို အပြီးပိတ်သိမ်းကြောင်း ဖောက်သည်တွေထံ စာပေးပို့အကြောင်းကြားခဲ့ပါတယ်။
2021-10-12
အာဆီယံ အထူးကိုယ်စားလှယ်နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းနေတယ်လို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှု အလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက အောက်တိုဘာ ၁၂ ရက် ဒီကနေ့မှာ ပြောပါတယ်။
2021-10-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနအောက်ကိုပြောင်းလဲခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ထံ ပြန်လည်ထည့်သွင်းလိုက်ကြောင်း အောက်တိုဘာလ ၁၁ ရက် မနေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
2021-10-12
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အာရီဝမ်ယူစွပ်ဖ်နဲ့ နိုင်ငံရေးပါတီ အချို့ အောက်တိုဘာ ၁၂ ရက်နေ့ ဒီကနေ့ နေ့လယ်ပိုင်း တွေ့ဆုံဖို့အစီအစဉ်ကို မနက်ဖြန်ရွှေ့ဆိုင်းလိုက်တယ်လို့ တွေ့ဆုံပွဲမှာပါဝင်မယ့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဘိုဝင်းက RFA ကို ပြောပါတယ်။
2021-10-11
မြန်မာအရေးအတွက်ခန့်အပ်ခံထားရတဲ့ အာဆီယံအထူးကိုယ်စားလှယ် အရီဝမ် ယူစွပ်ဟာ နေပြည်တော်မှာ ဒီနေ့မှာ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံမယ်လို့ သတင်းရရှိပါတယ်။