သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-23
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတဦးဝင်မြင့် တို့အပါအဝင်၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့တရားဝင် ထုတ်ပြောလိုက်ပါတယ်။
2020-07-23
ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ ရခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်) က ကျောင်းသား နှစ်ဦးကို ဇူလိုင်လ ၂၃ ရက်နေ့ ဒီနေ့ ကမာရွတ်မြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ပါတယ်။
2020-07-23
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒို မန်းငြိမ်းမောင်ဟာ မိခင် အဖွဲ့အစည်းဖြစ်တဲ့ KNU ကနေ နုတ်ထွက်ကာ နိုင်ငံရေး ပါတီတစ်ခုကနေတဆင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ဝင်ပြိုင်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
2020-07-22
တပ်မတော်က ဖမ်းဆီးသွားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စိုင်ခြုံရွာသား နှစ်ဦးထဲက တစ်ဦးကို ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်တယ်ဆိုပြီး အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
2020-07-22
ကပ်ဘေးကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၃ ဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ဥပေဒ ပုဒ်မတွေနဲ့ မောင်တောမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်တယ်လို့ သိရကြောင်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
2020-07-22
မန္တလေးမြို့ပတ် ကမ်းနားလမ်းက ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး ဧရာဝတီမြစ် တာဘောင် ကျိုးပေါက်ခဲ့တဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့အပါအဝင် ရေဘေးဒုက္ခသည် တွေကို ပြန်လည်နေရာချထားဖို့အတွက် ကော်မတီဖွဲ့ထားကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
2020-07-22
ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာတွေ အနီးက တပ်မတော်စခန်းတွေ အားလုံးဖယ်ရှားပေးဖို့ ဒေသခံ ၁၅၀၀ ကျော်က တပ်စခန်း ၄ ခုရှေ့မှာ ဇူလိုင် ၂၂ ရက် ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။
2020-07-22
၇ လခန့် ရပ်နားထားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဆင့်ဆင့်ရဲ့ အရပ်သားကိုယ်စားလှယ်တွေ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့ ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ကျင်းပနေပါတယ်။
2020-07-22
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ် နေရာမှာ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ကျောင်းတော်တော် များများကတော့ ပြန်ဖွင့်နိုင်ခြင်းမရှိသေးပါဘူး။
2020-07-22
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ငြင်းဆန်မနေဘဲ လက်တွေ့ကျကျ ပူးပေါင်းဖြေရှင်းသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2020-07-21
ကိုဗစ်19 ကပ်ရောဂါဖြစ်ပွားနေတဲ့ အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံအတွင်း ပိတ်မိနေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကိုလာမဲ့ သြတ်လ ၁ ရက်နေ့ကစပြီး ထိုင်းအစိုးရက ဗီဇာ ၂ လ ထပ်ပြီး သက်တမ်းတိုးခွင့်ပြုလိုက်ပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေအတွက် တရားဝင်နေထိုင်ခွင့်ထပ်ရသွားလို့ အတိုင်းအတာတခုအထိ အဆင်ပြေသွားပါတယ်။
2020-07-21
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက အမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပတ်သက်ပြီး တပ်မတော်သားတွေ ပြစ်မှုကျူးလွန်တာမရှိကြောင်း ပြောဆိုထားသူ သုံးဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းက ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2020-07-21
အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံး စတင်လိုကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကမ်းလှမ်းလိုက်ပါတယ်။
2020-07-21
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို တပ်မတော်သုံး စစ်ရေယာဉ်၊ လေယာဉ်တွေနဲ့ ပြန်ခေါ်ဖို့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အရေးကြီး အဆိုတင်သွင်းရာမှာ အဆိုရှုံးနိမ့်သွားပါတယ်။
2020-07-21
NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ထားတဲ့ စာရင်းကို လာမယ့် ဇူလိုင် ၂၃ ရက်နေ့မှာ NLD ပါတီရဲ့ တရားဝင် Website ကနေ ကြေညာပေးသွားမယ်လို့ NLD ပါတီရဲ့ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။