သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-25
၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲကို အင်တာနက် အွန်လိုင်းပေါ်မှာ ကမ်ပိန်း လုပ်တဲ့ သူတွေစုပြီး ဒီကနေ့ ရန်ကုန် မြို့ ပြည်လမ်းပေါ်က အင်းလျားကန်ဘောင် မှာ ပြုလုပ်ခဲ့ပါတယ်။
2016-08-25
ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ ဘုရားတွေကို ရှင်းလင်းတဲ့အခါ မှာ ရှေးဟောင်းစံတန်ဖိုးတွေကို ဂရုတစိုက် အလေးထားထိန်းသိမ်းဖို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ညွှန်ကြားလိုက်ပါတယ်။
2016-08-25
နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနက မနေ့က ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့ ရခိုင် အမျိုးသားပါတီ ANP က ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2016-08-25
ပုဒ်မ ၁၈ လို့ လူသိများတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကြား သဘောထား ကွဲလွဲနေတဲ့အတွက် ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်မပြုနိုင်သေးဘဲ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2016-08-25
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဗဟိုအလုပ် အမှုဆောင် အရေးပေါ် တိုးချဲ့အစည်းအဝေးက ၂၁ ပင်လုံ ညီလာခံ တက်ရောက်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။
2016-08-24
ပြင်းအား ၆.၈ ရစ်ချ်တာစကေးပြင်းအား ရှိတဲ့ မြေငလျင်ဟာ ချောက်မြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာကြောင့် ၂၁ မိုင်သာကွာဝေးတဲ့ ပုဂံရှေးဟောင်းမြို့ က စေတီပုထိုး ၈၀ နီးပါးလောက် ပျက်စီးမှုရှိကြောင်း ကနဦးလေ့လာချက်ကို ပုဂံရှေးဟောင်းညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။
2016-08-24
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ထိုက်သင့် တဲ့ အောင်မြင်မှုရရှိအောင် ကြိုးစားသွား မယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌသစ် ဦးသန်းဌေး က ပြောပါတယ်။
2016-08-24
လာမဲ့ စက်တင်ဘာလ ၅ ရက်နေ့ မှာ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသ ကြီး လှည်းကူးမြို့နယ် ရန်ကုန် မန္တလေး အမြန်လမ်း ၃ မိုင် ကနေ ၅ မိုင်ကျော် အတွင်းမှာရှိတဲ့ ကျူးကျော်အိမ်တွေကို ဖယ်ရှားပေးဖို့ရန်ကုန်တိုင်း အစိုးရ အဖွဲ့ကအကြောင်းကြားထားပါတယ်။
2016-08-24
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးပြီး မြေပြို မှုကြောင့် နေအိမ် ၅ လုံး ပြိုကျပျက်စီးခဲ့ပြီး ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။
2016-08-24
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ပျဉ်ပုံကြီးကျွန်းအနီးမှာရှိတဲ့ သဲသောင်ပြင်က သဲတွေကို မော်လဒိုက်နိုင်ငံကို တင်ပို့ရောင်းချခွင့်မပြုထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။
2016-08-24
မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၆.၈ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။
2016-08-24
ကုလသမဂ္ဂ အတွင်းရေမှူးချုပ် (ဟောင်း) ကိုဖီအာနန် Kofi Annan ဥက္ကဌ အဖြစ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနက ဖွဲ့စည်းလိုက်ပါတယ်။
2016-08-24
ငြိမ်းချမ်းရေးညီလာခံ မအောင်မြင်ရင် ငြိမ်းချမ်းရေး ရဖို့ နောင်ဘယ်လောက်ထိ စောင့်ရမလဲ မပြောနိုင် သလို စောင့်နေတဲ့ကာလမှာ တိုင်းပြည်မှာ ဘယ်လောက် ထိခိုက်နစ်နာမှုတွေ ရှိနိုင်မလဲဆိုတာ စဉ်းစားစေချင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2016-08-23
မြစ်ကြီးနား- ဗန်းမော် ကားလမ်းအရှေ့ ဘက် ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA စခန်း တစ်ခုကို သြဂုတ်လ ၂၃ရက်နေ့က အစိုးရတပ်တွေက တိုက်ခိုက်ရာမှာ ရဟတ်ယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တယ် လို့ KIA က ပြောကြားလိုက်ပါတယ်။
2016-08-23
ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခု နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ က တင်ပြတောင်းခံထားတဲ့ ငွေကျပ် ဘီလီယံ ၂သောင်းကျော်ထဲက ဘီလီယံ ၅၀၀ နီးပါးကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက် လိုက်ပါတယ်။