သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-13
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တာကို အရေးယူပေးဖို့ ကာယကံရှင်အမျိုးသမီးက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။
2020-07-13
ဧရာဝတီမြစ်ရေဟာ ရွှေကူနဲ့ ကသာမြို့တွေမှာ စိုးရိမ်ရေအမှတ်ကို ရောက်နိုင်တာကြောင့် စောင့်ကြည့်၊ သတိပေးတာတွေ လုပ်နေကြပါတယ်။
2020-07-13
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က တောင်သူ ၁၀၅ ယောက်ကို တပ်ပိုင်မြေထဲမှာ နေအိမ်ဆောက်လုပ်နေထိုင်မှု၊ ခြံစည်းရိုးခတ်ထားမှုတို့အတွက် တပ်မတော်က တရားလိုပြုလုပ်ပြီး ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ တရားမမှုအနေနဲ့ တရားစွဲဆိုလိုက်ပါတယ်။
2020-07-12
ရခိုင်ပြည်နယ် မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေမှာ မနေ့ကညနေနဲ့ ဒီမနက် ပစ်ခတ်ခံရမှုအတွင်း အရပ်သား တစ်ဦးသေဆုံးပြီး၊ လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ တပ်မတော်ဘက်က ပစ်ခတ်မှုလို့ ဒေသခံတွေက စွပ်စွဲထားတာပါ။
2020-07-10
မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က လာမယ့် နိုဝင်ဘာလမှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ကြေညာလိုက်ပြီးနောက် နိုင်ငံခြားရှိ မြန်မာအရေးလှုပ်ရှားသူတွေဟာ သက်ဆိုင်ရာ မြန်မာသံရုံးတွေနဲ့ ဆက်သွယ်ပြီး မဲပေးခွင့် ပုံစံစာရွက်တွေကို စတင် ဝေငှနေကြပါတယ်။
2020-07-10
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုသွားပြီး အလုပ်လုပ်သူတွေဟာ မကြာခဏ ပြဿနာတွေ ကြုံရတာကြောင့် မြန်မာအာဏာပိုင်တွေဘက်က အကူအညီ ပေးနိုင်အောင် အလုပ်သမားတွေရဲ့ အချက်အလက်တွေကို မြန်မာသံရုံးက ကောက်ယူနေပါတယ်။
2020-07-10
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာအတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်း တိုက်ပွဲတစ်ခုမှာ တပ်မတော်စစ်ကြောင်းက ပစ်ခတ်လို့ဆိုပြီး အရပ်သားတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရတဲ့အပေါ် တရားမျှတမှုရရှိရေးအတွက် ဒေသခံ တသောင်းကျော် ဒီကနေ့မနက်ပိုင်းက ကျောက်မဲမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2020-07-10
မကြာသေးခင်က လူ ၂၀၀ လောက် သေဆုံးတဲ့ မြေပြိုမှု ဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကျောက်စိမ်းတူးဖော်ရေး အကြီးအကျယ် လုပ်ကိုင်မှုရဲ့ နောက်ဆက်တွဲ အဖြစ် နေရာတချို့မှာ မြေပြိုနိုင်တဲ့ အနေအထားတချို့ ဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေပြီး နေရာ ရွှေ့ပြောင်းနေကြပါတယ်။
2020-07-10
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
2020-07-10
အစိုးရ ခေါင်းဆောင်တွေ မဲဆွယ်စည်းရုံးခွင့် ကြိုတင်လုပ်နိုင်အောင် ရွေးကောက်ပွဲကော်မရှင်က မကြာသေးခင် ရက်ပိုင်းအတွင်းကစပြီး ခွင့်ပြုထားတာဟာ အမတ်လောင်း အများစုအတွက် မျှတမှုမရှိဘူးလို့ ဝေဖန်နေကြပါတယ်။ NLD ပါတီကတော့ အစိုးရအဖွဲ့မှာ တာဝန်ယူထားတဲ့ ပါတီခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
2020-07-08
ဒေသခံတွေရဲ့ သဘောတူညီချက်မပါဘဲ ရခိုင်ဒေသအတွင်း သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်နေတဲ့ စီမံကိန်းကြီးတွေကို ရပ်တန့်ပေးဖို့နဲ့ မရပ်တန့်ရင် လူထုလှုပ်ရှားမှုတွေလုပ်ပြီး တောင်းဆိုသွားမယ်လို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ AOW က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒီစီမံကိန်းတွေဟာ ရခိုင်ပြည်နယ်အတွင်းက စစ်မက်ဖြစ်ပွားနေတဲ့အခြေအနေတွေကို ပိုပြီးဆိုးလာအောင် တွန်းအားပေးနေတယ်လို့လည်း AOW အဖွဲ့က ဆိုပါတယ်။
2020-07-08
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက ဖိုလ်ဝင်တောင် ယဉ်ကျေးမှုဒေသ အနီးတဝိုက်မှာ တရုတ်ကုမ္ပဏီတခုရဲ့ သတ္တုစမ်းသပ်ရှာဖွေမယ့် ကိစ္စကို ဒေသခံတွေက သဘောမကျလို့ ဝေဖန်ကန့်ကွက်မှုတွေ ရှိလာပြီးနောက်မှာ စမ်းသပ်ရှာဖွေမယ့်အစီအစဉ်ကို ဖျက်လိုက်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။
2020-07-08
တနှစ်နဲ့ ၁၀ လကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးကို နေပြည်တော်မှာ ၂ ရက်တာ ပြုလုပ်ခဲ့ပေမယ့် တပ်နေရာချထားရေး အငြင်းပွားမှုကြောင့် တိုက်ပွဲတွေ ဖြစ်ပွားတဲ့ကိစ္စတွေမှာ သဘောတူညီချက်မရခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။
2020-07-08
ဖားကန့်ဒေသက မြေပြိုမှုမှာ သေဆုံးသွားသူအများစုဟာ တရားမဝင်လုပ်ကိုင်နေ သူတွေဖြစ်ကြောင်း၊ အလုပ်ရရှိဖို့ ခက်ခဲနေသေးတာကြောင့် တရားမဝင်လုပ်ကိုင်သူ တွေများနေတာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ပြောပါတယ်။ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ တရားဝင်လုပ်ကိုင်ရေး၊ မတော်တဆသေဆုံးမှု တွေ လျော့ပါးရေး လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
2020-07-08
တပ်မတော်ရဲ့ ဆိုးဝါးတဲ့ ကျူးလွန်ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံ အခြေအနေတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ တင်ပြပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI က ထပ်မံတောင်းဆိုလိုက်ပါတယ်။