သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-26
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေအရ ပုံနှိပ်မီဒီယာတွေနဲ့ ရုပ်မြင် သံကြား မီဒီယာတွေဟာ အပြန်အလှန် ၃၀ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခွင့်ရှိမှာ ဖြစ်ပါတယ်။
2015-08-26
မန္တလေးမြို့ အိုးဘိုထောင်မှာ ဖမ်းဆီးထိန်း သိမ်းထားတဲ့ ရတနာပုံတက္ကသိုလ် က ကျောင်းသား ၄ ဦးဟာ စာမေးပွဲဖြေရမယ့်ရက်နီးလာ ပြီဖြစ်တာကြောင့် သူတို့အားလုံးကို လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တောင်းဆိုလိုက် ပါတယ်။
2015-08-26
အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေး ထိုးမယ်လို့ မကြာသေးမီက ကြေညာထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေ မနေ့က တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က ရွာသား ၇ ဦး ကို ဖမ်းဆီးသွားတယ်လို့ ရှမ်းပြည်တပ် မတော် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလက RFA ကို ပြောပါတယ်။
2015-08-26
အစိုးရနဲ့ တိုင်းရင်းသားတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြဖို့ ဒေါ်အောင်ဆန်း စုကြည်က သတိပေးပြောကြားလိုက်ကြောင်း AP သတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။
2015-08-25
ရခိုင်ပြည်နယ် မောင်တောမြို့ နယ် တောင်ပြိုလက်ဝဲမှာ ယာယီ ကယ်ဆယ်ထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား လှေစီးပြေး ဒုက္ခသည်တွေထဲက ၁၂၅ ဦးကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ဒီနေ့ လွှဲပြောင်းပေးလိုက်ပါတယ်။
2015-08-25
သံလွင်မြစ်မှာ တည်ဆောက်မယ့် ရေအား လျှပ်စစ်စီမံကိန်းတွေကို ကန့်ကွက်ကြောင်း ရှမ်းပြည်နယ်က ဒေသခံတိုင်းရင်းသား ၂၃၀၀၀ ကျော်က စုပေါင်းလက်မှတ်ထိုးပြီး မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်သက်ရောက်မှု ဆန်းစစ်ချက်တွေ လုပ်ဆောင်နေတဲ့ သြစတြေးလျနိုင်ငံက SMEC ကုမ္ပဏီကို ပေးပို့လိုက်ပါတယ်။
2015-08-25
ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ အခြေစိုက်တဲ့ ပန်ဝါမြို့ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလွဲပြီး တစ်ခြားနိုင်ငံရေးပါတီတွေ စည်းရုံးရေးမဆင်းဖို့နဲ့ ပါတီ ဆိုင်းဘုတ် တင်တာတွေမလုပ်ဖို့ ပိတ်ပင်တားမြစ်ထား တယ်လို့ သိရပါတယ်။
2015-08-25
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးကို ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်တွေနဲ့ မကိုက်ညီလို့ဆိုပြီး ကယားပြည် နယ် ဘောလခဲနဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခရိုင်ကော်မရှင်ရုံးခွဲတွေက ပယ်ချလိုက်ပါတယ်။
2015-08-25
လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွဲခဲ့မှုနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ ရဲအရာရှိတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့အညီ အရေးယူအပြစ်ပေးဖို့ ဖမ်းဆီး ခံကျောင်းသား ၅၈ ဦးက လက်မှတ်ရေးထိုးပြီး သာယာဝတီခရိုင်တရားရုံးမှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2015-08-24
သြင်္ကန်မိုးအပါအဝင် ဂန္တဝင်မြောက် ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီး ရိုက်ကူးခဲ့တဲ့ အကယ်ဒမီဆု ငါးဆုရှင် ဒါရိုက်တာ မောင်တင်ဦး အသက် (၇၅) နှစ်ဟာ ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ် ပါတယ်။
2015-08-24
ပြီးခဲ့တဲ့လပိုင်းအတွင်း မြန်မာနိုင်ငံဒေသ အတော်များများမှာ မိုးကြီးခဲ့တဲ့ အတွက် ရေဘေးကြောင့် သေဆုံးသူ ၁၂၁ ဦး အထိရှိပြီဖြစ်ကာ အများဆုံးက ရခိုင်ပြည်နယ်က ဖြစ် တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ပြောပါတယ်။
2015-08-24
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးလက်မှတ်ရေးထိုး ပါဝင်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ကြိုးပမ်းအကောင်အထည်ဖော်ပေးဖို့ KPSN ကရင်အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ရက်က ဒီကနေ့ အရေးပေါ် ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
2015-08-24
လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေကို လာမယ့် စက်တင်ဘာလမှာ ထုတ်ပြန်ကြေညာသွား မှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြောပါတယ်။
2015-08-24
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်လက်မှတ်ထိုးနိုင်ရေးမူကို ကိုင်စွဲပြီး တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေက သမ္မတ ဦးသိန်းစိန်နဲ့ ဆက်ဆွေးနွေးသွားမယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ပြီးဆုံးသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိပ်သီးအစည်းအဝေး EAOs (Ethnic Armed Organizations Summit) ကနေ ဆုံးဖြတ်လိုက်ပါတယ်။
2015-08-24
၈၈ မျိုးဆက် ငြိမ်းချမ်းရေးအဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အကြား သဘော ထားတွေ ကွဲကုန်ကြပြီဆိုပြီး ရေးသားပြော ဆိုနေကြတာဟာ မှားယွင်းကြောင်း ဒီကနေ့ ပူးတွဲကြေညာ ချက်ထုတ်ပြန်ပြော ဆိုလိုက်ပါတယ်။