သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-23
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ မနေ့က စတင်ပြီးမိုးရွာသွန်းနေတာကြောင့် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန် လာနိုင်တာမို့ မြစ်ကမ်းအနီးနေထိုင်ကြ သူတွေ ပြောင်းရွှေ့ကြဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ွက လိုက်လံသတိပေးနှိုးဆော်ထားပါတယ်။
2015-08-23
ဧရာဝတီတိုင်းဒေသကြီးက ရေဘေး သင့်ဒေသတွေဖြစ်တဲ့ ဟင်္သာတမြို့နယ်နဲ့ အင်္ဂပူမြို့ နယ်တွေမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက နယ်လှည့်ဆေးကု သရေး ရေယာဉ်နဲ့ လိုက်လံ ဆေးကုသပေးနေရာမှာ ဆရာဝန်ရရှိရေး အခက် အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
2015-08-23
တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံထားရ တဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါ အဝင် ကျောင်းသား၊ အလုပ်သမား၊ လယ် သမားတွေကို တရားစွဲအကျဉ်းချထားတာကို ကန့်ကွက်တဲ့ အနေနဲ့ Failed Law မတရားတဲ့ ဥပဒေအားလုံးကို ကန့်ကွက်ကြောင်း တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
2015-08-23
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး တပြိုင်တည်း လက်မှတ်ရေးထိုးခွင့် ရမှသာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ကို လက်မှတ်ရေး ထိုးမှာဖြစ်တယ်လို့ ကချင် လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက သြဂုတ်လ ၂၁ ရက်နေ့ရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
2015-08-22
ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူဟာ လာမယ့်ရွေးကောက်ပွဲ မှာ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်း ထားပါတယ်။
2015-08-22
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကနေ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင် သွင်းထားတဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြု လိုက်ကြောင်း တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။
2015-08-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင်းက ဟိုပုန်းနဲ့ ဆီဆိုင်မြို့တွေကို လာမယ့် စက်တင်ဘာလ ၅ ရက် နေ့ကနေ ၆ ရက်နေ့အထိ နှစ်ရက် ကြာသွားရောက်မှာ ဖြစ်ပါတယ်။
2015-08-22
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေး ချယ်မယ့်ရက်ကို နောက်ဆုံးရက်ကို သြဂုတ်လကုန်အထိ အချိန်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
2015-08-22
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဟာ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌ ရာထူးကနေ ဖယ်ရှားခံရပေမယ့် ပါတီဗဟိုကော်မတီဝင်အနေနဲ့ ဆက်လက်ရှိနေ ဆဲဖြစ်ကြောင်း ပါတီရဲ့အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောပါတယ်။
2015-08-21
နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရတနာပုံ တက္ကသိုလ် ကျောင်းသား ၄ ဦးကို အာမခံပေးဖို့ အတွက် ကျောင်းသားတွေရဲ့ရှေ့နေက လျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2015-08-21
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က သူ့ရဲ့မဲဆန္ဒနယ်ဟောင်းဖြစ် တဲ့ နေပြည်တော် ဇေယျာသီရိမြို့နယ်အကျိုးအတွက် ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ ဒီနေ့ ဇေယျာသီရိ မြို့နယ် စိမ်းစားပင်ဓမ္မာရုံမှာ အင်အား ၅ဝဝ လောက်ရှိ တဲ့ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောလိုက်ပါတယ်။
2015-08-21
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လာမယ့်ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်းလောက် သာ နိုင်ရင်လည်း တပ်မတော်သားကိုယ်စား လှယ်တွေ နဲ့ ပေါင်းလိုက်ရင် ၅၁ ရာခိုင်နှုန်းရှိတဲ့အတွက် အစိုးရ ဖွဲ့နိုင်တယ်လို့ ပြောတာဟာ ဘယ်ပါတီကပဲပြောပြော တပ်မတော်ကို ခါးပိုက်ဆောင်တပ်အဖြစ် ပြောလိုက် တာဖြစ်တဲ့အတွက် စော်ကားရာရောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2015-08-21
နိုင်ငံကို ဦးဆောင်မယ့်ပုဂ္ဂိုလ်ဟာ နိုင်ငံခြားသား သား သမီး မြေး အထိ ကင်းရှင်းသူဖြစ်သင့်ပြီး၊ မြန်မာနိုင်ငံသား စစ်စစ်သာဖြစ် သင့်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2015-08-20
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံ သားနှစ်ယောက် အသတ်ခံရမှုနဲ့ ပတ်သက် ပြီး တရားခံအဖြစ် စွပ်စွဲထိန်းသိမ်းခံထားရ တဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ရဲ့ အမှုကို သြဂုတ်လ ၁၈ ရက်ကနေ ၂ဝ ရက်အထိ တရား လိုပြသက်သေ ၁၁ ယောက်ကို စစ်ဆေးခဲ့ရာ ခိုင်မာတဲ့ ထွက်ဆိုချက်မျိုး မတွေ့ခဲ့ရဘူးလို့အမှုကို လိုက်ပါကူညီဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က RFA ကို ပြော ပါတယ်။
2015-08-20
စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ်နဲ့ စံရားကြီးကျေးရွာက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၉၀ ကျော်ဟာ ပါတီဗဟိုရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို မကျေနပ်တာကြောင့် ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်လိုက် ပါတယ်။