သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-30
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့သာသနိက အဆောက်အဦးတွေကို ဖယ်ရှားပြီးရွှေ့ပြောင်းပေး ဆိုရင်လည်း ရွှေ့ပြောင်းပေးမှာဖြစ်သလို အသစ်ပြန်လည် တည်ဆောက်ပေးဆိုရင်လည်း တည်ဆောက်ပေး မှာဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ Mr. Kico က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2013-09-30
ဂျပန်နိုင်ငံက Mitsui ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဆန်နဲ့ဆန်အချောထည် ပစ္စည်းစက်ရုံတွေ တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ဒီနေ့ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
2013-09-30
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သုံးရက်ကြာကျင်းပနေတဲ့ မွန်အမျိုးသား ညီလာခံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့အပါအဝင် အချက် ၅ ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်လိုက်ပါတယ်။
2013-09-30
မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ နိုင်ငံတွင်းမှာ အကြမ်းဖက်ပဋိပက္ခတွေ ထပ်ပြီးမဖြစ်ပွားဖို့အတွက် ထိန်းသိမ်းကြစေလိုတယ်လို့ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက မေတ္တာရပ်ခံ ဟောကြားလိုက်ပါတယ်။
2013-09-30
မြန်မာနိုင်ငံမှာ မွေးဖွားပြီး အိန္ဒိယနိုင်ငံမှာရောက်ရှိနေတဲ့ ဝိပဿနာဆရာကြီး ဦးဂိုအင်ဂါ (၉၀ နှစ်)ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်း (ခေါ်) ဘုံဘေမြို့နေအိမ်မှာ မနေ့က ကွယ်လွန်သွား ပါတယ်။
2013-09-30
ရခိုင်ကမ်းလွန်ဒေသမှာရှိတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းကနေ ရမ်းဗြဲမြို့နယ်ကို လည်း ၂၄ နာရီမပြတ် လျှပ်စစ်မီးပေးရေး အတွက် ရမ်းဗြဲမြို့နယ်ဒေသခံ တစ်ထောင်နီးပါးလောက် ဒီနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2013-09-30
ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပြီး အဲဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့ တရုတ်နိုင်ငံက CPI ကုမ္ပဏီ လည်း မြစ်ကြီးနားမြို့ကနေ အမြန်ဆုံးထွက်ခွာသွား ဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
2013-09-29
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စက်တင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၇ နာရီလောက်က ကမန်အမျိုးသား တစ်ဦးရဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကိုပြောပါတယ်။
2013-09-29
၂၀၁၄ ခုနှစ်မကုန်ခင် မွန်နှစ်ပါတီ ပူးပေါင်းရေးအတွက် အလေးထား ဆောင်ရွက်သွားမယ်လို့ မွန်အမျိုးသား ညီလာခံ ဒုတိယနေ့ ပါတီပေါင်းစည်းရေး ဆွေးနွေးပွဲမှာ ပါတီခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။
2013-09-29
လာမယ့် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းကျရင် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း သုံးစွဲသူအရေအတွက် ငါးဆကျော် တိုးတက်လာမှာဖြစ်ပြီး၊ ဒါဟာ တိုင်းပြည်ရဲ့ လူဦးရေတဝက်လောက် မိုဘိုင်းဖုန်း သုံးစွဲလာနိုင်ကြမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ နော်ဝေး Telenor ကုမ္ပဏီက ခန့်မှန်းပြောဆို လိုက်ပါတယ်။
2013-09-29
ပညာထူးချွန်တဲ့ မြန်မာလူငယ် (၂၇) ယောက်ကို တက္ကသိုလ် ပညာရေး ဆက်လက်သင်ယူနိုင်ဖို့ အတွက် မြန်မာဘာသာ စကားဆိုင်ရာ တရုတ် အမျိုးသမီး ပါမောက္ခကြီးတစ်ဦးက ပညာသင်ဆု ချီးမြှင့်ခဲ့ပါတယ်။
2013-09-29
ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ်ခရိုင်၊ ရှန်ခိုင်းဂလုပ်မြို့နယ်၊ ဘူကစ်တာဆောက်လုပ်ရေး လုပ်ငန်းခွင်က လုပ်ခလစာမရလို့၊ မြို့ပိုင်ရုံးကို ချီတက်တောင်းဆိုခဲ့တဲ့ မြန်မာအလုပ်သမား (၁၀၀)ကျော်ရဲ့ လုပ်အားခတွေကို လာမယ့် အောက်တိုဘာလ(၄)ရက်နေ့မှာ အတိအကျ ပေးချေပါ့မယ်ဆိုတဲ့ ကတိရရှိလို့ ပြေလည်မှုရရှိသွားပြီလို့ သိရပါတယ်။
2013-09-29
လက်ပံတောင်း အရေး လှုပ်ရှားသူ သံဃာတော်တွေ နဲ့ ဒေသခံတွေ စုစုပေါင်း ၅၀ လောက်ဟာ မန္တလေးတိုင်း အမရပူရမြို့ အဝင်ကနေ လက်ပံတောင်းတောင်ခြေ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်အထိ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ အာဏာပိုင်တွေက ခွင့်ပြုခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
2013-09-29
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပဖို့ လျာထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2013-09-29
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲရာမှာ ပြည်သူတွေ ပါဝင်လာဖို့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း နိုင်ငံရေး လေ့လာသူတွေ က ပြောကြပါတယ်။