သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-10
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေတာကြောင့် ကျန်းမာရေးဆိုင်ရာ ကန့်သတ် ချက်တွေနဲ့အညီ နိုင်ငံရေးပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဖို့ အခက်အခဲရှိတယ်လို့ မွန်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် လောင်းတွေက ပြောကြပါတယ်။
2020-09-09
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ရာထူးက ဖယ်ရှားဖို့ ပြည်နယ်လွှတ်တော်ကို တိုင်ကြားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သူ့ကို ငွေကြေးအလွဲသုံးစားမှုအတွက် အရေးယူဖို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ထပ်မံတိုင်ကြားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
2020-09-09
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်က မဲဆန္ဒနယ်မြေတွေမှာ အမျိုးသမီး လွှတ်တော်အမတ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မှုဟာ ၂၀၁၅ကထက် လျော့နည်းသွားပါတယ်။
2020-09-09
ရွေးကောက်ပွဲ မတိုင်ခင် ရက်ပေါင်း ၆၀ မဲဆွယ်ခွင့်ပြုလိုက်ပေမယ့် ရခိုင်ပြည်နယ်မှာတော့ လုံခြုံရေးအခြေအနေနဲ့ ရုတ်တရက် တိုးမြင့်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်ဖို့ အဆင်မပြေတဲ့ မြို့နယ်တွေ ရှိနေပါတယ်။
2020-09-09
ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံသူတချို့ နေထိုင်ဖို့ ပြင်ဆင်ထားတဲ့ ဘာဆန်ချာကျွန်းကို လေ့လာဖို့ ဘာသာရေးခေါင်းဆောင်နဲ့ အကြီးအကဲ ၄၀ ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စီစဉ်ပေးခဲ့ပါတယ်။
2020-09-08
ရိုဟင်ဂျာတွေကို နှိမ်နင်းတဲ့ကာလမှာ ကိုယ်တိုင်ပါဝင်ခဲ့ရတယ်လို့ ဝန်ခံထားတဲ့ တပ်မတော်သားနှစ်ယောက် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး International Criminal Court ကို ရောက်သွားတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်မယ့် လမ်းစပေါ်လာတယ်လို့ ရှေ့နေတွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။
2020-09-08
ရခိုင်ပြည်နယ်မှာ ကိုရိုနာ ပိုးတွေ့လူနာ တဖြည်းဖြည်းများလာပေမယ့် လူတွေ စုပေါင်းနေထိုင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကပ်ရောဂါကာကွယ်ရေး ထိရောက်တဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေ မရှိတာကြောင့် အလွယ်တကူ ကူးစက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေ၊ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
2020-09-07
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးတဲ့သူ ၁၅၀၀ ကျော်သွားပါပြီ။ အဲဒီထဲမှာ လူဦးရေအများဆုံးနေတဲ့ မဟာရန်ကုန်မှာတော့ မနေ့ကတစ်နေ့ထဲ ပိုးတွေလူနာ ၄၀ ကျော်ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကမ္ဘာတဝှမ်းမှာတော့ ပိုးတွေ့လူနာ ၂၇ သန်းကျော်သွားပါပြီ။
2020-09-06
အစိုးရက လက်လှမ်းမမီတဲ့ ကျေးလက်ဒေသနဲ့ ပဋိပက္ခဖြစ်ပွားတဲ့ တိုင်းရင်းသား ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်း EHOs က နိုင်ငံလေးနိုင်ငံကို အကူအညီ တောင်းခံထားပါတယ်။
2020-09-06
နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက် ဒီနေ့မနက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2020-09-05
မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ နီးလာချိန်၊ မဲဆွယ်ပွဲတွေမှာ နိုင်ငံစီးပွားရေး တိုးတက်အောင် ဘယ်လိုဆောင်ရွက်ကြမလဲကစပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါပြဿနာနဲ့ ငြိမ်းချမ်းရေးကိစ္စတွေဟာ မဲဆန္ဒရှင်လူထုကို ရွေးကောက်ပွဲဝင်ရောက်မယ့် ပါတီတွေ ရှင်းပြရမယ့် အခြေအနေပါ။
2020-09-04
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်ဖြစ်ပွားသူဦးရေ တိုးပွားလာနေပြီး ၇ ဦးမြောက် လူနာတစ်ဦး ဒီရောဂါနဲ့ မနေ့က ကွယ်လွန်သွားပါတယ်။
2020-09-04
ရခိုင့်တပ်တော် AA အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးကို ပြောနေပြီး၊ လက်တွေ့မှာတော့ ဗုံးထောင်ဖောက်ခွဲနေတာကြောင့် အပြောနဲ့အလုပ် မညီဘူးလို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက စက်တင်ဘာလ ၄ ရက်နေ့ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း တုန့်ပြန်လိုက်ပါတယ်။
2020-09-04
လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးချင်လို့ မဲရုံကိုရောက်လာတဲ့ မသန်စွမ်းတွေကို တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာတွေ အားလုံးက ဝိုင်းဝန်းကူညီပေးဖို့ မသန်စွမ်းသူများအရေး ဆောင်ရွက်နေသူတွေက တောင်းဆို လိုက်ပါတယ်။
2020-09-03
မကြာသေးခင်က သံလွင်မြစ်ရေကြီးခဲ့လို့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ဒုက္ခသည်စခန်းတစ်ခုနဲ့ ကျေးရွာတချို့က နေအိမ်တွေ ရေနစ်မြှုပ်ပျက်စီးသွားခဲ့လို့ ကရင်အရပ်ဖက် အဖွဲ့ အစည်းတွေက ကူညီနေပါတယ်။