သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-13
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီး မွတ်ဆလင် ဒုက္ခသည်စခန်းမှာ လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံသားစိစစ်ရေးကတ်လုပ်ပေးဖို့ဆိုပြီး ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက ကွင်းဆင်းဆောင်ရွက်သွားပေမယ့် ခုနှစ်လကျော်တဲ့ ဒီနေ့အချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးဘူးလို့ ဒုက္ခသည်တွေ က RFA ကိုပြောပါတယ်။
2020-08-13
၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်း စာရင်းတွေထဲမှာ နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံရှိတဲ့ လူကြီးတွေ ပါဝင်မှု ပိုများနေပြီး လူငယ်တွေ ပါဝင်မှု နည်းနေတယ်လို့ သုံးသပ်မှုတွေနဲ့အတူ နိုင်ငံရေးမှာ လူငယ်မျိုးဆက် ပြတ်သွားမှာကို စိုးရိမ်သူတွေ ရှိနေပါတယ်။
2020-08-12
ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ပလတ်စတစ်သုံးစွဲမှုဟာ ၂ဝ ရာခိုင်နှုန်း အထိတိုးလာတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တခုက နောက်ဆုံး လေ့လာတွေ့ရှိ ထားပါတယ်။
2020-08-11
မန္တလေးအခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်မယ့် လှုပ်ရှားမှုကို စတင်ကြောင်း သြဂုတ်လ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကြေညာခဲ့ပါတယ်။
2020-08-10
ကယားပြည်နယ်လို့ခေါ်တဲ့ ကရင်နီဒေသ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေကို အားရကျေနပ်မှုမရှိဘူးလို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။ ပြည်နယ်အစိုးရနဲ့ အာဏာရ NLD ပါတီကတော့ ဒေသတွင်း ငြိမ်းချမ်းရေးလုပ်ငန်းအတွက် အထောက်အကူဖြစ်နိုင်တာတွေ ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ပါတယ်။
2020-08-09
မြန်မာ့သမိုင်းမှာ အထင်ကရရှိခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံဟာ ဘယ်လိုကနေ ပေါ်ပေါက်လာတာလဲ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာနဲ့ ပတ်သက်လို့ အထွေထွေဖြစ်ရပ်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2020-08-07
၁၉၈၈ လူထုအရေးတော်ပုံ ဖြစ်ပွားခဲ့တာ ဒီကနေ့ ၃၂ နှစ် ပြည့်ခဲ့ပါပြီ။ လူတွေထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ အဲဒီအရေးတော်ပုံမှာ ပြည်သူတွေ တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ဘယ်လောက် ရရှိခဲ့ကြပါပြီလဲ။
2020-08-07
ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် ၃၃ဝ အပြည့်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတဲ့ဒေသတွေမှာ မဲဆန္ဒရှင်စာရင်း မထုတ်ပြန်နိုင်တာ၊ နယ်မြေအုပ်ချုပ်မှု လျော့ရဲတဲ့ဒေသတွေမှာ မဲရုံထားရေး မထားရေး မသေချာတာ၊ တချို့ဒေသတွေမှာ ရွေးကောက်ပွဲမဲစာရင်း မကောက်နိုင်တာတွေကြောင့် သုံးလအကြာမှာကျင်းပမယ့် နိုဝင်ဘာရွေးကောက်ပွဲဟာ မရေရာမှုတွေနဲ့ ပြည့်နေပါတယ်။
2020-08-07
ရခိုင်မြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လာမယ့်အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းကို ကြည့်ဖို့ အခက်အခဲဖြစ်နေပါတယ်။
2020-08-07
ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေကို နေရာပြန်ချထားဖို့ အစိုးရနဲ့ ကချင် လူသားချင်း စာနာထောက်ထားမှုအဖွဲ့ KHCC တို့ ပူးပေါင်းစီစဉ်နေပါတယ်။
2020-08-06
၂၁ ရာစုပင်လုံညီလာခံကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ ရက္ခိုင့်တပ်တော် AA ကလွဲရင် ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားသွားမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုပြောဆိုပါတယ်။
2020-08-06
နိုဝင်ဘာလရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်းက တပ်မဲရုံတွေ အပါအဝင် အနယ်နယ်အရပ်ရပ်က တပ်မဲရုံ ၆၃၂ ရုံကို တပ်ပြင်ပမှာ ထားရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါတယ်။ တပ်မဲရုံတွေကို အပြင်ထုတ် လိုက်မယ်ဆိုရင် ပွင့်လင်းမြင်သာလာပြီး မဲရလဒ်တွေ အပြောင်းအလဲဖြစ်လာနိုင်မယ်လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။
2020-08-05
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ အခြေခံပညာ ကျောင်းပေါင်း ၂ဝ ကျော်ရှိပြီး ကျောင်းသားသုံးသောင်းကျော် ရှိတယ်လို့ မြို့နယ်ပညာရေးမှူးရုံး ကတဆင့် သိရပါတယ်။ လက်ရှိမှာ ပလက်ဝမြို့ပေါ်က အထက ၂ ကျောင်း တစ်ကျောင်းကိုပဲ ပြန်ဖွင့်နိုင်ပါသေးတယ်။
2020-08-05
နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတချို့က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင်တွေ ပါဝင်လာပါတယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံး အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းဦးရေ သိသိသာသာ ပါဝင်လာတာဖြစ်ပါတယ်။
2020-08-04
ကပ်ရောဂါကာလအတွင်း ရောဂါမကူးစက်အောင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရတဲ့အချိန် လက်သန့်ဆေးရည် Hand sanitizer တွေဟာ ဘယ်သွားသွား ကိုယ်နဲ့မကွာ ဆောင်ထားရတဲ့ ပစ္စည်းတစ်ခုဖြစ်လာပါတယ်။