သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-14
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကချင်တိုင်းရင်းသားတွေ ထောက်ခံကြပြီး ပြည်ပလူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကပဲ ကန့်ကွက်နေတာလို့ ဇန်နဝါရီလ ၁၃ရက် မနေ့က ထုတ်ပြန်တဲ့ တရုတ်နိုင်ငံသံရုံး ထုတ်ပြန်ချက်ကို ကချင်တိုင်းရင်းသားတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက ကန့်ကွက်ကြပြီး မြစ်ဆုံစီမံကိန်းကို မထောက်ခံကြောင်း ပြောကြပါတယ်။
2019-01-14
လတ်တလော ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်သူတွေ အားလုံးတစ်ညီတစ်ညွတ်တည်း တစ်သဘောတည်းရှိတယ်ဆိုတာကို ပြသဖို့အတွက် “ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီ” ကို ဖွဲ့စည်းဖို့ မနေ့က ရခိုင်အမျိုးသားပါတီ ANP ရုံးမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
2019-01-14
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံ တိုင်းရင်းသားပြည်သူတွေက ဆန့်ကျင်ကန့်ကွက် တာမရှိဘဲ ပြင်ပရောက်ရှိနေသူတွေနဲ့ အဖွဲ့အစည်းတွေကသာ ကန့်ကွက်ကြ တာဖြစ်ကြောင်း ကချင်နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်းခေါင်းဆောင်တွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ကို ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-01-11
တရုတ်အစိုးရရဲ့ အာရှပစိဖိတ်ရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်း ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ AA ရခိုင့်တပ်မတော်၊ TNLA တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့ ၊ MNDAA ကိုးကန့်အဖွဲ့တွေက ထိပ်တန်းခေါင်းဆောင်တွေနဲ့ လိုင်ဇာမြို့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2019-01-11
ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ဒေသခံ ၇ဝ ရာခိုင်နှုန်းဟာ မြန်မာ့တပ်မတော်ရဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံတွေ့ခံစားခဲ့ရတဲ့အတွက် ဒေသခံအများစုက ကိုယ့်တိုင်းရင်းသား အဖွဲ့အစည်းတွေကိုသာ အုပ်ချုပ်စေချင်တယ်လို့ မကြာခင်ရက်ပိုင်းက ထုတ်ပြန်တဲ့ စစ်တမ်းအရ သိရပါတယ်။
2019-01-11
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ကုန်သွယ်မှုအထူးအခွင့်အရေး GSP မရုပ်သိမ်းဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားအဖွဲ့အသီးသီးက ကြိုးစားနေကြပါတယ်။
2019-01-11
အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့အယူခံကို ရန်ကုန်တိုင်းတရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2019-01-10
ရခိုင်ပြည်နယ် ဂွမြို့နယ်က လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန အငြိမ်းစားဝန်ထမ်းတဦး အပါအဝင် လေးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။
2019-01-10
စာရေးဆရာကိုဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့ကို စွဲချက်တင်ထားတဲ့ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ လျှောက်ထားချက်ကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ဒီနေ့ ပလပ်လိုက်ပါတယ်။
2019-01-10
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းလောက်က ကချင်ပြည်နယ်နယ်မြစ်ကြီးနားမြို့မှာ ကချင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2019-01-10
AA ရက္ခိုင့်တပ်မတော်နဲ့ မြန်မာအစိုးရတပ်မတော်အကြား တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ မွတ်စလင်တွေ မြန်မာဘက်ပြန်လာဖို့ စိုးရိမ်နေကြပါတယ်။
2019-01-09
မိုးထိမိုးမိဒေသ ရွှေလုပ်ကွက်မှာ ကုမ္ပဏီတချို့က တရားမဝင်ရွှေတူးဖော်တာတွေ ရှိနေတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2019-01-09
ရက္ခိုင့်တပ်မတော် AA နဲ့ ARSA အကြမ်းဖက်အဖွဲ့အကြား ဆက်ဆံမှုရှိကြောင်းနဲ့၊ AA အဖွဲ့ကို ထောက်ခံတာ တွေ ရပ်တန်းကရပ်ဖို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ ပြောကြားချက်ကို ရခိုင် နိုင်ငံရေးလေ့လာသူတွေကလည်း ကန့်ကွက်ကြပါတယ်။
2019-01-09
ရှမ်းပြည်နယ်ဟာ ကမ္ဘာပေါ်မှာ ICE လို့ခေါ်တဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု အကြီးမားဆုံးနေရာဖြစ်ပြီး အဲဒီ ထုတ်လုပ်မှုတွေမှာ တပ်မတော်နဲ့ မဟာမိတ်ဖြစ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့ ICG က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-01-09
ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။