သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-31
မြန်မာနိုင်ငံမှာ မနေ့တရက်ထဲ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၉၅ ဦးကိုစစ်ဆေးတွေ့ရှိတဲ့အဖြစ်က ကမ္ဘာပေါ်က တခြားနိုင်ငံတွေမှာ ဖြစ်သလိုပဲ တရှိန်ထိုး တက်လာတဲ့ အခြေအနေဖြစ်ပါတယ်။ အခုလိုဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းနိုင်ပါ့မလား ဆိုတာ အထူး စိုးရိမ်စရာဖြစ်ပြီး လာမယ့် ၂ ပတ်လောက်အတွင်း ဖြစ်ပေါ်လာမယ့် အခြေအနေက တော်တော်အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တဦးက RFA ကို ပြောပါတယ်။
2020-08-28
ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးများခဲ့ပြီး သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်ခဲ့တာကြောင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်အနီး ဒုက္ခသည်စခန်းတစ်ခုမှာ နေအိမ်တချို့ ရေနစ်မြုပ်ခဲ့ပါတယ်။ ရေကျသွားပြီးတဲ့နောက် ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ လုပ်ကိုင်ဖို့ အကူအညီတွေ လိုအပ်နေပါတယ်။
2020-08-28
တရုတ်အာဏာပိုင်တွေက ခရီးသွားလာမှုပိတ်လိုက်တဲ့အတွက် ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ် ကြားမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းနှစ်ခုမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။
2020-08-28
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ပအိုဝ်းတိုင်းရင်းသားပါတီတွေကနေ အမျိုးသမီး စုစုပေါင်း ခြောက်ယောက် ဝင်ပြိုင်ဖို့ရှိနေပါတယ်။ နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှု များပြားလာစေဖို့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြတာလို့ ကိုယ်စားလှယ်လောင်းတွေက ပြောကြပါတယ်။
2020-08-27
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဩဂုတ်လ ၂၇ ရက် ဒီနေ့မနက်က တပ်မတော်က ပစ်ခတ်တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးသွားသလို နောက်ဖြစ်စဉ်တစ်ခုမှာလည်း ပစ်ခတ်ခံရလို့ အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2020-08-27
ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတွေ နှစ်ပတ်အတွင်း ၂၀၀ နီးပါး ရှိသွားပါပြီ။ လက်ရှိ ဆေးရုံမှာ ကုသမှု ခံယူနေရတဲ့ အတည်ပြုလူနာတချို့ဟာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့သူတွေ ဖြစ်တာကြောင့် ဒုက္ခသည်တွေအတွက် စိုးရိမ်စရာကောင်းလာပါတယ်။
2020-08-27
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ရုတ်တရက် များပြားလာတာကို ဟန့်တားနေကြချိန်မှာ မဲဆွယ်စည်းရုံးရေး ပိုမိုခက်ခဲနိုင်တာကြောင့် ကူးစက်မှု လျော့နည်းချိန်ရောက်မှ ရွေးကောက်ပွဲ ပြုလုပ်သင့်တယ်လို့ အမတ်လောင်း တချို့က ပြောပါတယ်။
2020-08-26
ကချင်ပြည်နယ်က ဒုက္ခသည်စခန်း ၈၅ ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်း သုံးထောင်ကျော် လာမယ့်ရွေးကောက်မှာ မဲပေးပိုင်ခွင့်ရအောင် ဆောင်ရွက်ထားတယ် လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
2020-08-25
ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးရေး လုပ်ဆောင်ရာမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ တင်းကျပ်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှု လျော့ကျလာပါတယ်။
2020-08-25
မြန်မာပြည်သူတွေအကြားမှာ အင်မတန်ထိလွယ်ရှလွယ်တဲ့ ကိစ္စတခုကတော့ လက်ရှိရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းဖြစ်ပါတယ်။ ဒီရက်ပိုင်းထွက်ပေါ်ခဲ့တဲ့ သတင်းတချို့ကြောင့် ဒီစီမံကိန်းကို ပြန်လည် စတင်တော့မှာလားဆိုပြီး ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။
2020-08-25
ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေကို တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တာ ဒီနေ့ သြဂုတ်လ ၂၅ ရက်ဆိုရင် သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။ အရင်နှစ်တွေမှာတော့ နှစ်ပတ်လည်အခမ်းအနားတွေ ပြုလုပ်နိုင်ပေမယ့် ဒီနေ့အချိန်မှာတော့ ကပ်ဘေးကာလဖြစ်တာကြောင့် အွန်လိုင်းကနေပဲ လှုပ်ရှားမှုတွေ လုပ်လိုက်ရတယ်လို့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေက ပြောကြပါတယ်။
2020-08-24
မြန်မာ့တပ်မတော်က နိုင်ငံတော်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေရှိတဲ့နေရာတွေက အပ ကျန်နေရာဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို စက်တင်ဘာ ၃ဝ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းမယ်လို့ မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းရင်းသားတွေကတော့ တပ်မတော်အနေနဲ့ နေရာဒေသအားလုံးမှာ ခြွင်းချက်မရှိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းသင့်တယ်လို့ RFA ကို ပြောပါတယ်။
2020-08-24
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ဒီရက်ပိုင်းအတွင်း တိုးလာနေတဲ့အချိန်မှာ တပ်မတော်ရော၊ ရက္ခိုင့်တပ်တော် AA အနေနဲ့ပါ စစ်ရေးလှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေရပ်ကြဖို့ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က တိုက်တွန်းလိုက်ပါတယ်။
2020-08-23
ရိုဟင်ဂျာတွေ အမြန်ဆုံးနေရပ်ပြန်ပို့နိုင်ဖို့ ဒေသတွင်းကရော နိုင်ငံတကာကပါ အရေးယူပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန်ဆောင်ရွက်မှရနိုင်မယ်လို့ ကျွမ်းကျင်သူတွေ ထောက်ပြနေပါတယ်။
2020-08-23
မြန်မာနိုင်ငံမှာ သောကြာနေ့က တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂ဝ တွေ့ရှိရပြီး စနေနေ့ တစ်ရက်ထဲမှာတစ်ခါ ၂၂ ယောက် ထပ်တိုးတဲ့အတွက် ရခိုင်ပြည်နယ်မှာ စိုးရိမ်ဖွယ်အခြေအနေတွေ ပေါ်ပေါက်နေပါတယ်။