သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-05-07
နယ်စပ် ဒုက္ခသည်စခန်းတွေက ကရင် နဲ့ ကရင်နီ (ကယား) လူမျိုး အများစုဖြစ်တဲ့ ဒုက္ခသည် ၁၀,၈၀၀၀ ဟာ လက်ရှိမှာ စားနပ်ရိက္ခာနည်းပါးနေပြီး လူသားချင်းစာနာထောက်မှုအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ငါးနှစ်အောက် ကလေးတွေအတွက် ရိက္ခာ တစ်လ အမေရိကန် ၁.၅ ဒေါ်လာ (ထိုင်းဘတ် ၅၃ ဘတ်)၊ အသက် ငါးနှစ်အထက် အတွက် ရိက္ခာတစ်လ ၂.၄ ဒေါ်လာ ( ထိုင်းဘတ်ငွေ ၈၇ ဘတ်) အထိ သာ ရရှိပါတယ်။
2025-05-06
ငလျင်ဘေးနောက်ဆက်တွဲနှင့် ထူးခြားမြန်မာသတင်းများ
2025-05-06
ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် (ခေါ်) ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောဟာ မေလ ၅ ရက် ည ၁၁ နာရီကျော်က ကွယ်လွန်သွားပါတယ်။
2025-05-06
စစ်ကောင်စီက နိုင်ငံတစ်ဝန်းယာယီအပစ်အခတ်ရပ်စဲရေးကို မေလ ၅ ရက် ဒီနေ့ကနေ မေလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးလိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTV ရုပ်သံကနေ ဒီနေ့မနက်က ကြေညာပါတယ်။
2025-05-05
ငလျင်ဘေးနောက်ဆက်တွဲနှင့် ထူးခြားမြန်မာသတင်းများ
2025-05-05
အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ကရင်အမျိုးသား တပ်မတော် KNA ကို နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး ပိတ်ဆို့အရေးယူလိုက်သလို အဖွဲ့ ခေါင်းဆောင် စောချစ်သူ နဲ့ သူ့ရဲ့ သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်မူး နဲ့ စောချစ်ချစ်တို့ကိုလည်း ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။
2025-05-05
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အနေနဲ့ လက်ရှိသိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာမှာမဟုတ်ဘူးလို့ မေလ ၄ ရက် တနင်္ဂနွေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
2025-05-05
မတ်လ ၂၈ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၂၈၂ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၂၇၆ ဦးရှိကာ ဒဏ်ရာရသူ ၄၅၆ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
2025-05-05
ထုံးကြီးရွာက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး နောက်ထပ် သုံးဦးဒဏ်ရာရခဲ့သလို လက်ပန်လှရွာက အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့တာပါ။
2025-05-04
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့က် (Volker Turk) က မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ မေလ ၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
2025-05-03
စစ်ကောင်စီရဲ့ တောင်းဆိုချက်တွေကို TNLA ဘက်က ပယ်ချခဲ့ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို ဧပြီလ ၃၀ ရက်၊ မေလ ၂ ရက်နဲ့ မေလ ၃ ရက်နေ့တွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တာပါ။
2025-05-02
ငလျင်ဘေးနောက်ဆက်တွဲနှင့် ထူးခြားမြန်မာသတင်းများ။
2025-05-02
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအနီးမှာရှိတဲ့ မြင်းမထိတောင်မှာ တရုတ်လူမျိုးတွေပါဝင်တဲ့ ကုမ္ပဏီတစ်ခုက စက်ယန္တရားကြီးတွေနဲ့ ခဲသတ္တုတူးဖော်တာကို ဒေသခံတွေက ဆက်တိုက်ကန့်ကွက် နေကြပါတယ်။
2025-05-02
ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးပုံတွေကြား ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပြီး ခုချိန်အထိ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိနေဆဲဖြစ်ပါတယ်။
2025-05-02
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အတွက် ငလျင်နောက်ဆက်တွဲ လုပ်ငန်းတွေ နဲ့ ဆက်စပ်လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးတာဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။