သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-16
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်က မိုင်းပတ်ကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စုသုံးခုမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က တပ်သားသစ်တောင်းခံနေလို့ ဒေသခံတွေ စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။
2020-12-15
ဧရာဝတီတိုင်း ချောင်းသာက မြေယာကိစ္စနစ်နာမှုအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူတွေ သဘာဝဘေးစီမံဥပဒေနဲ့ အမှုဖွင့်ခံနေရပါတယ်။
2020-12-15
ပုဒ်မ ၅၀၅ (က) နဲ့ရော ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ပါ တပ်မတော်ရဲ့ တရားစွဲတာ ခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်ကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် တရားရုံးက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ နောက်ဆုံးအမှုအတွက် ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။
2020-12-15
ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား နှစ်နှစ်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရာကနေ၊ ပြီးခဲ့တဲ့ရက်ပိုင်းက ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးခဲ့တာဟာ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် လမ်းစဖြစ်စေဖို့ ရည်ရွယ်တာလို့ တပ်မတော်ဘက်က ပြောလိုက်ပါတယ်။
2020-12-15
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တပ်မတော်ရဲ့ တရားစွဲဆိုတာကို ခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်ကို မအူပင်မြို့နယ်တရားရုံးက ထောင်ဒဏ် ခြောက်လ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2020-12-15
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးက မြန်မာသူရကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကျလို့ ရေမဆေးရှာဖွေနေသူ သုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူးမိုင် ကပြောပါတယ်။
2020-12-15
ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက် မနေ့က ညပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ထပ်တိုးလူနာ ၁၁၇၀ ဦး၊ သေဆုံးလူနာ ၂၄ ဦး ရှိပြီလို့ ထုတ်ပြန်တာကြောင့် မြန်မာနိုင်ငံမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသူ တစ်သိန်းတစ်သောင်းနီးပါးနဲ့ သေဆုံးသူ နှစ်ထောင့်သုံးရာနီးပါးအထိ ရှိလာပါတယ်။
2020-12-15
မန္တလေးခရိုင်အတွင်းက မြို့နယ် ၇ ခုမှာ အခုလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နေအိမ်အပြင်မထွက်ရ သတ်မှတ်ထားတာ ဒီနေ့မှာ ၁၁ ရက်မြောက်ရှိလာပါပြီ။ ဒါပေမဲ့လို့ ရောဂါကူးစက်မှု ကျဆင်းသွားတာမရှိဘဲ မန္တလေးခရိုင်အတွင်း တစ်ရက်ကို ကူးစက်သူပျမ်းမျှ ၂၀၀ ဝန်းကျင်ရှိနေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့၊ ကိုဗစ်ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။
2020-12-15
ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ရွေးကောက်ပွဲ အမြန်ဆုံး ပြန်လည်ကျင်းပဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၄၆ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ အခုလို တိုက်တွန်းခဲ့တာပါ။
2020-12-14
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ လတ်တလော အပစ်ရပ်နေတယ် ဆိုပေမယ့် နှစ်ဖက်တပ်ရဲ့ အနေအထားက အင်အားလျော့တာမျိုးမရှိသေးဘဲ လုံခြုံတဲ့အနေအထား မရှိသေးတာကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။
2020-12-14
ကယားပြည်နယ်မှာ ဒီနှစ် မိုးရွာသွန်းမှုနည်းပြီး ဆည်ရေသိုလှောင်ထားနိုင်မှု နည်းနေတာကြောင့် နွေစပါးစိုက်ပျိုးတဲ့ တောင်သူတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။
2020-12-14
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ နေ့စဉ်တိုးနေတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဆေးကုသပေးဖို့ နေရာမလုံလောက်တာကြောင့် ယာယီဆေးရုံတစ်ခုကို ပြင်ဆင်ထားပါတယ်။
2020-12-14
အေးပြီးစိုစွတ်တဲ့ လာနီညာဖြစ်စဉ်မှာ အချိန်အခါမဟုတ် မိုးရွာတတ်လို့ ရိတ်သိမ်းထားတဲ့ ဆောင်းသီးနှံတွေ မပျက်စီးအောင် မိုးလေဝသသတင်းတွေကို နားထောင်ပြီး သတိထားပြင်ဆင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
2020-12-14
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနေ့က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ရသူ ၅၃ ဦး တွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပြီး အဲဒီထဲက အယောက် ၅၀ ဟာ စစ်တွေတပ်နယ်က တပ်မတော်သားတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က RFA ကိုပြောပါတယ်။
2020-12-14
နေအိမ်အပြင်မထွက်ရတဲ့ ကပ်ရောဂါကာလမှာ ဖိနပ်ချုပ်အလုပ်ကို နှစ် ၃၀ ကြာလုပ်ကိုင်လာတဲ့ ဦးခမ်းလျန်ကမ်းရဲ့ ဖိနပ်ချုပ်လုပ်ငန်းအပေါ် သက်ရောက်မှုတွေက ကြီးမားပေမယ့် ဖခင်ရဲ့ လက်ဆင့်ကမ်းအမွေ ဒီလုပ်ငန်းကို စွန့်ခွာချင်စိတ် မရှိတာကြောင့် ကပ်ရောဂါအမြန်ပြီးဆုံးဖို့ သူဆုတောင်းနေပါတယ်။