သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ ဝင်ဟောင်း သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်း အနားကို မန္တလေးမြို့ တောင်လေးလုံးကျောင်း တိုက်မှာ မနေ့ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
2015-04-23
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နောင်နန်း ကျမ်းစာသင်ကျောင်းမှာ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC လူငယ်ဋ္ဌာနရဲ့ ၆ ရက်ကြာ ကျင်းပမယ့် ကချင်လူငယ် ခရစ်ယာန်ဓမ္မညီလာခံကို မနေ့က စတင်ဖွင့်လိုက်ပါတယ်။
2015-04-23
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး ဘေးနားမှာ အရည်သွေးမြင့်မားတဲ့ မြန်မာ့ကျောက်စိမ်းတွေနဲ့ တည်ထားကိုးကွယ်တဲ့ ကျောက်စိမ်းစေတီကို မကြာခင် ထီးတော်တင်တော့မှာဖြစ်ပါတယ်။
2015-04-22
မြန်မာအစိုးရက Podesta Group လို့ခေါ် တဲ့ အမေရိကန် စည်းရုံးရေးလုပ်ငန်းတစ်ခု ကို တစ်နှစ်စာအတွက် ဒေါ်လာ ရှစ်သိန်း လေးသောင်းပေး ပြီး ငှားရမ်းခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ငှားရမ်း ဖို့မလိုဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
2015-04-22
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်နဲ့ တခြားကျောင်းသားနှစ်ဦးကို ဗိုလ်တစ်ထောင်နဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့က တရားမ ဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ အမှုဖွင့်လိုက်ပါတယ်။
2015-04-22
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် (ယာယီ) က ဦးဆောင်ပြီး ပထမဆုံးအကြိမ် ညီလာခံကို လာမယ့် မေလဆန်းမှာ မန္တလေးမြို့မှာ ကျင်းပဖို့ ပြင် ဆင်နေပါတယ်။
2015-04-22
ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းမြို့နယ် အတွင်းမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေ အကြား လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်ဘက် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က ဒီလကုန်လောက်မှာ အရေးပေါ် အစည်းအဝေးကျင်းပဖို့ စီစဉ်နေပါတယ်။
2015-04-22
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေး ပါတီက မဲဆန္ဒနယ်မြေ အားလုံးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ထောင့် တစ်ရာကျော် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပါတီရဲ့ ဗဟိုကော် မတီဝင်တွေ က ပြောပါတယ်။
2015-04-22
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ညီလာခံကို ရက္ခိုင့်တပ်မတော် AA၊ တအာင်း ပလောင် လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တက်ရောက်မှာဖြစ်တယ်လို့ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
2015-04-22
ဒုတိယအကြိမ်ကျင်းပမယ့် ခြောက်ပွင့် ဆိုင်တွေ့ဆုံပွဲကို လာမယ့်မေလဆန်းမှာ ကျင်းပနိုင်ဖွယ်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျင်းပတဲ့ ဗဟို အလုပ် အမှုဆောင်ကော်မတီအစည်းဝေးမှာ ပြောကြား လိုက်ပါတယ်။
2015-04-22
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်လောက်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာမှာ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ ဝင်တွေ နဲ့ ဒေသခံတွေ အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ မှာ သေနတ်ထိမှန် သေဆုံးခဲ့သူ ဒေါ်ခင်ဝင်း အမှုကို ဆားလင်းကြီးမြို့မ ရဲစခန်း က ဒုရဲမှူးသန်းနိုင်က တရားလိုလုပ်ပြီး လူသတ်မှုအဖြစ် အမှုဖွင့်လိုက် ပါတယ်။
2015-04-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်ဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ရန်ကုန် မြို့ ရွှေဂုံတိုင် လမ်းပေါ်ရှိ တော်ဝင်နှင်းဆီခန်းမမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2015-04-22
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း ဂျပန်နိုင်ငံကို ရောက်ရှိခဲ့စဉ် အတွင်း Nikkei Asian Review သတင်းဌာန က တွေ့ဆုံမေးမြန်းချက် အပြည့်အစုံကို ဧပြီလ ၂၁ ရက်၊ မနေ့က ဖော်ပြခဲ့ပါတယ်။
2015-04-22
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာ မနေ့က မီးလောင်ကျွမ်း မှုကြောင့် နေအိမ် ၂၂ လုံး မီးထဲပါ သွားပြီး မီးဘေးဒုက္ခသည် ၂ဝဝ ကျော် ချမ်းအေးသာစံမြို့နယ်က ရွှေဘုံသာဘုန်းကြီးကျောင်းတိုက်မှာ ခိုလှုံနေရပါတယ်။
2015-04-22
နိုင်ငံခြားသားတွေနဲ့ ပြည်တွင်းခရီးသွားဧည့်သည်တွေ လေ့လာနိုင်ဖို့အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်နဲ့ တောင်သမန်ကျေးရွာက မြေဧက ၄ဝ ကျော်ကို အပန်းဖြေစခန်း တည်ဆောက်သွားမယ်လို့ သိရပါတယ်။