သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-25
မောင်တောမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေသလို လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရခဲ့သူတွေကို ဆေးဝါးကုသဖို့ ခက်ခဲနေပြီး စားနပ်ရိက္ခာတွေလည်း ပြတ်လပ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2024-06-25
ကျောက်မဲမြို့နယ်မှာ ဇွန်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
2024-06-25
ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ရိက္ခာသိုလောင်ရုံ မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ WFP က ဒီနေ့ထုတ်ပြန်ပါတယ်။
2024-06-25
မဏိပူရ်ပြည်နယ်က အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ကို စစ်ကောင်စီထံ ပြန်မပို့ရေးအတွက် အစာငတ်ခံဆန္ဒပြနေတာ ဆယ်ရက်ရှိလာပေမဲ့ ထောင်အာဏာပိုင်တွေက ညှိနှိုင်းဖြေရှင်းပေးမှု မရှိတာကြောင့် ဆန္ဒပြတာကို ဆက်လက်အရှိန်မြှင့်မယ်လို့ ဆန္ဒပြနေသူတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
2024-06-25
တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်လာချိန် လုပ်ငန်းတာဝန်ကနေ တိမ်းရှောင်ထွက်ပြေးတဲ့ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စိန်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပါတယ်။
2024-06-25
မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အဆိုးဝါးဆုံးနိုင်ငံ အဆင့် ၃ နေရာမှာ ဆက်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ၂ဝ၂၄ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2024-06-25
တာချီလိတ်မြို့မှာ အထောက်အထားမဲ့ တရုတ်နိုင်ငံသား ရှစ်ဆယ်နီးပါးကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
2024-06-25
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-25
ကုန်စည်သယ်ယူခွင့်တွေပါ ကန့်သတ်လိုက်တာကြောင့် အဲဒီမြို့တွေမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးဈေးနှုန်းတွေ မြင့်တက်လာသလို ကျန်းမာရေးပြဿနာနဲ့ လူမှုစီးပွားဘဝတွေပါ ထိခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-25
စစ်ကောင်စီက ဆန်ဈေးကွက်ကိုထိန်းချုပ်ဖို့နဲ့ ဆန်ဈေးကျဖို့အတွက် နည်းမျိုးစုံနဲ့ တင်းကျပ်လာတာလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
2024-06-25
ဒိုက်ဦးအကျဉ်းထောင်မှာ ရိုက်နှက်တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ သုံးဆယ်ကျော်ကို တိုက်ထဲကနေ ထုတ်ပြီး ဆေးဝါးကုသပေးဖို့ တောင်းဆိုပါတယ်။
2024-06-24
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို စစ်ကောင်စီတပ်က တစ်လနီးပါးအကြာ ပိတ်ဆို့ပြီး အဝင်အထွက်တွေကို တင်းကျပ်ထားတာကြောင့် မြို့တွင်းမှာ ဆေးဝါးတွေပြတ်လပ်ပြီး အခြေခံစားသောက်ကုန်တွေလည်း ဈေးတက်နေတယ်လို့ တောင်ကုတ်ဒေသခံတွေက ဇွန်လ ၂၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2024-06-24
စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာမှုနဲ့ အထွေထွေအကျပ်အတည်းတွေကြုံနေရတဲ့ မြန်မာနိုင်ငံမှာ လူ ၄၂ သန်းက ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-06-24
ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပါတယ်။
2024-06-24
ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ဒီပဲယင်းမြို့နယ်က ဘုန်းတော်ကြီးကျောင်း သုံးဆယ်က သံဃာအပါး သုံးဆယ်ကျော် ပါဝင်လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။