သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-18
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ပုံတွေမှာ လှောင်ပြောင်တဲ့စာတွေရေးသားပြီး တင်နေတဲ့ We Love Dauk Zaw ဖေ့စ်ဘွတ်ဂရု ဖွင့်လှစ်ထားသူ နှစ်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2019-09-18
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းတောင်ကြောတစ်လျှောက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ကြားတိုက်ပွဲတွေ ဖြစ်နေတာ သုံးရက်ခန့်ရှိနေပြီဖြစ်ပါတယ်။
2019-09-18
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အဟန့်အတားဖြစ်အောင် ဘာသာရေး၊ လူမျိုးရေးကဲ့သို့ ပဋိပက္ခမျိုးစုံကို ဖန်တီးဖော်ဆောင်လာနိုင်တာကြောင့် ရဟန်းရှင်လူ ပြည်သူတွေအနေနဲ့ သတိရှိရှိ ကာကွယ်တားဆီးဖို့ လိုအပ်ကြောင်း ရွှေဝါရောင်သံဃာတော်တွေက သတိပေးလိုက်ပါတယ်။
2019-09-18
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး အချိန်မနှောင်းခင် မျက်လုံးဖွင့် နားစွင့်ပြီး၊ နှလုံးသားနဲ့ ခံစားကြည့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုက်ပါတယ်။
2019-09-17
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အကြား တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးဖြစ်ထွန်းအောင် ကျိုင်းတုံမြို့မှာ ဒုတိယအကြိမ်ထပ်ပြီး ဆွေးနွေးခဲ့ကြပေမယ့် ထူးခြားတဲ့တိုးတက်မှုတွေ ရှိမလာသေးပါဘူး။
2019-09-17
အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အကြား ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးကြရာမှာ တိုက်ပွဲတွေ လျှော့ချရေး အပါအဝင် အချက် ၇ ချက်ကို သဘောတူခဲ့ကြပေမယ့် အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ခဲ့တာတော့ မရှိပါဘူး။
2019-09-17
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို အမြန်ဆုံးလုပ်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ စက်တင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့မှာ တွေ့ဆုံချိန် ပြောခဲ့တာပါ။
2019-09-17
ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အရည်အချင်းသတ်မှတ်ချက်တွေမှာ ပုဒ်မ ၅၉ (စ)လို ပုဒ်မမျိုး ထပ်ဖြည့်စွက်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းတစ်ရပ်ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။
2019-09-17
အခုတလော နေပြည်တော်၊ မန္တလေးမြို့တို့မှာ ခရစ်ယာန်၊ အစ္စလာမ် ဘာသာရေးကျောင်းတွေကို လိုက်လံ လှူဒါန်းနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ရန်ကုန်မှာလည်း အလားတူ လှူဒါန်းခဲ့ပါတယ်။
2019-09-17
ရိုဟင်ဂျာဒုက္ခသည်အများစုက တတိယနိုင်ငံကိုသွားကြဖို့ထက် ကိုယ့်နေရပ်မြန်မာနိုင်ငံဘက်ကိုပဲ ပြန်ချင်နေကြတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးထွန်းခင်ကပြောပါတယ်။
2019-09-17
ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ရခိုင်ပြည်နယ် အခြေအနေတွေ သွားရောက်လေ့လာမယ့် အစီအစဉ်တစ်ခုကို တရုတ်နိုင်ငံက ကမ်းလှမ်းထားပါတယ်။
2019-09-17
အခုတလော နေပြည်တော်၊ မန္တလေးမြို့တို့မှာ ခရစ်ယာန်၊ အစ္စလာမ် ဘာသာရေးကျောင်းတွေကို လိုက်လံလှူဒါန်းနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ရန်ကုန်မှာလည်း အလားတူ လှူဒါန်းခဲ့ပါတယ်။ နိုင်ငံတကာဖိအားတွေ ပြေလျှော့စေဖို့ လှူဒါန်းတာ ဖြစ်နိုင်တယ်လို့ တချို့က ဝေဖန်ကြပါတယ်။
2019-09-17
ငြိမ်းစုစီဥပဒေနဲ့ တရားစွဲခံထားရတဲ့ ကရင့်အာဇာနည်နေ့ အစီအစဉ်ကို ရန်ကုန်မှာ ဦးဆောင်ပြု လုပ်ခဲ့သူ ကရင်လူငယ် နှစ်ဦးဟာ ဒီနေ့ သူတို့အမှုကို စစ်ဆေးတဲ့ ကျောက်တံတားမြို့နယ် တရားရုံးချိန်းကို သွားရောက်ပြီး အာမခံမယူဘဲ အချုပ်ကျခံခဲ့ပါတယ်။
2019-09-17
မန္တလေးတိုင်းဒေသကြီးအတွင်းက မိတ္ထီလာနဲ့ ရမည်းသင်းမြို့နယ်တွေမှာ ပိတ်ထားရတဲ့ ဗလီ ရှစ်လုံးနဲ့ ဖျက်ဆီးခံထားရတဲ့ ဗလီ တစ်လုံးကို ပြန်ဖွင့်ပေးဖို့ အစ္စလာမ်ဘာသာဝင်တချို့က အစိုးရနဲ့ တပ်မတော်တို့ကို စာပေးပို့ တောင်းဆိုထားပါတယ်။
2019-09-17
အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။