သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-23
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်- ၁ ကနေ ရွေးကောက်ပွဲဝင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နိုင်ငံကျော် တေးသံရှင်တွေက အောက်တိုဘာလ ၂၂ ရက် ကော့ကရိတ်မြို့နယ်ကို လာရောက် ပြီး တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။
2015-10-23
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲအောင်နိုင်ရေး လူထုစည်းရုံးရေးအတွက် မကွေးတိုင်း နတ်မောက်မြို့နဲ့ မင်းဘူးမြို့ပေါ်မှာ ဖျော်ဖြေရေး အစီအစဉ်တွေ၊ အလှပြယာဉ်တွေနဲ့ အောက်တိုဘာလ ၂ဝ ရက်နေ့က လှည့်လည်ခဲ့ကြပါတယ်။
2015-10-23
ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်- PNO ပါတီက အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းကို၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်စံလွင်တို့ဟာ အောက်တိုဘာလ ၂၂ ရက် ဒီကနေ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့က ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း ခန်းမမှာ မဲဆွယ်ဟောပြော ခဲ့ပါတယ်။
2015-10-23
ကယားပြည်နယ် ဘော်လခဲခရိုင်၊ ဖားဆောင်းမြိုု့နယ်အတွင်းက မော်ချီးဒေသမှာ အောက်တိုဘာလ ၁၁ ရက်နေ့ က မြေပြိုခဲ့တာကြောင့် ဒုက္ခသည် အများစုဟာ မော်ချီးဒေသ ၁၆ ကုန်းရပ်ကွက်က ဆေးရုံကြီး ဟောင်းမှာ ခိုလှုံနေကြ ရပါတယ်။
2015-10-22
မြန်မာနိုင်ငံမှာ ပညာမသင်နိုင်ဘဲ အလုပ် လုပ်နေရတဲ့ ကလေးတွေ သန်းနဲ့ချီ ရှိနေကြောင်း AFP သတင်း က ဖေါ်ပြ ပါတယ်။
2015-10-22
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲကို စောင့် ကြည့်လေ့လာဖို့ လျှောက်လွှာတင်ထား သူပေါင်း ၆ ထောင် ကျော်ရှိတယ် လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ကပြောပါတယ်။
2015-10-22
လက်ရှိ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က သူ့ကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန် ယူစေချင်တယ် ဆိုရင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြဖို့ အင်္ဂပူမြို့ နယ် ကံကွင်းကျေးရွာမှာ ဒေသခံတွေကို တိုက်တွန်း ပြော ကြားလိုက်ပါတယ်။
2015-10-22
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ် ထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးသေး တဲ့ အဖွဲ့တွေအားလုံးရဲ့ စုံညီအစည်းအဝေး တစ်ရပ်ကို လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးလောက် မှာ ကျင်းပဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
2015-10-22
ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေက သူ့ရဲ့ ပြိုင်ဘက်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီက ကိုယ်စား လှယ်လောင်းကို အနိုင်ရရှိမယ်လို့ ယုံကြည်ကြောင်း မနေ့က မဲဆွယ်ပွဲမှာ ပြောပါတယ်။
2015-10-22
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်း မြို့နယ်မှာ နေရာအတော်များများကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထား တာကြောင့် မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတွေရှိတယ်လို့ ကိုကိုးကျွန်းကို ဒီနေ့ ရောက်ရှိနေတဲ့ NLD ပါတီ ကိုယ်စား လှယ်လောင်းတွေက ပြောပါတယ်။
2015-10-22
လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိ သူတွေအတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေကို နိုဝင်ဘာလ ၁ရက်နေ့ကနေ ၇ရက်နေ့ အထိ ထုတ်ပေးသွားမယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် က ဒီနေ့ ကြေညာလိုက်ပါတယ်။
2015-10-22
ရှမ်းပြည်မြောက်ပိုင်း မိုင်းရှူးမြို့ပေါ်က ရပ်ကွက် ၄ ရှမ်းစာပေ နဲ့ ယဉ်ကျေးမှုခန်းမအနီးမှာ မိုင်းဗုံးတစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် ကိုရင်နှစ်ပါး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
2015-10-22
စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင်မဲပေးရာမှာ အများစုက NLD အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို မဲပေးထားတယ်လို့ အွန်လိုင်းပေါ်မှာ ပြောင်ပြောင်တင်းတင်း ပြောထား ကြတဲ့အတွက် စင်္ကာပူနိုင်ငံက လာမယ့် ကြိုတင် မဲတွေကို ကမောက်ကမဖြစ်အောင် လုပ်လို့ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါတယ်။
2015-10-22
နိုင်ငံအတွင်း အမေရိကန်ဒေါ်လာအပါ အဝင် နိုင်ငံခြားငွေလိုအပ်ချက်မြင့်မားလာမှုနဲ့ ငွေလဲ လှယ်မှုနှုန်းထားတွေ မတည်မငြိမ်ဖြစ်နေတယ် ဆိုပြီး နိုင်ငံခြားငွေကိုင်ဆောင်ခွင့်လိုင်စင်ကို မကြာသေးခင်ရက်ပိုင်းက ဗဟိုဘဏ်က ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။
2015-10-22
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၂၁ ရက်၊ ဒီကနေ့ မနက် ၁၁ နာရီက တာချီလိတ်မြို့ ကို ရောက်ရှိပြီး နေ့လည် ၃ နာရီမှာ ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။