သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-24
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံတွေ တွေ့ဆုံဆွေးနွေးဖို့ ထိုင်းအစိုးရက အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံကို အဆိုပြုထားပါတယ်။
2024-04-24
ပေါင်းသုံးရာ ဗုံးသုံးလုံးကို ဖလံကိုင်းရေနံမြေနဲ့ ကျောက်တိုင်ခင်ရွာအနီးမှာ ကြဲချတာကြောင့် အသက် ၄၀ အရွယ် ကျောက်တိုင်ခင်ရွာသား ဦးစက်ကျော် ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။
2024-04-24
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာက ဗျူဟာအရအရေးပါတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဧပြီလ ၂၄ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2024-04-24
ရှော့တိုက်ဒုံးပစ်ခတ်ခဲ့တယ်လို့ ယူဆရတဲ့နေရာတွေက ရွာတွေကို စီးနင်းစစ်ဆေးခဲ့သလို၊ ပြင်ဦးလွင်က တောင်ကုန်းတချို့မှာပါ အင်အားတိုးချတာ၊ လက်နက်ကြီးအထိုင်ချ တပ်ဆင်တာတို့ ပြုလုပ်လာတာလို့ ဆိုပါတယ်။
2024-04-24
၂၀၂၄ ခုနှစ် သုံးလကျော်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ ဖမ်းဆီးခံရပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၉၀ ဝန်းကျင်အထိ ရှိလာပါတယ်။
2024-04-24
စစ်တွေထောင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို စစ်ကောင်စီက နေရပ်ပြန်ပို့တော့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကပြောကြောင်း ဘင်္ဂလားဒေ့ရှ်သတင်း BSS က ဧပြီ ၂၃ မှာ ဖော်ပြပါတယ်။
2024-04-24
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ရွာနှစ်ရွာမှာ ဧပြီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရပြီး စာသင်ကျောင်းအပါအဝင် အဆောက်အအုံတချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-24
လားရှိုးမြို့ပေါ်မှာ တရုတ်နိုင်ငံသားတွေအပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူ ၂၄ ဦးကို ဧပြီ ၂၃ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
2024-04-24
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေး တံတားအမှတ် (၁) ကနေ ယာယီ ဖြတ်သန်းခွင့်လက်မှတ်နဲ့ဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၅ ဦးကို ဧပြီလ ၂၂ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက အဝင်မခံဘဲ ပြန်လွှတ်လိုက်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2024-04-24
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ရက္ခိုင့်တပ်တော်(AA)ရဲ့ အကူအညီနဲ့အတူ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ဧပြီ ၂၃ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-04-23
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကို ဝင်ရောက်စီးနင်း စစ်ကြောင်းထိုးနေတဲ့ အချိန်နှစ်ပတ်ကျော်အတွင်း သတ်ဖြတ်ခံရတဲ့ အရပ်သား ခြောက်ဦးအထိရှိလာပြီလို့ ဒေသခံတွေက ဧပြီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။
2024-04-23
မြဝတီမြို့မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ငြိမ်သက်နေတဲ့အကြောင်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေဟာ ခလရ ၂၇၅ တပ်ရင်းကို ဝင်ရောက် ပြန်လည်တပ်စွဲပြီး စစ်ကောင်စီအလံ ပြန်တင်ခဲ့တဲ့အကြောင်း မြို့ခံစီးပွားရေးလုပ်ငန်းရှင်က RFA ကို ပြောပါတယ်။
2024-04-23
ရိုဟင်ဂျာ ငါးဦးကို AA က ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၂၂ ရက်နေ့မှာ သူတို့အလောင်းတွေကို ပြန်တွေ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
2024-04-23
ထိုင်းပိုင်နက်နယ်မြေကို ကျူးကျော်တိုက်ခိုက်တာမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဖဟီထာ နုကွန်က ပြောလိုက်ပါတယ်။
2024-04-23
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဖြစ်တဲ့ မြဝတီကုန်သွယ်ရေး အမှတ် (၂) တံတားမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ထိုင်းအစိုးရ အကြီးအကဲတွေ ရောက်လာတာဖြစ်ပါတယ်။