သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-06-22
ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာမှာ အင်အား ၈၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ကျေးရွာသား နှစ်ဦးကိုလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
2023-06-22
ကလေးမြို့ တောင်ပိုင်းမှာရှိတဲ့ အရှေ့စံသာကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး မိသားစုသုံးဦး ဒဏ်ရာရရှိသွားပါတယ်။
2023-06-22
PDF တပ်ဖွဲ့အချင်းချင်းကြား သဘောထားကွဲလွဲမှုတွေကနေ အချင်းချင်းဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ ဆက်ပြီးဖြစ်နေပါတယ်။
2023-06-22
ဇွန် ၁၄ ရက်ကနေ ၂၁ ရက်အထိ လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ရေးသားသူ ၅၀ ဦး ဖမ်းဆီးအရေးယူခံထားရပါတယ်။
2023-06-22
NLD အစိုးရလက်ထက် ပဲခူးတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးကို ပေါင်းတည်အကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ခြောက်နှစ် ချမှတ်လိုက်ပါတယ်။
2023-06-22
မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဘဲ ပြေလည်ရေးလမ်းစ မရနိုင်ဘူးလို့ NLD ဗဟိုအလုပ်ကော်မတီက ဇွန် ၁၉ မှာ ထုတ်ပြန်ပါတယ်။
2023-06-22
မကွေးတိုင်း၊ ဆောမြို့နယ်၊ ရွာသာရွာက စစ်ဘေးရှောင်သူတွေ နေထိုင်တဲ့နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-06-22
ကချင်စစ်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်နေကြတဲ့ သက်ကြီးရွယ်အို စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးဘဲ သူတို့ရဲ့ဘဝနေဝင်ချိန်ကို စခန်းမှာပဲ နေထိုင်ရင်း ဖြတ်ကျော်နေကြရပါတယ်။
2023-06-21
အမေရိကန်က မြန်မာစစ်ကောင်စီရဲ့ ဘဏ္ဍာငွေတွေကို ဖြတ်တောက်ဖို့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေကို အရေးယူပိတ်ဆို့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
2023-06-21
ရိုဟင်ဂျာတွေဟာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် လူမျိုးရေးပဋိပက္ခနဲ့ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ ကြုံခဲ့ရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲချို့တဲ့စွာ နေရတယ်လို့ ပြောပါတယ်။
2023-06-21
KNLA နဲ့ ပူးပေါင်းတပ်တွေက လုံခြုံရေးစခန်းတွေချပြီး အစစ်အဆေးတွေလုပ်နေတာကြောင့် စစ်ကောင်စီဘက်ကလည်း ပြန်တိုက်နေတာလို့ KNLA က ပြောပါတယ်။
2023-06-21
ကရင်နီအမျိုးသားတွေ ညီညွတ်ကြရင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ထောင်နိုင်မယ်လို့ ကရင်နီအမျိုးသားနေ့မှာ လူထုကို သတင်းစကားပါးခဲ့တယ်လို့ အခမ်းအနားကျင်းပသူတွေက ပြောပါတယ်။
2023-06-21
စစ်ကောင်စီထံ နိုင်ငံခြားငွေစီးဆင်းမှုမှာ ဒီနိုင်ငံပိုင်ဘဏ်နှစ်ခုက အဓိကကျဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2023-06-21
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ တိုက်ပွဲတွေကြားထွက်ပြေးရင်း မြွေကိုက်ခံရသူတွေ တိုးလာနေတယ်လို့ အဲဒီဒေသမှာ အကူအညီပေးရေးလုပ်နေတဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူအများအဖွဲ့က ပြောပါတယ်။
2023-06-21
မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ လူ့အခွင့်အရေးကို အလေးထားဖို့လည်း ဗြိတိန်အစိုးရက ထပ်မံတိုက်တွန်းပါတယ်။