သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-24
လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိနိုင်ရေးအတွက် အသစ်ဖွဲ့စည်းမယ့် အရပ်ဖက် အဖွဲ့တွေ၊ ဒေသခံကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်နီလူငယ်တွေက ပြောပါတယ်။
2018-07-24
နှစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ပိတ်သိမ်းသွားတဲ့ စက်ရုံ ၆ ရုံ ရှိတယ်လို့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-07-24
ကရင်ပြည်နယ်မှာ မိုးဆက်တိုက်ရွာနေတာကြောင့် မြို့နယ် ၅ ခုမှာ ရေကြီးခဲ့ပြီး လူဦးရေ ၈ထောင်ကျော် ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။
2018-07-24
ပြည်သူ့ပါတီဆိုပြီး အမည်ပြောင်းလဲ လျှောက်ထားတဲ့အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံ ကန့်ကွက်သူမရှိဘူးလို့ ကော်မရှင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-07-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံရွာအနီးက ဧရာရတနာ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက ကျောက်တောင်ကမ်းပါးယံပြိုကျပြီး အဲဒီလုပ်ကွက် မှာ ကျောက်တူးနေသူ ၁၈ ယောက် ပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-07-24
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ အဂတိလိုက်စားမှု ပပျောက်ရေးအတွက် ကျေးရွာ ၁၂ ရွာက ဒေသခံ ၁၀၀ ကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-07-23
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေ ကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဖို့ နေပြည်တော် အထိ ချီတက်ဆန္ဒပြမယ့် သူတွေကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။
2018-07-23
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ရဲ့ နဝမ ပုံမှန် အစည်းအဝေးတွေကို နေပြည်တော်မှာ ဇူလိုင်လ ၂၃ ရက်နေ့က စတင် ကျင်းပနေပါတယ်။ ဒီတကြိမ် အစည်းအဝေးက ပြည်သူတွေအတွက် အကျိုးရှိမယ့် ဘယ်လိုဆွေးနွေးမှုတွေ ရှိနိုင်မလဲ။
2018-07-23
မြန်မာနိုင်ငံရဲ့ အမျိုးသားထုတ်ကုန် GDP အသားတင်တန်ဖိုးဟာ လက်ရှိဘဏ္ဍာရေးနှစ်မှာ မြင့်တက်လာမယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားသလို၊ အစိုးရကလည်း မြန်မာ့စီးပွားရေး ဦးမော့လာနိုင်တယ်လို့ ပြောထားပါတယ်။
2018-07-23
ကယားပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းပြီး ကော်မတီအသစ် ဖွဲ့စည်းကာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဇူလိုင်လ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2018-07-23
တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ “ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း” ဟာ ဆက်လက် ရပ်တည်သွားမှာဖြစ်ပြီး ဥပဒေအရ တရားစွဲဆို လာရင် ရင်ဆိုင်သွားမယ်လို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း အဖွဲ့ရဲ့ ဗဟိုဦးဆောင် ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးသောပါကက မိန့်ပါတယ်။
2018-07-23
ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကို ခြေထောက်နဲ့နင်းတယ် ဆိုပြီး နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေပုဒ်မ (၇) နဲ့ ဆက်ပြီး တရားရင်ဆိုင်နေရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှုနဲ့ ပတ်သက်လို့ တရားလိုဖြစ်တဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူးမောင်မောင်ကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဇူလိုင်လ ၂၃ ရက်နေ့က စစ်ဆေးခဲ့ပါတယ်။
2018-07-23
ရခိုင်ပြည်နယ်မှာ မိရိုးဖလာစိုက်ပျိုးထုတ်လုပ်နေတဲ့ စပါးမျိုးစိတ်တွေကို အဆင့်မီမျိုးကောင်းမျိုး သန့်တွေနဲ့ အစားထိုးပြောင်းလဲစိုက်ပျိုးနိုင်အောင် စီစဉ်နေတယ်လို့ ပြည်နယ်စိုက်ပျိုးရေးဌာန တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-07-23
သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်တစ်ဦး အစားထိုးခန့်အပ်တာကို ကန့်ကွက်သူတွေ ရှိပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူများတာကြောင့် ကန့်ကွက်ချက်ကို ပယ်ချလိုက်ပါတယ်။
2018-07-23
ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတွေထပ်မံဖြစ်ပွား လာရင် ပြည်နယ်အစိုးရရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို တာဝန်ပေးသွားမှာဖြစ်တယ် လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။