သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-18
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပ မယ့် ရွေးကောက်ပွဲအတွက် မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်တစ်လျှောက်မှာ တပ်မတော်လုံခြုံရေး အင်အားတွေကို တိုးမြှင့်ချထားမှာဖြစ်တယ်လို့ သိရပါတယ်။
2015-10-18
နိုင်ငံတကာမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်မဲမေးတဲ့အခါ မဲစာရင်းမှာယွင်း မှုတွေနဲ့ မဲပေးခွင့်ဆုံးရှုံးနေတာတွေဟာ ရိုးသားမှုမရှိဘူးလို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက် ပါတယ်။
2015-10-18
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူး မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ဒေါ်မြတ်နုခိုင်ကို ဖြူးမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2015-10-18
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဇီးဖြုကုန်းရွာမှာ ဒီနေ့မနက်က မဲဆွယ် စည်းရုံးရေးဆင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေနဲ့ အဖွဲ့ကို ဒေသခံကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဝင် မိသားစုတစ်စုက အကြမ်းဖက်တိုက် ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
2015-10-18
ရွေးကောက်ပွဲအတွက် ခြိမ်းခြောက် သွေးထိုး စကားတွေနဲ့ ပြောဆိုစည်းရုံးနေတာတွေကို မယုံကြည်ကြဖို့နဲ့ အဲ့ဒီလို စည်းရုံးပြောဆိုတာတွေ ဟာ ပြည်သူတွေကို အထင်သေး စော်ကား တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။
2015-10-18
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရိုက်ကူးဖြန့်ဝေနေ တဲ့ ပြောင်းလည်းချိန်တန်ပြီ ဇာတ်ကားမှာ နိုင်ငံတော် အကြည်ညို ပျက်စေတဲ့ အကြောင်း အရာတွေပါဝင်တဲ့ အခွေတွေ ဖြန့်ဖြူးနေတာကို အရေးယူပေး ဖို့ ပြည်ခိုင်ဖြိုးပါတီက ကျွန်းစုမြို့နယ်ရွေးကောက်ပွဲကော်မရှင် ကို တိုင်ကြားထားတယ်လို့ မြို့နယ်ကော်မရှင် ဥက္ကဌက ပြော ပါတယ်။
2015-10-18
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဲလိမ် မဲခိုးမှာကို စိုးရိမ်မိကြောင်းနဲ့ မဲပေးတာတွေ မှန်ကန်ဖို့ အတွက် လာမယ့် အောက်တိုဘာလ ၂ဝ ရက်နေ့ကစပြီး ဧရာဝတီတိုင်းမှာ မဲဘယ်လိုပေးရမယ်ဆိုတာ သင်တန်းပေး သွားမယ်လို့ ပြောပါတယ်။
2015-10-18
ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP /SSA နဲ့ အစိုးရတပ်မတော်တို့ မိုင်းရှုးမြို့ နဲ့ ကျေးသီးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည် ၂၇ဝဝ ကျော်ရှိနေပြီး သူတို့ကို မိုင်းရှုးမြို့နယ် ဟိုင်းပါနဲ့ ဝမ်ဆော့ ဘုန်းတော် ကြီးကျောင်းတွေမှာ နေထိုင်ရေးအတွက် ကူညီထားရတယ် လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြော ပါတယ်။
2015-10-18
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့နင်းထားတဲ့ပုံ ကို ဖေ့ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှ ထားလို့ဆိုပြီး ၂ဝ၁၃ ခုနှစ်ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ဦးပက်ထရစ်ခွန်ဂျာလီရဲ့ အမှုနောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူ မမေစပယ်ဖြူကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-10-18
ဂျပန်၊ ထိုင်း၊ သြစတြေးလျှ နိုင်ငံတွေမှာရောက် ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ ဒီကနေ့က စတင်ပြီး ကြိုတင်မဲပေးခွင့်ရနေပြီဖြစ်ပါတယ်။
2015-10-18
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA လက်အောက်ခံတပ်ဖွဲ့တွေက PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် တပ်ဖွဲ့တွေကို မနှစ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာလည်း ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
2015-10-18
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ မနေ့က ကယားပြည်နယ် မော်ချီးဒေသက လိုခါးလိုကျေးရွာမှာ မြေပြိုကျမှုကြောင့် ကယ်ဆယ်ရေးစခန်း ရောက်ရှိနေသူတွေကို တွေ့ဆုံခဲ့ပါတယ်။
2015-10-18
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒေါက်တာရင်ရင်နွယ်ကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဌ အဖြစ် ဒီရက်ပိုင်းအတွင်း ခန့်အပ်တာဝန်ပေးအပ်လိုက်ပါတယ်။
2015-10-18
အပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ် လက်တွေ့အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌနဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီး ခွန်သူရိန်ကို နေပြည်တော်မှာ RFA အဖွဲ့သား ဦးခင်မောင်စိုး မနေ့က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-18
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ကျေးရွာတွေမှာ ရခိုင်အမျိုးသားပါတီရဲ့ မဲဆွယ်စည်းရုံးပွဲတွေကို တက်ရောက်နားထောင်တဲ့ ဒေသခံတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။