သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-22
ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးကာဖို့နဲ့၊ အကြမ်း ဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံတွေ- အဲဒီဒေသမှာ တာဝန်ထမ်းဆောင် ခဲ့တဲ့ ဝန်ထမ်းတွေကို အလှူငွေပေးအပ်ပွဲကို စစ်တွေမြို့မှာ ဒီနေ့ပြုလုပ်ရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။
2017-09-22
ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ကျောက်မဲမြို့မှာ ကျင်းပခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ကြောင့် ဒေသတွင်းက ရှမ်းနဲ့ တအာန်း-ပလောင် တိုင်းရင်းသားတွေကြားမှာ လူမျိုးရေးမုန်းတီးမှု မဖြစ်ပေါ်စေဖို့ ရည်ရွယ်ပြီး ရှမ်းနဲ့တအာန်းလူငယ်တွေ ပူးပေါင်းကျင်းပခဲ့ကြတာပါ။
2017-09-22
စက်တင်ဘာလ ၂၁ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းထဲက မဂျွယ်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
2017-09-21
YBS ဘတ်စ်ကားစနစ် တဖြည်းဖြည်း တိုးတက်လာနေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက RFA ကို ပြောလိုက်ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အောင်မြင်မှုတွေ၊ စိန်ခေါ်မှု ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းကို RFA က စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။
2017-09-21
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ သူတို့အပေါ် တန်ပြန်အကြမ်းဖက်တာတွေ ပေါ်ပေါက်လာမှာ စိုးရိမ်နေကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
2017-09-21
အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ဟာ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ဘုံရန်သူဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာရဲ့ နိုင်ငံရေးအကြံပေး ဟူစိန် အီမန်က ပြောလိုက်ပါတယ်။
2017-09-21
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ချက် သမ္မတနိုင်ငံကို သွားရောက်ဖွယ်ရှိတယ်လို့ ချက်နိုင်ငံထုတ် Prague Daily Monitor သတင်းစာက ဖေါ်ပြပါတယ်။
2017-09-21
မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ်အကြမ်းဖက်နေတာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ခိုင်မာမြန်ဆန်စွာ အရေးယူဆောင်ရွက်စေချင်တဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
2017-09-21
ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တိုးတက်လာပြီဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်နေကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။
2017-09-21
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့ညက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ကူညီထောက်ပံ့ရေး ပစ္စည်းတွေကိုအကြောင်းပြုပြီး ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရာမှာ လူငယ်တစ်ဦး သေနတ်ကျည်ဆံထိမှန်ဒဏ်ရာရပြီး လူ ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
2017-09-21
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲတွေကို အခုလအတွင်း ရန်ကုန်နဲ့ နေပြည်တော်မြို့တွေမှာ ပြုလုပ်ခဲ့သလို ဒီကနေ့လည်း နေပြည်တော်က ပုဗ္ဗသီရိမြို့နယ်မှာ ပြုလုပ်ပါတယ်။
2017-09-21
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလိုတော်ပြည့်ကျောင်းမှာ လာရောက်ခိုလှုံနေတဲ့ ဒေသခံတွေကို ဒီနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2017-09-21
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က ရခိုင်ပြည်နယ်လွှတ်တော်က တာဝန်ရှိသူတွေနဲ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံပြီး မောင်တောဒေသ အကြမ်းဖက် မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေကို ကူညီဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။
2017-09-21
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ကချင်ပြည်နယ် အမျိုးသမီးများကွန်ယက်နဲ့ ဥရောပသမဂ္ဂတို့ပူးပေါင်းပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမမှာ ကျင်းပပါတယ်။
2017-09-21
အစိုးရအနေနဲ့ ရခိုင်အရေးမှာ နိုင်ငံတကာဖိအားပေးမှုတွေအတိုင်း အလျှော့မပေးသင့်ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးဝေလွင်က ပြောပါတယ်။