သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-10
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာနားမှာ ဒီနေ့ မနက်က တပ်မတော်ရေယာဉ်ကို အေအေအဖွဲ့က တိုက်ခိုက်တာကိုအကြောင်းပြုပြီး ပြန်လည်ပစ်ခတ်ရာမှာ အရပ်သား အဘွားတစ်ဦး သေဆုံးပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
2020-06-10
ရခိုင်ပြည်နယ်က မြို့နယ်တချို့ကို သြဂုတ်လ တစ်ရက်နေ့အထိ အင်တာနက် ဆက်ပိတ်ထားမှာဖြစ်ပြီး ဆက်သွယ်ရေးဥပဒေအရ အများပြည်သူအကျိုးကို ထိခိုက်မှုမရှိဘူးလို့ သုံးသပ်နိုင်တဲ့ အချိန်မှသာ အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဦးစိုးသိန်းက ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2020-06-10
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး သက်သေခံတွေပေးပို့နိုင်ဖို့ အချိန်မရွေး လမ်းဖွင့်ထားတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့က ပြောပါတယ်။
2020-06-10
လယ်ယာမြေစီမံခန့်ခွဲရာမှာ ပြည်ထောင်စုအစိုးရကသာ ချုပ်ကိုင်ထားနိုင်တဲ့ စနစ်ကို ပြင်ဆင်ပြီး ဖက်ဒရယ် မြေယာစီမံခန့်ခွဲမှု စနစ်ဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတာတွေ ရှိလာပါတယ်။ ဒါပေမဲ့ ဖက်ဒရယ် မြေယာစနစ်ဖြစ်ဖို့ အခက်အခဲတွေ များစွာရှိနေပါတယ်။
2020-06-09
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ဘက်ပိုင်း အပေါက်ဝကျေးရွာမှာ ဇွန် ၈ ရက် မနေ့ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲကိုဝင်လာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အသက် ၃၄ နှစ်အရွယ် ရွာသား ဦးမောင်လှကျော် ဆိုသူ ကျည်ထိမှန်ခဲ့ပါတယ်။
2020-06-09
မြန်မာနိုင်ငံရဲ့ ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ထဲမှာ တရုတ် နိုင်ငံဆီက ချေးငွေ လေးဘီလီယံကျော်ရှိတဲ့အတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၅၀၀ ခန့် ပြန်လည်ပေးဆပ်နေရပြီး အစိုးရနဲ့ တိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုးနဲ့ အကျပ်အတည်းဖြစ်နေတယ်လို့ လေ့လာ သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2020-06-09
စစ်ဘေးဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ မူလနေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်နဲ့ တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကနဦး နှစ်ဘက်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆက်လက်ဆွေးနွေးသွားဖို့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2020-06-09
တရုတ်-မြန်မာနယ်စပ်က ရွှေလီမှာရှိတဲ့ ကုန်သည်တွေ၊ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ တရုတ်ဘဏ်စာရင်းတွေ ပိတ်ခံနေရပြီး ငွေထုတ်ဖို့လာတဲ့သူတွေကိုလည်း တရုတ်ရဲက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
2020-06-08
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားက ငွေချေးရာမှာ အတိုးနှုန်းမြင့်မားတဲ့ တရုတ်နိုင်ငံက ချေးငွေမျိုးကို သတိထားဖို့လိုတယ်လို့ မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ တရုတ်အစိုးရချေးငွေရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2020-06-08
ကမ္ဘာမှာ ဓနအင်အားနဲ့ စစ်အင်အား နံပတ်တစ်နေရာမှာ ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ သြဇာအရှိဆုံးဖြစ်တဲ့ သမ္မတ Donald Trump အနေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်သုံးပြီး ဖြိုခွင်းချင်ပေမဲ့ တကယ့်လက်တွေ့မှာ အကောင်အထည် မဖော်နိုင်တာဟာ ဖက်ဒရယ်စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားကောင်းချက်ကြောင့်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2020-06-08
ဝန်ကြီးဌာနတွေအနေနဲ့ ပြည်ပချေးငွေနဲ့ စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါမှာ တရုတ်နိုင်ငံလို အတိုးနှုန်းမြင့်တဲ့ ပြည်ပချေးငွေတွေကို သတိထားပြီး သုံးစွဲသင့်တယ်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောလိုက်ပါတယ်။
2020-06-08
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကပ်ဘေးကာလအတွင်း အမိန့်၊ ညွှန်ကြားချက် မလိုက်နာသူတွေကို ဒေသ အသီးသီးတို့မှာ အရေးယူအပြစ်ပေးမှုတွေ လုပ်ဆောင်နေပေမယ့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်အချို့ကိုတော့ အရေးယူတာမျိုး မတွေ့ရသေးတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
2020-06-08
ဇွန်လ ၈ ရက်နေ့လယ်ပိုင်းအထိ လူဦးရေ ခြောက်သောင်းခွဲကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည်တချို့ဟာ ဒီရက်ပိုင်းအတွင်း တရားမဝင် လမ်းကြောင်းကနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲ ဝင်ရောက်လာတာတွေကြောင့် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အန္တရာယ်အတွက် ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စိုးရိမ်နေကြပါတယ်။
2020-06-08
တပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ ကိုးနှစ်ပြည့်တော့မှာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကလည်း အမြန်ဆုံး နေရပ်ပြန်ခွင့်ရဖို့ကို မျှော်လင့်နေကြပါတယ်။
2020-06-07
အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသားတစ်ဦး လိုတာထက်ပိုပြီး အင်အားသုံး ဖမ်းဆီးခံရပြီးတဲ့နောက် သေဆုံးသွားတဲ့အမှုကအစပြုပြီး နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတာ သီတင်းနှစ်ပတ် နီးလာပါပြီ။