သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-20
စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ကရင်စတဲ့ ပြည် နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မြစ်ရေမြင့် တက်တာကြောင့် ဇူလိုင် ၁၉ ရက်နေ့ အထိ ရေဘေးဒုက္ခသည် ၈ ထောင်လောက် တိုးလာတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနကနေ သိရပါတယ်။
2017-07-20
ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးဦးမြသန်းကို ပါတီက ခွင့်မပြုဘဲ လွှတ်တော် ဒုတိယဥက္ကဌနေရာကို ဝင်အရွေးခံခဲ့လို့ဆိုပြီး ရခိုင်အမျိုးသားပါတီ ANP ကနေ ထုတ်ပယ်လိုက်ပါတယ်။
2017-07-20
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မှာ မော်တော်ယာဉ်တစ်စီးပေါ် ကနေ မောင်းပြန်သေနတ် ၂၂ လက်ကို မနေ့က ဖမ်းဆီးရမိပြီး အဲဒီလက်နက်တွေကို လက်ခံယူမယ့် သူကိုပါ ဒီကနေ့ ထပ်ပြီးဖမ်းဆီးရမိခဲ့ပါတယ်။
2017-07-20
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှာ နယ်မြေအခြေအနေ မလုံခြုံတာကြောင့် သိန်းနီမြို့ပေါ်ကို ထွက်ပြေးလာကြ တဲ့ ကျေးရွာသား ၇ဝဝ လောက် ရှိနေပါနတယ်။
2017-07-20
YBS ဘတ်စ်ကားတွေမှာ ယာဉ်အကူ (စပါယ်ယာ)တွေကို ဖယ်ရှားဖို့အတွက် တိုင်းအစိုးရက စီစဉ်နေတဲ့ ကိစ္စနဲ့ပတ်သက် ပြီး ဒီကနေ့ ရွှေပြည်သာမြို့နယ်မှာ ယာဉ်လိုင်း ၆ လိုင်းက ယာဉ်အကူတွေနဲ့ ယာဉ်မောင်းတွေ စုစုပေါင်း အယောက် ၁ဝဝ လောက်က ဆန္ဒပြကြပါတယ်။
2017-07-20
ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ ဒီနေ့ကျင်းပ တဲ့ နှစ် ၇ဝ ပြည့် အာဇာနည်နေ့အခမ်းအနား ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အာဇာနည်ခေါင်းဆောင် မိသားစုဝင်တွေနဲ့ နိုင်ငံတော် အကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြ ပါတယ်။
2017-07-20
နှစ် ၇ဝ ပြည့် အာဇာနည်နေ့မှာ မကွေးတိုင်းနတ်မောက်မြို့က "ဗိုလ်ချုပ်နေအိမ်" ပြတိုက်ကို အနယ်နယ်အရပ်ရပ်က လာရောက်ကြည့်ရှု လေ့လာသူတွေ များပြားခဲ့တာ တွေ့ရပါတယ်။
2017-07-20
အာဇာနည်ခေါင်းဆောင် ၉ ဦးထဲက အစ္စလာမ်ဘာသာဝင် ၂ ဦးဖြစ်တဲ့ ပညာရေးဝန်ကြီး ဆရာကြီး ဦးရာဇတ်နဲ့ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ရဲ့ အုတ်ဂူရှိရာ ရန်ကုန် တာမွေမြို့နယ်က ကဘရ်စတာန် ဥယျာဉ်တော်မှာ အစ္စလာမ်ဘာသာဝင်တွေက ဂါရဝပြုခဲ့ကြပါတယ်။
2017-07-20
နှစ် ၇ဝ ပြည့် အာဇာနည်နေ့မှာ ရန်ကုန်မြို့က ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ ဝန်ကြီးများရုံးရှေ့အထိ လမ်းလျှောက်ချီတက်ပြီး ဂါရဝပြုခဲ့ကြပါတယ်။
2017-07-20
နှစ် ၇ဝ ပြည့် အာဇာနည်နေ့ အခမ်းအနားတွေကို ပခုက္ကူ၊ နေပြည်တော်၊ မန္တလေး၊ လားရှိုး၊ စစ်တွေ၊ မော်လမြိုင်၊ မြစ်ကြီးနား စတဲ့ မြို့ကြီးတွေမှာလည်း ဒီနေ့ ကျင်းပခဲ့ကြပါတယ်။
2017-07-20
ဒီကနေ့ ကျရောက်တဲ့ နှစ် ၇ဝ ပြည့် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ ခံစားချက် ပြောစကားတွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်းတင်ပြထားပါတယ်။
2017-07-19
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ကို နိုင်ငံရေးပါတီ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က မှတ်ပုံတင်ခွင့်ပြုပေးလိုက်ပါတယ်။
2017-07-19
ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ကြပ် စိုးမြင့်အောင်နဲ့ ဗဟန်း မြို့မရဲစခန်းက ဒုရဲမှူး အေးမင်းသိန်းတို့ကို နိုင်ငံသားများ ရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ပေးရေး ဥပဒေချိုးဖောက် မှုနဲ့ အရေးယူပေးဖို့ ဗဟန်းမြို့နယ်တရားရုံးကို မြန်မာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ဦးတိုက်လျှောက်ထားလိုက်ပါတယ်။
2017-07-19
မွန်အမျိုးသားပါတီက ရေးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်းကို ပါတီကနေ ထုတ်ပယ် လိုက်ပြီး ပါတီရဲ့ တခြားထိပ် ပိုင်းခေါင်းဆောင် ၅ ဦးကို တာဝန်ကနေ ရပ်စဲလိုက်ပါတယ်။
2017-07-19
ဒီနေ့ ကျရောက်တဲ့ နှစ် ၇၀ ပြည့် အာဇာ နည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့သလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာလည်း အာဇာ နည်ခေါင်းဆောင်တွေကို ဂါရဝပြုတဲ့ အခမ်းအနားတွေ ကျင်းပကြပါတယ်။