သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-31
ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတို့အတွက် "လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်" ကို နိုင်ငံတော် သမ္မတရုံးက ဇူလိုင်လ ၃၀ ရက် နေ့စွဲ နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2018-07-31
ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတို့ အတွက် "လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော် မရှင်" ကို နိုင်ငံတော် သမ္မတရုံးက ဇူလိုင်လ ၃၀ ရက် နေ့စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2018-07-30
မိုးဖြိုင်ဖြိုင်ရွာလိုက်တာနဲ့ ခုလို ရေကြီးတိုင်း မိုးများ လို့၊ တောင်ကျရေဆင်းလို့ ရေကြီးရတယ်လို့ သတင်းသမားတွေက ယေဘုယျဆန်ဆန် အဖြေ ထုတ်ပြတတ်ပါတယ်။ သက်ဆိုင်ရာဌာနတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ရေဘေး ဒုက္ခသည်တွေကို ထောက်ပံ့ကူညီကြပါတယ်။ သစ်တောပညာရှင်တွေကတော့ တောင်ပေါ်တောတွေ ဆုံးရှုံးသွားရတဲ့အတွက် သဘာဝဟန်ချက်ပျက် ပြီး ရေကြီးရတယ်လို့ ရှင်းပြပါတယ်။
2018-07-30
တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ နှစ်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် လယ်ဧက သုံးသိန်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။ နွေနှမ်းနဲ့ မိုးနှမ်း ဧက နှစ်သိန်းနီးပါး၊ မိုးစပါးနဲ့ တခြားသီးနှံ ဧက တစ်သိန်းကျော် ပျက်စီးခဲ့ပါတယ်။
2018-07-30
ပဲခူးတိုင်းနဲ့ မွန်၊ ကရင်၊ တနင်္သာရီ ပြည်နယ်တွေမှာ ရေကြီးရေလျှံနေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရသလို လူဦးရေ သောင်းနဲ့ချီပြီး ရေလွတ်ရာကို ပြောင်းရွှေ့ နေရပါတယ်။
2018-07-30
မွန်၊ ကရင်နဲ့ ပဲခူးက ရေဘေးဒုက္ခသည်တွေကို အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေကလည်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေပေမယ့် ရေနစ်မြုပ်တဲ့နေရာတိုင်းကို အကူအညီတွေ မရောက်နိုင်ဘဲ အခက်အခဲတွေ ရှိနေပါတယ်။
2018-07-30
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC မှာ ပါဝင်တဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ က ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဒေသတွင်း နိုင်ငံရေး ပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကို ဇူလိုင်လ ၃ဝ ရက်နေ့က လားရှိုးမြို့တော်ခန်းမမှာ ရှင်းလင်းခဲ့ပါတယ်။
2018-07-30
လူသတ်မှုတစ်ခုမှာ စွပ်စွဲခံထားရသူတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက တရားရုံးက ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တဲ့အပေါ် တရားစီရင်ရေးမဏ္ဍိုင်ကို ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။
2018-07-30
ရခိုင်ပြည်နယ်၊ စစ်တွေလေယာဉ်ကွင်းပတ်လည်က မြေတွေကို လေကြောင်းညွှန်ကြားမှုဦးစီးဌာနက တဆင့် ငှားရမ်း လုပ်ကိုင်နေသူတွေကို ရခိုင်ပြည်နယ်အစိုးရက ဖယ်ရှားဖို့ ညွှန်ကြားထားပါတယ်။
2018-07-30
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းကို ဝေဖန်ဆွေးနွေးခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၄ ဦးနဲ့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ ဥပဒေရေးရာကော်မတီဝင်တွေ မနက်ဖြန်တေ့ွဆုံပြီး ဥပဒေကြမ်းကို ပြန်လည် ကြားနာဖို့ အမျိုးသားလွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
2018-07-30
စစ်ဘေးဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဦးဆောင်ဆန္ဒပြ ခဲ့တာကြောင့် အသရေ ဖျက်မှုပုဒ်မ ၅ဝဝ နဲ့ တရားစွဲဆိုခံထားရသူ ၃ ဦးရဲ့အမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေ နှစ်ဦးကို ဒီနေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးပါတယ်။
2018-07-30
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှု လွှတ်မိန့်ချထားတာကို ပယ်ဖျက်ပြီး အမှုကို ဆက်လက်စစ်ဆေးဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဒီကနေ့ ညွှန်ကြားလိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
2018-07-30
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီး သံဇစ်မြစ်ပေါ်မှာ ပင်လယ်ရေထုအရောင် ပြောင်း လဲမှုတွေပေါ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိကျတဲ့အဖြေမှန်တစ်ခုရအောင် ဆောင်ရွက်ဖို့ ကျောက်ဖြူ မြို့ခံတွေက ဒီနေ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2018-07-30
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ အမှုမှာ သက်သေထွက်ဆိုချက်တွေ ကွဲလွဲနေတယ် လို့ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေက ပြောပါတယ်။
2018-07-30
ရန်ကုန်မိုးပျံလမ်းစီမံကိန်းကို ၂ဝ၁၉ ခုနှစ်ကစပြီး ၃ နှစ်အတွင်း အပြီးတည်ဆောက်သွားမယ် လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ ပြောကြားလိုက်ပါတယ်။