သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-08
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲပေးသူရာခိုင်နှုန်းဟာ တစ်ကြိမ်ထက်တစ်ကြိမ် သိသိသာသာ ကျဆင်းခဲ့ပါတယ်။
2020-05-08
သဘာဝဘေးအန္တရာယ်တွေ ရုတ်တရက် ကျရောက်လာရင် ထိထိရောက်ရောက် ကူညီနိုင်ဖို့ နိုင်ငံတကာအဆင့်မီ မြို့ပြရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဆိုတာကို မြန်မာနိုင်ငံ မီးသတ်ဌာနက အသစ်ဖွဲ့စည်းပြီး လေ့ကျင့်နေပါပြီ။
2020-05-08
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ဘေးဒုက္ခသည် အရေအတွက်ကလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။
2020-05-08
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ ပြီးခဲ့တဲ့မတ်လ ၁၆ ရက်နေ့က တပ်မတော်စစ်ကြောင်း တစ်ခုက ကျောင်းသားတစ်ဦးအပါအဝင် လူ ၁၀ ဦးကို ဖမ်းဆီးသွားတာ ဒီနေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ မိသားစုဝင်တွေနဲ့ ကျေးရွာလူကြီးတွေက RFA ကိုပြောပါတယ်။
2020-05-08
တစ်ကမ္ဘာလုံးနီးပါး ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြားမှာ မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမြောက်အမြား ရှိနေသလို ကပ်ရောဂါကြောင့် ကဏ္ဍအသီးသီးမှာလည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောလိုက်ပါတယ်။
2020-05-08
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် အစိုးရ ထုတ်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာမှု မရှိဘဲ ဖောက်ဖျက်သူတွေကို အရေးယူတာတွေမှာ ပြစ်ဒဏ်မညီမျှမှုတွေကြောင့် အငြင်းပွားစရာ ဖြစ်နေပါတယ်။
2020-05-08
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကိုရိုနာကျန်းမာရေး စစ်ဆေးဂိတ် နှစ်ခုကို တပ်မတော်က ဖယ်ရှားလိုက်တာကြောင့် တိုက်ပွဲ နှစ်ရက်ဆက်တိုက် ဖြစ်ခဲ့တယ်လို့ KNU တပ်မဟာ ၅ တာဝန်ရှိသူတွေက ပြောပါတယ်။
2020-05-07
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာ ရောဂါ စတင်ဖြစ်ပွားဖို့ ဖြစ်နိုင်ချေ မြင့်တက်နေပြီး၊ ရောဂါဖြစ်ပွားလာရင် ကာကွယ်ကုသ ပေးဖို့ အသင့်မဖြစ်သေးဘူးလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ပြောလိုက်ပါတယ်။
2020-05-07
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့က မြန်မာနိုင်ငံသားအယောက် ၁ဝဝ ကျော်ဟာ အစိုးရစီစဉ်ပေးတဲ့လေယာဉ်နဲ့ လာမယ့်မေလ ၁ဝ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာကြတော့မှာဖြစ်ပါတယ်။
2020-05-07
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ၊ မေလ ၃ ရက်နေ့က ကျရောက်တဲ့ "ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့" အထိမ်းအမှတ်အဖြစ်၊ မြန်မာနိုင်ငံက လက်ရှိသတင်း လွတ်လပ်ခွင့် အခြေအနေအကြောင်း "သတင်း လွတ်လပ်ခွင့်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြထားပါတယ်။
2020-05-07
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-05-07
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းရွာ၊ ထောင့်ချေ၊ မြစ်နား စတဲ့ကျေးရွာတွေထဲမှာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကနေ စလို့ တပ်မတော်က စခန်းချနေရာယူထားတဲ့အတွက် ကျေးရွာသား ၄၀၀၀ ကျော်ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြ ရတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
2020-05-07
ကိုရိုဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့မှာ အလုပ်လုပ်ရင်း ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား ၂၄၁ ဦးအပါအဝင် တရုတ်နိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကျော်ကို တရုတ် အာဏာပိုင်တွေက မူဆယ်နယ်စပ် နန်းတော်ဂိတ်ပေါက်မှာရှိတဲ့ မြန်မာနယ်စပ်လဝက တာဝန်ရှိသူတွေထံကို ဒီမနက်ပိုင်းက လာရောက်လွှဲပြောင်းပေးခဲ့ပါတယ်။
2020-05-07
နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းက ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ တပ်မတော်သားနဲ့ ဆက်စပ်ထိတွေ့ခဲ့သူ ၃၆၃ ဦးကို ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့နဲ့ ၅ ရက်တို့မှာ ဆေးစစ်ခဲ့ရာမှာ ပိုးမတွေ့ခဲ့သလို အဲဒီတပ်မတော်သားနဲ့ လုပ်ငန်းဆက်စပ် ဆောင်ရွက်ခဲ့သူ နောက်ထပ် ၅၆ ဦးကို မနေ့က ဆေးစစ်ခဲ့ရာမှာလည်း ရောဂါပိုးမတွေ့ရှိခဲ့ဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
2020-05-07
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက၊ အိမ်ထောင်စု ၁၆၀၀ ကျော်၊ စစ်ဘေး ဒုက္ခသည် ၉၀၀၀ ကျော်အတွက် မိုးမကျမီ နေစရာဆောက်လုပ်ဖို့ အစိုးရ၊ အရပ်ဖက် အဖွဲ့တွေက စီစဉ်နေရာမှာ ငွေကြေးလိုအပ်ချက်တွေရှိနေပါတယ်။