သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-16
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတစ်ယောက်ကို တပ်မတော်က ဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော် က ပြောပါတယ်။
2019-06-16
တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေပြီး နိုင်ငံ့အရေးလုပ်ငန်းများကို လည်း ပါဝင်ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ အမျိုးသား နိုင်ငံရေးဆောင်ရွက်ရာမှာ အစွန်းရောက် လို့မရကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2019-06-15
သြစတြေးလျနိုင်ငံရောက် လီဆူတိုင်းရင်းသားများ အစည်းအရုံးက ကချင်ပြည်နယ်မှာ နေထိုင်တဲ့ သူတို့ လီဆူ လူမျိုးတွေကို KIA ကချင်လွတ်မြောက်ရေးတပ်မတော်က သတ်ဖြတ်နေတယ်ဆိုပြီး ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တစ်စောင်ကို ဇွန်လ ၁၅ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
2019-06-15
မန္တလေးမြို့ မဟာမုနိဘုရားအတွင်းမှာ ခွင့်ပြုချက်မရှိဘဲ အမျိုးသားရေးလှုပ်ရှားသူ ၁၀၀ ခန့်ဟာ ဒီနေ့မနက်က ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-06-15
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေကို မိုးတွင်း သုံးလ လုပ်ငန်းရပ်နားထားဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပထမဆုံးအကြိမ် ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
2019-06-15
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်နဲ့ ရန်အောင်ပြင်ရွာအနီးမှာ AA လို့ယူဆရသူ ၂၅ ဦးတို့ကို တပ်မတော်က ကျောက်တော်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပါတယ်။
2019-06-15
၂ဝ၁၉ ဇွန် ၁၅ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " စတုတ္ထမဏ္ဍိုင် ယိုင်နဲ့လာနေသလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-06-15
မလေးရှားကို တရားမဝင်သွားရောက်မယ့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းနိုင်ငံ စုန်ခလာခရိုင်၊ စဒေါင်နယ်မြေက တောထဲမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မနေ့က မနက်ပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းစာ The Nation မှာ ဖော်ပြထားပါတယ်။
2019-06-15
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ အရပ်ဒေသတွေအပါအဝင် မြန်မာနိုင်ငံအနှံ့က ပြည်သူတွေအတွက် ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၄ သန်းကျော် တန်ဖိုးရှိတဲ့ စားနပ်ရိက္ခာနဲ့ အကူအညီတွေကို လှူဒါန်းခဲ့တယ်လို့ USAID ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
2019-06-15
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့က ရဲမှူး တစ်ဦးအပါအဝင် ရဲအရာရှိ လေးယောက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်ထားကြောင်း ကော်မရှင်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2019-06-15
မြန်မာနိုင်ငံဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် ဆမ ကိုပိတ်သိမ်းလိုက်တဲ့ ဆရာဝန်မ တစ်ဦးလည်းဖြစ် မော်ဒယ်တစ်ဦးလည်းဖြစ်တဲ့ နန်းမွေစံက အယူခံဝင်မယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
2019-06-15
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှု ဥယျာဉ်မြို့တော်မှာ Marijuana ဆေးခြောက်ပင်တွေ စိုက်ပျိုး ခဲ့တယ်ဆိုပြီး မူးယစ်ဆေးဝါးမှုနဲ့ မြင်းခြံထောင်မှာ ဖမ်းဆီးခံနေရတဲ့ အမေရိကနု်နိုင်ငံသား John Todoroki ဂျွန် တိုဒိုရိုးကီရဲ့ ဇနီး Ann Todoroki အန်း တိုဒိုရိုးကီ က မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရ ခေါင်းဆောင်တွေထံ မေတ္တာရပ်ခံစာတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
2019-06-14
EU ဥရောပသမဂ္ဂ နဲ့ မြန်မာအစိုးရအကြား လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်မှာ မနေ့က ကျင်းပခဲ့ရာမှာ EU က မြန်မာနိုင်ငံကို လက်ရှိပေးအပ်ထားတဲ့ အခွန်ကင်းလွတ်ခွင့် EBA ဆက်လက်ပေးအပ်ရေးကိစ္စနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2019-06-14
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှုဟာ ဂယက်အရိုက်ခတ်ဆုံး ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ လူတစ်ဦးချင်းဝင်ငွေကို အခြေခံပြီး မီတာခနှုန်းထားပြောင်းလဲသတ်မှတ်ဖို့ အစီအစဉ်တစ်ခု ပြင်ဆင်ထားတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
2019-06-14
ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA ကချင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေထပ်ဖြစ်လာခဲ့တာ ဇွန်လ ၉ ရက်နေ့က ၈ နှစ် ပြည့်သွားခဲ့ပါပြီ။