သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-18
ငွေစက္ကူ အဓိက သုံးစွဲနေတဲ့ မြန်မာနိုင်ငံမှာ အကြွေးကဒ် စနစ် အပြည့်အ၀ ထူထောင်နိုင်ဖို့ သုံးနှစ်ကနေ ငါးနှစ် အထိ အချိန်ယူရလိမ့်မယ်လို့ Visa International အကြွေးကဒ် ကုမ္ပဏီ ကပြောပါတယ်။
2013-08-18
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိက မီးဖိုချောင်သုံး စားကုန်ဖြစ်တဲ့ကို မြန်မာနိုင်ငံကနေ တင်သွင်းဖို့ စီစဉ်နေပါတယ်။ ကြက်သွန်နီကို အိန္ဒိယနိုင်ငံကနေ တင်သွင်းနေရာ မှာ ဈေးနှုန်းကြီးမြင့်လာနေတဲ့အတွက် မြန်မာနိုင်ငံကနေ တင်သွင်းဖို့ စီစဉ်တာဖြစ်ပါတယ်။
2013-08-18
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ကန့်ကွက်ကြောင်း စာတန်းပါတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
2013-08-18
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ အပါအဝင် သယံဇာတတွေ ရောင်းချတာကနေရရှိတဲ့ အကျိုးအမြတ်တွေကို ရခိုင်တိုင်းရင်းသားတွေလည်း အကျိုးခံစားခွင့်ရှိဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဦးဆောင်ပြီး ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်မှာ ဒီနေ့စတင်ပြီး ထောက်ခံလက်မှတ်တွေ လိုက်လံကောက်ခံနေပါတယ်။
2013-08-18
ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ သံဃာတော်တွေ ပါဝင် ထိန်းသိမ်းပေးတာနဲ့ ပတ်သက်ပြီး ပြည်ပမီဒီယာတွေမှာ ဝေဖန်တာတွေရှိတဲ့အတွက် သံဃာတွေအနေနဲ့ နောက်ကွယ်ကသာ အစိုးရနဲ့ ပူးပေါင်းပြီး ဝိုင်းဝန်းကူညီပေးဖို့ သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်က ရခိုင်ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို လျှောက်ထားလိုက်ပါတယ်။
2013-08-18
နိုင်ငံရေး လှုပ်ရှားမှုနဲ့ ဖမ်းဆီးခံရပြီး ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတဲ့ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်က ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ကိုဇင်လင်းအောင်တို့ကို သက်ဆိုင်ရာက ကျောင်းပြန်လည် တက်ရောက်ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။
2013-08-18
အခုတစ်ပတ် တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးခဲ့ကြတဲ့အကြောင်းနဲ့ စပ်လျဉ်းပြီး အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်းက စီစဉ်ထုတ်လွှင့်ထားပါတယ်။ ဧည့်သည်တော်များအဖြစ် အာရှ လူ့ အခွင့်အရေး ကော်မရှင် မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံ ရှေ့နေ ဦးမင်းလွင်ဦး နဲ့ ဘားမား တူဒေး အင်တာနက် သတင်းစာ အယ်ဒီတာ ဦးမြင့်လှိုင် တို့ ပါဝင်ဆွေးနွေးထားပါတယ်။
2013-08-18
ထိုင်းနိုင်ငံမဲဆောက်မြို့မှာ အခြေစိုက်ပြီး မြန်မာနိုင်ငံသား ဒုက္ခသည်တွေရဲ့ ကျန်းမာရေးကိုပြုစုစောင့်ရှောက် ပေးနေတဲ့ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်ကို သြစတေးလျနိုင်ငံ က ဆစ်ဒနီ ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ပါတယ်။
2013-08-18
နှစ်စဉ် နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူ မင်္ဂလာဖွဲ့ပွဲကို ပြည်ပရောက် ကရင်ဒုက္ခသည်များ ဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ OKRSO က ကမကထပြုပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထိုင်း PBS ရုပ်မြင်သံကြား သတင်းဌာနပိုင်ခန်းမမှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
2013-08-17
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က စစ်ကိုင်း ရဲစခန်းရှေ့မှာ ဆန္ဒပြပြည်သူထောင်ပေါင်းများစွာ ပြစ်ခတ်သတ်ဖြတ်ခံရစဉ်က ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဦးခင်မောင်ရွှေ ရဲ့ ပြောဆိုချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2013-08-17
၆၆ နှစ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။ ကျင်းပရတဲ့အကြောင်းရင်းကို Mon Land Restoration Council မွန်ဒေသပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဌ Pong Simon ကပြောပြပါတယ်။
2013-08-17
တိုင်းရင်းသား သတင်းမီဒီယာအဖွဲ့ ၁၁ ဖွဲ့ ပါဝင်ဖွဲ့ စည်းထားတဲ့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံတကာ မြန်မာ့သတင်း Burma News International (BNI) အဖွဲ့ဝင် အယ်ဒီတာတွေဟာ သတင်းမီဒီယာဥပဒေ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၊ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ အလေးထားဆွေးနွေးခဲ့ကြပါတယ်။
2013-08-17
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်မှာရှိတဲ့ ဟုန်ရှင်း ငါးအအေးခန်းစက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၂ ဦးကို အလုပ်ပြန်ခန့်ဖို့အတွက် အလုပ်သမား ၁ဝဝ ကျော် ဒီကနေ့ ဆက်လက်ဆန္ဒပြခဲ့ကြ ပါတယ်။
2013-08-17
မတူကွဲပြားတဲ့ လူမျိုးဘာသာ ယဉ်ကျေးမှု ဓလေ့စရိုက်တွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ရည်ရွယ်ချက်နဲ့ “သင့်မြတ်သူများပွဲတော်” လို့ နာမည်ပေးထားတဲ့ ဆုတောင်းပွဲတစ်ခုကို မန္တလေးမြို့ Oriental House စားဆောက်ဆိုင်မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
2013-08-17
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တော နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ မနေ့ညနေ ပိုင်းကစပြီး စစ်တပ်က လုံခြုံရေး တိုးမြှင့်ချထားတယ် လို့ ဒေသအာဏာပိုင်တွေက RFA ကို ပြောပါတယ်။