သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-20
လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံလိုက် နာသွားမှာဖြစ်တယ် လို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
2015-07-20
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုယ်စားလှယ်လောင်း ၂၁ ယောက်ခန့် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
2015-07-20
၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ နာယက သူရ ဦးတင်ဦး တို့ဟာ တစ်ပြည်လုံးက မဲဆန္ဒနယ်မြေအတော်များများမှာ မဲဆွယ် စည်းရုံးတာတွေ လုပ်ဆောင်သွားမယ်လို့ NLD ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။
2015-07-20
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ဟာ လာမယ့်ရွေးကောက်ပွဲမှာ ကချင်၊ ရှမ်း၊ ကယားနဲ့ မန္တလေးတိုင်းတို့မှာ လွှတ်တော် ကိုယ်စားလှယ်လောင်း ၇၀ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ် လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2015-07-20
UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ထိန်းချုပ်ထားတဲ့ လူဦးရေ ၆ သိန်းရှိ နယ်မြေအတွင်း ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာ မဟုတ်ကြောင်း ဝပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့က RFA ကိုပြောပါတယ်။
2015-07-20
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က မြောင်းမြမြို့မှာ ကျင်းပခဲ့တဲ့ နတ်စင်တစ်ရာဆရာတော်ရဲ့ နယ်လှည့် စတုဒီသာအလှူပွဲမှာ လူတစ်ချို့က ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီပါတီကို မဲမပေးဖို့နဲ့ မဲပေး ရင်သာသနာအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုပြီး ပါတဲ့ စာရွက်နဲ့အခွေတွေကို ဝေငှခဲ့ပါတယ်။
2015-07-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲဝင်မယ့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးဟာ လက်ရှိ တောင်ဥက္ကလာပမြို့မ ရဲစခန်းမှာ ပုဒ်မ ၁၉ နဲ့ အမှုရင်ဆိုင်နေရပါတယ်။
2015-07-20
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁ဝ နာရီ ၃၇ မိနစ်က နယ်ချဲ့လက်ပါးစေတွေရဲ့ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့ အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အာဇာနည်တွေ ကျဆုံးခဲ့ရတာ ဒီကနေ့ ၆၈ နှစ်ပြည့်ခဲ့ပါပြီ။
2015-07-19
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချူပ် ကို လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ် ထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်တီ UPWC ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်းနဲ့ KIO ဒု-ဥက္ကဌ ဒုတိယ ဗိုလ်ချူပ်ကြီး အင်ဘန်လ တို့က ဒီနေ့ ပြောကြားလိုက်ကြပါတယ်။
2015-07-19
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ၈ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း ရေးဆွဲနိုင်ရေးအတွက် အချက်လေးချက်ကို မူတည်ပြီး ဆွေးနွေးသွားမယ်လို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ EAO’s SD က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2015-07-19
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အာဇာ နည်ကျောက်တိုင်မှာ ဒီနေ့ အာဇာနည်နေ့ မှာ ဗိုလ်ချုပ် ကြေးရုပ်စိုက်ထူဖို့အတွက် ခွင့်ပြုချက်တင်ထားတာကို ရှမ်းပြည်နယ် အစိုးရက ခွင့်မပြု ဘူးလို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာလင်းထွဏ်းက ပြောပါတယ်။
2015-07-19
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ အာဇာ နည်နေ့ အခမ်းအနားတွေ မပြုလုပ်ဖို့ ပြည် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က ဒေသန္တရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
2015-07-19
အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကို ကိုယ် စားပြုပြီး မြန်မာနိုင်ငံကို လွတ်လပ်တဲ့ ဒီမိုကရေ စီ ပြည်ထောင်စုဖြစ်အောင် ကြိုးပမ်းခဲ့တာဖြစ်တဲ့ အတွက် ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့လမ်းစဉ် မပြီးဆုံးသေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခံယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့ မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
2015-07-19
ဒီကနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် အာဇာ နည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က အာဇာနည်စိတ်ဓာတ်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်အကြောင်းတွေ ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
2015-07-19
စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ၊ ၁၇ ရက်နေ့တွေမှာ မိုးဆက်တိုက်ရွာသွန်းခဲ့ တာကြောင့် ဘုတလင်၊ ရေဦး၊ ဒီပဲယင်း၊ ကန့်ဘလူ နဲ့ ကောလင်းမြို့တွေမှာ ရေကြီးပြီး ဆည်တချို့ ကျိုးခဲ့တဲ့အတွက် ဒေသခံတွေ ရေဘေးဒုက္ခကြုံနေ ရပါတယ်။