သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-20
EPS လို့ခေါ်တဲ့ အစိုးရချင်းချိတ်ဆက်ထားတဲ့ အလုပ်သမားအသုံးပြုခွင့်စနစ်နဲ့ ကိုရီးယားနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်း အလုပ်သမား တစ်ထောင်ကျော်ဟာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိနိုင်တဲ့ စနစ်ပေါ်ပေါက်ရေးအတွက် ဆိုးလ်မြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
2017-08-20
ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင် မျိုးဝင်းဟာ စင်္ကာပူနိုင်ငံမှာ မနက်ဖြန် နှလုံးခွဲစိတ် ကုသမှုခံယူမှာဖြစ်တယ် လို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောပါတယ်။
2017-08-20
ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုမှာ နောက် ၂ ရက် အတွင်း မိုးများနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ပါတယ်။
2017-08-20
မြန်မာအသင်းနဲ့ အိမ်ရှင် မလေးရှား အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ဆီးဂိမ်း အမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အတွက် မြန်မာပရိသတ်တွေကြည့်ရှုနိုင်ဖို့ လက်မှတ်ခွဲတမ်း ၉ ထောင် နီးပါးရရှိမှာဖြစ်ပြီး လုံခြုံရေးအတွက် မလေးရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းထားတယ်လို့ မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ကိုဇော်မင်းထိုက် က ပြောပါတယ်။
2017-08-19
သြဂုတ်လ ၁၉ ရက်နေ့ည မေးပါရစေဦး အစီအစဉ် မှာ"Hip Hop၊ Underground နဲ့ သူတို့ရဲ့ ဖြတ်သန်း မှုတွေအကြောင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မသဇင် (Hip Hop အဆိုတော်၊ YAK အဖွဲ့)၊ ကိုဇွဲသက်ပိုင် (Hip Hop အဆိုတော်၊ Legendary အဖွဲ့) တို့ကဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
2017-08-19
လက်ရှိ NLD အစိုးရပြင်ဆင်ရေးဆွဲတဲ့ ၂ဝ၁၇ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဌဖြစ်တဲ့ ဝမ်းတွင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟ ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
2017-08-19
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ရဲ့ တိုက်ပွဲတွေကြောင့် နမ္မတီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြသူတွေအတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဖားကန့်ကနေ ထောက်ပံ့ရေးပစ္စည်းတွေသွားပို့တဲ့ ကချင်လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းယာဉ်တန်း တားဆီးခံခဲ့ရပါတယ်။
2017-08-19
ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿနာတွေကို ရှမ်းရိုးမစစ်ဆင်ရေးအမည်နဲ့ လာမယ့် သြဂုတ်လ ၂၁ ရက်နေ့ ဝန်းကျင်ကစပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ပြောပါတယ်။
2017-08-19
ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၈ မြို့နယ်က လူဦးရေ ၈ ထောင်ကျော်ဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
2017-08-19
ပါတီတာဝန်တွေ ရပ်နားထားတဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေအဖွ့ဲချုပ် အလုပ်အမှုဆောင်တွေနေရာမှာ လတ်တလော လုပ်ငန်းတာဝန်တွေ ဆောင်ရွက်နိုင်ဖို့အတွက် ယာယီစည်းရုံးရေးကော်မတီကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2017-08-19
ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရဖူးတဲ့ ကိုအောင်ကိုထွေး အကြောင်းကို လွတ်လပ်တဲ့အာရှအသံ RFA က မေးမြန်းရာမှာ ဖြေကြားခဲ့တာကြောင့် ကာယကံရှင်ဖြစ်သူ ကိုအောင်ကိုထွေးကို မနေ့ညက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးလိုက်ပါတယ်။
2017-08-19
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာရှိတဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံက သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက သုံးသောင်းကျော် ပြန်လည်ရရှိရေး အတွက် ကျေးရွာ ၅ ရွာက တောင်သူ ၄၀၀ ကျော်က ပေါက်မြို့နယ်မှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2017-08-19
၁၉၆၂ ခုနှစ်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးအတွက် အစိုးရဘက်က ဦးဆောင်ပြီးဆောင်ရွက်တော့မှာ မဟုတ်တော့ဘဲ ပံ့ပိုးကူညီမှုသာ ဆောင် ရွက်တော့မယ်လို့ သဘောထားပေးတာကြောင့် တည်ဆောက်ရေးလုပ်ငန်းဆွေးနွေး မှုတွေကို အသစ်ကနေ ပြန် လည်ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
2017-08-19
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုကို ဒီကနေ့ တရားရုံးမှာ စစ်ဆေးရာမှာ ဦးကိုနီရဲ့သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။
2017-08-19
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တရားရုံးမှာ မတရားသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့ တရားစွဲခံထားရတဲ့ အထဲမှာ သတင်းသမားသုံးဦးနဲ့အတူ အရပ်သား သုံးဦးလည်း ပါဝင်နေပါတယ်။