သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-30
စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် မတ်လ ၃၀ ရက် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်တဲ့ သမတသစ်နဲ့ အစိုးရသစ်ဟာ ပြည်သူလူထု အမှန်တကယ် မျှော်မှန်း တောင့်တနေတဲ့ အစိုးရတရပ် မဟုတ်ဘူးလို့ ရှုမြင် သုံးသပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။
2011-03-30
အစိုးရသစ်ကို နိုင်ငံတော်အာဏာ လွှဲပြောင်းလိုက်ပြီး လက်ရှိ စစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း ရုပ်သံသတင်းက ဒီကနေ့ မတ်လ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီအမိန့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံံဖြိုးရေးကောင်စီ ဥက္ကဋ္ဌအနေနဲ့ လက်မှတ်ရေးထိုး ကြေညာခဲ့တာ ဖြစ်ပါတယ်။
2011-03-30
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ ၄၈ နိုင်ငံဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း တိုးတက် အောင်မြင်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ အကြီးတန်း သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
2011-03-29
ဂီရိမုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ ရှေးဟောင်းစေတီကို ဒေါ်အောင်ဆန်းစုကြည် ထီးတင်
2011-03-29
၂၀၁၀ ခု ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတဲ့ ကချင်ပြည် တိုးတက်ရေးပါတီ ကေအက်စ်ပီပီ ခေါင်းဆောင် ဒေါက်တာတူးဂျာဟာ စစ်အစိုးရ ကျောထောက် နောက်ခံပြုထားတဲ့ ကြံ့ခိုင်ဖွံံ့ဖြိုးရေးပါတီထဲ ဝင်ဖို့ လျှောက်လွှာ တင်ထားတယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-03-29
ဧရာဝတီသို့ အိတ်ဖွင့်ပေးစာ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ အင်တာနက် အီးမေးလ်တွေကတဆင့် ဖြန့်ဝေနေတဲ့ စာဟာ၊ အစစ်မဟုတ် အတုဖြစ်တယ်လို့ NLD က ဒီကနေ့ မတ်လ ၂၉ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။
2011-03-29
NLD ပါတီအနေနဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ သဘာဝဘေးဒဏ်တွေ အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်လျက် ရှိတယ်လို့ ပါတီ တာဝန်ရှိသူတွေက RFA ကို မတ်လ ၂၉ ရက် ဒီကနေ့ ပြောကြားပါတယ်။
2011-03-29
မလေးရှားနိုင်ငံကတဆင့် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည်တွေအဖြစ် အမေရိကန် ပြည်ထောင်စုကို သွားရောက်မဲ့ ဒုက္ခသည် ၇၅၀ လောက်ကို အမေရိကန် အာဏာပိုင်တွေက လုံခြုံရေး အကြောင်းပြချက်နဲ့ ပြန်လည်စိစစ်ဖို့ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။
2011-03-29
သံဃာ့ တပ်ပေါင်းစု ကိုယ်စားလှယ် ရဟန်းတော်များဖြစ်ကြတဲ့ ဂျာမနီနိုင်ငံ အခြေစိုက် အရှင်သောပါကနဲ့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အရှင် ကောဝိဒ တို့ဟာ ဒီကနေ့ မတ်လ ၂၉ ရက် နံနက် ဆယ်နာရီ က Hague (ဟိတ်) မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ နယ်သာလင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ကြီးများနဲ့ မြန်မာ့ အရေးကိစ္စတွေ တနာရီခွဲကြာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
2011-03-29
ဧရာဝတီမြစ်ဆုံနဲ့ အထက်ဖက် မေခ၊ မေလိခ မြစ်ဝှမ်းမှာ ရေအားလျှပ်စစ်စီမံကိန်း ၈ ခုကို ဆက်တိုက် ဆောက်လုပ်မှာ ဖြစ်တဲ့အတွက် မြစ်ဆုံအနားတဝိုက်က ကျေးရွာတွေသာမက ဧရာဝတီမြစ်ဆုံ အထက်ဖက် ရေဝပ်ဒေသက ကျေးရွာတွေကိုပါ မြန်မာ စစ်အာဏာပိုင်တွေက ဆက်လက် ပြောင်းရွှေ့ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
2011-03-29
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်း တည်ဆောက်မဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ ပိုက်လိုင်း စီမံကိန်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ Earthrights International-ERI လို့ ခေါ်တဲ့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က မတ်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
2011-03-28
အမျိုးသားဒီမိုကရေစီရုံးချုပ်မှာ ကျင်းပခဲ့တဲ့ (၆၆) နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနား
2011-03-28
မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်မှာ သစ်ဝါးခုတ်သူ အရပ်သားတွေဆီက ငွေကောက်ပြီး (ကပစ) စက်ရုံမှူးကို ပေးနေရတဲ့ စစ်သားနှစ်ယောက်က အရပ်သား လူငယ်နှစ်ဦးဆီက ငွေတောင်းတဲ့အပြင် နှိပ်စက်တဲ့အတွက် အဲဒီလူငယ်တွေက ရဲတင်းနဲ့ ခုတ်လို့ စစ်သားတွေ သေဆုံးတဲ့ အမှုတခု၊ မတ်လ ၂၁ ရက်နေ့က ဖြစ်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-03-28
တာလေ၊ မိုင်းလင်း ဒေသက ငလျင်ဒဏ်သင့် ပြည်သူတွေကို အနီးတဝိုက် မြို့တွေက ကယ်ဆယ်ရေး ပစ္စည်းတွေ ဆက်လက် ပေးအပ်နေကြရာမှာ အများစုက စစ်တပ်အာဏာပိုင်တွေက ဖွင့်ထားတဲ့ ကယ်ဆယ်ရေး ဌာနတွေကနေတဆင့် လှူဒါန်းနေကြရပြီး တချို့ကတော့ နီးစပ်ရာ နေရာတွေကို တိုက်ရိုက် လှူဒါန်းကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
2011-03-28
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် စစ်ရေးအရ တိုက်ခိုက်နေတဲ့ စစ်အစိုးရ ကျင့်သုံးနေတဲ့ လက်ရှိမူဝါဒကို မွန်ပြည်သစ်ပါတီက လက်မခံဘူးလို့ သိရပါတယ်။