သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-17
MICA လို့ခေါ်တဲ့ မြန်မာ-အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီရဲ့ လုပ်ငန်းတွေထဲမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ရဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေတဲ့ လုပ်ငန်းတချို့ ရှိနေတယ်လို့ MICA ရဲ့ လုပ်ငန်းတွေကို စိစစ်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
2017-11-17
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို အနာဂတ်ကာလမှာ ထုတ်ဝေမယ့်ငွေစက္ကူတွေမှာ ရိုက်နှိပ်ထုတ်ဝေဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တစ်ဦးတို့က ကန့်ကွက်ခဲ့ပါတယ်။
2017-11-17
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသမှာ လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့အဖွဲ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေက သွားရောက်ဖမ်းဆီးရာမှာ လူ ၂၈ ယောက်နဲ့ သေနတ်ကျည်ဆံ ၈ တောင့်အပါအဝင် ပစ္စည်းတချို့ကို သိမ်းဆည်း ဖမ်းမိခဲ့ပါတယ်။
2017-11-17
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူထုတ်ဖို့ကိစ္စ ပြည်သူလွှတ်တော်မှာ အဆိုအောင်မြင်သွားပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ အရပ်သား ကိုယ်စားလှယ်တွေကြား အမြင်မတူတာ ရှင်းရှင်း လင်းလင်တွေ့မြင်လိုက်ရတယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။
2017-11-17
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ရှိနေသေးသလို၊ အမှုရင်ဆိုင်နေရသူက ၂၀၀ ကျော်ရှိပြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မှာလည်း ဘဝပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်နေသေးတယ်လို့ AAPP နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။
2017-11-17
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းက တရုတ်လူမျိုးပိုင် K-Won အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေက လုပ်သက်လစာတိုးပေးဖို့ တောင်းဆိုနေကြပါတယ်။
2017-11-17
အစိုးရဝန်ကြီးဌာန အာဏာပိုင်တွေအနေနဲ့ သတင်းမီဒီယာကို ပြောသင့်တာတွေပြောဖို့ ခေါင်းရှောင်နေကြတာကြောင့် နိုင်ငံအတွက် ဆုတ်ယုတ်ထိခိုက်မှုတွေဖြစ်နေတယ်လို့ ဝေဖန်သုံးသပ်ကြသူတွေ ရှိနေပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2017-11-17
မြန်မာ့တပ်မတော်က မွတ်စလင်ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ လူမျိုးတစ်စုကွယ်ပျောက်အောင် သုတ်သင်ရှင်းလင်းရေး လုပ်နေတယ်ဆိုပြီး ဝေဖန်ပြောဆိုနေတာဟာ တိုင်းပြည်အတွက် အထောက်အကူမဖြစ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကတ်သလစ်ခရစ်ယာန် သာသာပိုင်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ဒီနေ့ ပြောလိုက်ပါတယ်။
2017-11-17
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းက တရုတ်လူမျိုးပိုင် K-Won အထည်ချုပ်စက်ရုံမှာ နှစ်ရှည်အလုပ်သမားတွေက လုပ်သက်လစာတိုးပေးတဲ့ စနစ်ပြန်ထားဖို့ တောင်းဆိုနေကြပါတယ်။
2017-11-17
မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင် မိသားစုပိုင်ဆိုင်တဲ့ တော်ဝင်ဟင်္သာဟိုတယ်က ဝန်ထမ်းတွေ အနိမ့်ဆုံးအခကြေးငွေနဲ့ညီတဲ့ လုပ်ခလစာမရတာနဲ့ အချိန်ပိုကြေး အပြည့်မရတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားဦးစီးဌာနက ဒီကနေ့ ညှိနှိုင်းပြင်ဆင်ပေးလိုက်ပါတယ်။
2017-11-17
အစိုးရ၊ နိုင်ငံရေးပါတီနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်တဲ့ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ရေး သုံးပွင့်ဆိုင်အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ စတင်ကျင်းပနေပါတယ်။
2017-11-17
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်း ဝယ်နေတဲ့အဖွဲ့ကို သွားရောက်ဖမ်းဆီးချိန်မှာ ပါဝင်ခဲ့တဲ့ နန်းမားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ အသက်အန္တရာယ် ခြိမ်းခြောက် ခံနေရတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2017-11-17
ရခိုင်ပြည်နယ်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ စကားလုံးဟာ စိတ်ကူးယဉ်ဆန်တယ် လို့ ဝန်ကြီးဟောင်း ဦးရဲထွဋ်က ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်ခဲ့တဲ့ ရခိုင်အရေး စာတမ်းဖတ်ပွဲမှာ ပြောပါတယ်။
2017-11-17
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ရှေ့အနာဂတ်ကာလမှာ ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ ရိုက်နှိပ်ထုတ်ဝေ ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တဦးတို့က ကန့်ကွက်ခဲ့ပါတယ်။
2017-11-17
ချင်းပြည်နယ် ပလက်ဝမြို့မှာ ဖြစ်ပွားနေတဲ့ မြန်မာတပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေ ပေါင်းပြီး ဒီကနေ့ စားနပ်ရိက္ခာ စတင်ပေးပို့နေပြီဖြစ်ပါတယ်။